အသံတိတ်ဒဏ်ရာတွေနဲ့ ကူးခပ်ခဲ့တဲ့ ပင်လယ် ဆိုက်ကပ်ဖို့ ကမ်းမရှိတော့တဲ့အခါ အတွေးတွေ တဖျတ်ဖျတ်နဲ့ ညတွေသာ နက်သထက်နက်ခဲ့တယ်.... ကိုယ်ကိုယ်တိုင် ယုံကြည်ခဲ့တဲ့ ယုံကြည်ခြင်းတွေထဲ.... ချုပ်ရိုးတဝက်နဲ့ အနာဂတ်လဲ ဝေဒနာတွေ တနံတလျားနဲ့ ရောက်လာမယ်ထင်ရတဲ့ ဥသြသံကို စောင့်မျှော်နေတုန်းပဲ... မုန်တိုင်းတိုက်တိုင်း မွမွကြေခဲ့ရတဲ့ ဒီရင်ခွင်အတွက်တော့ မင်းဆိုတဲ့ သီချင်းသံက တိုးညှင်းနေလွန်းသလား အလွမ်းနဲ့ သောက်ခဲ့တဲ့ကော်ဖီတခွက် ခုချိန်ထိ ငါ့ကိုခါးသီး . . . . . .ရီဝေနေစေခဲ့ ဘယ်အချိန် အလှည့်ရောက်မယ် မသိပေမယ့် သတိရတိုင်း ကျိန်စာတွေရွတ်ဆိုရင်း မနက်ဖြန်မှာ အတောက်ပဆုံး ငါ လောင်ကျွမ်းလိုက်မယ်။ ။
ပြောချင်ရာပြော ရေးချင်ရာရေးဖို့