Skip to main content

Posts

Showing posts from April, 2011

ပိုး

ဒီလိုအချိန်မှာ ဒီလိုမျိုးစိတ်တွေလှုပ်ရှားနေတက်တာကို အပြစ်ပြောမယ်ဆိုရင်တော့ ဘတ်သီးတို့လို တောသူတောင်သားတွေက အတင်းကို အကြောက်အကန်ငြင်းရလိမ့်မယ်..... တစ်နှစ်ပတ်လုံး နွားနဲ့လူ ကွဲတယ်ရယ်မရှိပဲ အင်တိုက်အားတိုက် ဝမ်းရေးအတွက် ရှာဖွေလာခဲ့ပြီးမှ အခုလို ထွန်သိမ်းချိန်... မိုးလေကလဲ ကင်းလွတ်ချိန် တန်ဆောင်တိုင် ကာလကိုရောက်လာမှဖြင့်တော့ ရွာက ကာလသား ကာလသမီးတွေ မပြောနဲ့ ဘတ်သီးတို့လို လူပျိုသိုးတွေတောင် စိတ်တွေလှုပ်ရှားလာရတာ.... တန်ဆောင်တိုင်ကာလကို ရောက်လာမှဖြင့်တော့ ရွာရဲ့ အောင်ချမ်းသာဘုရားကြီး ဆီမီးကပ်လှူပူဇော်ပွဲ အပြင် အရပ်ဇာတ်လေးတွေလဲ ကျင်းပလေ့ရှိတော့ ရွာက ကာလသားတွေဆိုတာလဲ ဘတ်သီးအနားမှာ တဝဲဝဲလည်နဲ့ မိန်းကလေးတွေဆိုရင်လဲ ပြဇာတ်ထဲပါဖို့အရေး ဘတ်သီးကို မျက်နှာသာပေးကြချိန်ပေါ့လေ..... ရွာလူကြီးတွေကလဲ ဘတ်သီးကို အစစ အရာရာလွဲထားပြန်တော့ ဒီလိုအချိန်ရောက်လာမှဖြင့် သူတို့လေးတွေ နည်းတူ ဘတ်သီးတစ်ယောက် စိတ်တွေလှုပ်ရှား လာတက်တာ မဆန်းဘူးပြောရမှာ... ဒီအချိန်ရောက်မှလဲ မိန်းကလေးတွေနားကို ကပ်ခွင့်ရှိပြန်တာလေ.... အရင်နှစ်တွေကဆို ယိမ်းတွေကိုတောင် ဘတ်သီးကိုယ်တိုင် တိုက်ပေးတာပေါ့... ဘတ်သီးဘဝက ဒီလိုအချိန်ကြမှ စိုပြေလာတက်တာ...

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

ရှင်လျက်နဲ့တင်ဆက်ကြသူများ

လူဆိုတာသေမျိုးတွေပဲလို့ သိထားပေမယ့် အခုလိုချစ်ခင်ရင်းနှီးတဲ့လူတစ်ယောက် ရုတ်တရက် ဆုံးပါးသွားတာကို ဘတ်သီးဖြေလို့မရဖြစ်နေမိတယ်....။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့အပြင် စာရေးဖော် ကဗျာရေးဖော်လဲဖြစ်နေတော့ ပိုခံစားနေရတယ်လေ.... ။။။ အခုဆုံးသွားတဲ့ ငဖြိုးဆိုတာက ဘတ်သီးရဲ့ အချစ်ဆုံးသူငယ်ချင်း.... ငယ်ငယ်ထဲကပေါင်းလာတဲ့အပြင် စာရေးစာဖက်ဝါသနာကလဲ တူနေပြန်တော့ အခုထိကိုအတွဲညီညီ နေလာနိုင်ခဲ့တာလေ...။ ငဖြိုးက ဆေးပညာပေးစာအုပ်တစ်အုပ်မှာ ပွေးပျောက်နည်း လမ်းညွှန်ဆောင်းပါးတစ်ပုဒ်..... နောက်ပြီး... လမ်းပေါ်က အမှိုက်ပုံကြီး မြင်မကောင်းပါဆိုတဲ့... ဝေဖန်ရေး တစ်ပုဒ်ဖော်ပြခံရတဲ့အထိ ဘတ်သီးရဲ့ စာတွေကို ဘယ်ကမှ မဖော်ပြသေးတော့ စိတ်ဓါတ်ကျနေချိန် ဘေးကနေ အားပေးခဲ့တဲ့ သူငယ်ချင်းလဲ ဖြစ်နေတော့ အခုလိုသူဆုံးပါးသွားချိန် သိပ်ကိုနှမြောမိနေတယ်.....။။ သူငယ်ချင်းအတွက် အမှတ်တရလေးတစ်ခုလောက် လုပ်ပေးချင်ပေမယ့် သူ့ရဲ့အဘိုး.... အနုပညာကိုမခံစားတက်သူကြီးက စိတ်ကသိပ်ရှည်တာမဟုတ်... အရင်ထဲက စာတွေရေးကဗျာတွေရေးနေတာကို သိပ်ကြိုက်တာမဟုတ်ဘူး.... ။ အဲတော့ အမှတ်တရတောင်လုပ်ပေးဖို့ မရဲဘူးဖြစ်နေတာ...။။။။ ‘‘ဆရာ......... ဆရာ ဘတ်သီး... ဆရာရှိပါလား.........’’ ။ အိမ

ငပျင်းလေး နှင့် တပတ်စာ သံသရာ

MONDAY  မနေ့က တနင်္ဂနွေနေ့ ပိတ်ရက် နားထားထာကြောင့် ဒီနေ့ သိပ်အလုပ်မလုပ်ချင်သေး၊ နားထားတဲ့အရှိန်ကြောင့် ပျင်းနေသေးသည်။ TUESDAY ဒီနေ့ အင်္ဂါနေ့၊ မနေ့က အပျင်းထူနေတာများတော့ ဒီနေ့တော့ နည်းနည်းပါးပါးလုပ်ရင် ကောင်းမလား။ ရသလောက်တော့ ပျင်းချင်နေသေးသည်။ WEDNESDAY နှစ်ရက်တောင် အလုပ်လုပ်ပီးပီဆိုတော့ နည်းနည်းပင်ပန်းနေသလိုပဲ၊ ဒီနေ့တော့ နားနားနေနေလုပ်မှပါ။ THURSDAY မနက်ဖြန် သောကြာနေ့ဆိုတော့ ဟိုကောင်တွေက ကောင်းကောင်း အလုပ်မလုပ်ချင်ကြတော့ဘူး။ တယောက်တည်း အကုန်လိုက်လုပ်နေရရင် မလွယ်ဘူး။ လုပ်နိုင်သလောက်ပဲ လုပ်မယ်။ FRIDAY ဟေး . . . ဒီနေ့သောကြာရောက်ပီ မနက်ဖြန်ဆိုရုံးပိတ်တော့မယ်။ မနက်ဖြန် ပိတ်ရက်ဆိုတော့ ဒီနေ့ အလုပ်လုပ်ရတာ သိပ်စိတ်မပါသလိုပဲ၊ အလုပ်ထဲ အာရုံစိုက်လို့မရဘူးဖြစ်နေတယ်။ SATURDAY အိပ်တာမှ မကြာသေးဘူး နေ့လည်တောင် ဖြစ်နေပါပေါ့လား။ တခုခု စားပီး ပြန်နှပ်ဦးမှပါ။ တပတ်လုံး အလုပ်လုပ်ထားတာဆိုတော့လဲ နားသင့်ပါတယ်လေ..။ SUNDAY ဆန်းဒေးတောင် ရောက်ပါပေါ့လား၊ အချိန်တွေ ကုန်တာကလဲ မြန်လိုက်တာ။ ဂျီတော့မှာတောင် ကောင်းကောင်း မကြူရသေးဘူး။  facebook မှာလဲ  ကောင်မလေးလှလှတွေတောင် မရှာရသေးဘူး။ နားရတဲ့ ၂ရက်ကလဲ နည်းလိုက်တာ။ မနက်ဖြ