အသံတိတ်ဒဏ်ရာတွေနဲ့ ကူးခပ်ခဲ့တဲ့ ပင်လယ်
ဆိုက်ကပ်ဖို့ ကမ်းမရှိတော့တဲ့အခါ အတွေးတွေ တဖျတ်ဖျတ်နဲ့
ညတွေသာ နက်သထက်နက်ခဲ့တယ်....
ကိုယ်ကိုယ်တိုင် ယုံကြည်ခဲ့တဲ့ ယုံကြည်ခြင်းတွေထဲ....
ချုပ်ရိုးတဝက်နဲ့ အနာဂတ်လဲ ဝေဒနာတွေ တနံတလျားနဲ့
ရောက်လာမယ်ထင်ရတဲ့ ဥသြသံကို စောင့်မျှော်နေတုန်းပဲ...
မုန်တိုင်းတိုက်တိုင်း မွမွကြေခဲ့ရတဲ့ ဒီရင်ခွင်အတွက်တော့
မင်းဆိုတဲ့ သီချင်းသံက တိုးညှင်းနေလွန်းသလား
အလွမ်းနဲ့ သောက်ခဲ့တဲ့ကော်ဖီတခွက်
ခုချိန်ထိ ငါ့ကိုခါးသီး . . . . . .ရီဝေနေစေခဲ့
ဘယ်အချိန် အလှည့်ရောက်မယ် မသိပေမယ့်
သတိရတိုင်း ကျိန်စာတွေရွတ်ဆိုရင်း
မနက်ဖြန်မှာ အတောက်ပဆုံး ငါ လောင်ကျွမ်းလိုက်မယ်။ ။
Comments
Post a Comment