Skip to main content

Posts

Showing posts from January, 2011

သောက ကင်းစွာနေထိုင်ရေး

အတွေးခေါ်ပညာရှင် ( ဂျွန်အီးဂျစ်မဆန်) ရဲ့ သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တော့ မဟုတ်ပါဘူး။ ဆရာကြီး (J.N Ngapyinlay)ရဲ့ကျော်ကြားလှတဲ့ သင်ကြားပို့ချချက်တွေဖြစ်ပါတယ်။ အဲသည့် ၁၀ ချက်အားလုံးကို လိုက်နာနိုင်လျှင် သောကများ ကင်းဝေးစေမည့်အပြင် သင့်စိတ်ဓါတ်ကို မိုးထိအောင် မြှင့်တင်ပေးမှာဖြစ်ပါတယ် . . . . ဆယ်ချက် စလုံး မလိုက်နာနိုင်ရင်တောင်မှ ငါးချက်လောက် လိုက်နာနိုင်ရင်လည်း သောက ကင်းနိုင်ပါတယ်. . . နည်းနည်း လိုက်နာနိုင်လျှင် သောက နည်းနည်းကင်းပါတယ်. . . အပြည့်အစုံလိုက်နာနိုင်ရင်တော့ သောကဆိုတာ ဘယ်လိုလေးလဲဗျာ လို့တောင် မေးမြန်းစုံစမ်းရလိမ့်မယ် ထင်ပါတယ်. . . . သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တွေကတော့ ၁။ ပေါ်ပေါက်လာတဲ့ ပြသနာတွေကို အခက်အခဲလို့ သတ်မှတ်ပါ။ပြသနာက သင့်အတွက်အခွင့်ကောင်း မဟုတ်ပါ။ ၂။ အလုပ်တစ်ခုကို သင်အတတ်နိုင်ဆုံး ဆောင်ရွက်ပြီးတဲ့အခါ ဘယ်လိုတွေ၊ ဘယ်ပုံတွေ ဖြစ်လာမယ်ဆိုတာ ကို မတွေးပါနဲ့. . အဲသည်အလုပ်ကို မေ့ပြီး အလုပ်အသစ်ကို ဆက်လုပ်ပါ။မပီးနိုင်ရင်လဲ မေ့ပစ်ပါ။ ၃။ အလုပ်တစ်ခုခုကို လုပ်နေပါ။ သင့်ရဲ့ တစ်နေ့တွက် (၂၄) နာရီ ကို အချက်သုံးချက်နဲ့ ကုန်ပါစေ။ (၁) အစာ စား (၂) အနားယူ၊ (၃) အိပ်။ (အကျိုးမရှိသ

ပဉ္စမကမ္ဘာ ရဲ့ ပထမနတ်ဆိုး

“ငါဟာရွတ်လွှွင့်....... ငါဟာရွတ်လွှွင့်... ကိုယ့်အိမ်သို့ တစ်ခေါက် အရောက်ပြန်ဖို့......”။ အေး.... အဲဒီသီချင်းလေးလို ပင်လယ်လေးတစ်လုံး နဲ့ရွတ်လွှင့်နေတဲ့ အခါသမယလေးမှာပေါ့......။ ရှေ့ခပ်လှမ်း လှမ်းကားဂိတ်မှာ ကားပေါ်ကဆင်းလာတဲ့ကောင်.. အဲဒီကောင် သိပ်ကြောက်ဖို့ ကောင်းတဲ့ကောင်၊ ဟုတ်တယ်. ဒါနဲ့ဘေးရှိတဲ့ ပုလင်းကို ခုံအောက်အမြန်ဖွက်လို့ ဟိုလိုလို ဒီလိုလို လုပ်နေရတယ်။ အိမ်ရှေ့ရောက်မှ “အေး လာဟေ့.... ငပြည့် ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လို့လဲ။ ဟို .. ကရင်မ မင်းကိုရဲတိုင်လိုက်ပီလား။” “ဟာကွာ.. မင်းကလုပ်ပီ မင်းအတွက် အလုပ်ပါတယ် ဟေ့ရောင်ရေ...။” ထိုအခါ ကျွနုပ်မှာ လန့်သွားပီး “တော်ပါကွာ... ဟိုတစ်ခါလို မိလ္လာကျင်းတူးဖို့လား...၊ မနေ့က ကျောင်းအုပ်ကြီး ဒေါ်လှမေ အိမ်မှာ အမိုးသွားမိုးပေးထားတာ .. ငါဆင်ဖြူနှစ်စီးရှင်ဖြစ်နေပီဟ၊ ဒါကြောင့် ဘာအလုပ်မှမလုပ်ပဲ ဦးနှောက်ဆေးမယ်ဆိုပီး ပါဝါရိန်းဂျားကားတောင် ငှားထားပီးပီ။ မင်းတစ်ကယ် လူလိုရင်တော့ ကျောင်းရှေ့က ဖရဲသီးရောင်းတဲ့ ချိုလေးယောင်္ကျား ငဖြိုးကိုခေါ်.” ဒီကောင်ကတော့ ကျုပ်ကိုပြုံးစစနဲ့ ကြည့်ပီးတော့ “နေစမ်းပါဦးဟ အခုလာတာ အကြမ်းပညာ မဟုတ်ဘူး၊ အနုပညာအတွက်ကွ...။” အံမယ်.. သူကများ အနုပညာ