Skip to main content

Posts

Showing posts from February, 2011

ကိုယ့်အတွေးနဲ့ကိုယ်

‘‘ ဟယ်လို............. ဟယ်လို......... ’’ ‘‘ အေး..... မောင်ဘတ်သီးလား........ ငါပါကွ...... ကူမားရ်လေ..........’’ ‘‘ ေဩာ်..... ဟုတ်ကဲ့ လေးလေး ဘာဖြစ်လို့လဲ ပြောလေ ...’’ ‘‘ အေး..... မင်းကြီးတော် အသဲအသန် ဖြစ်နေတယ်ကွ...... အဲဒါ မင်းကိုမေးနေတာ မင်းအမြန်ဆုံး လာခဲ့ စေချင်တယ်ကွာ............. ’’ ‘‘ ဟုတ်ကဲ့..... ကောင်းပါပြီ...... ကျနော် အမြန်ဆုံးလာခဲ့ပါ့မယ်.............’’ ဟိုဘက်က ဖုန်းချသွားတာနဲ့ ကားတစီးငှားလို့ အဝေးပြေးဝင်းထဲမှာ ကားလက်မှတ်ဖြတ် ပြီး အိမ်ကိုပြန်လာလိုက်တယ်.................။ ကားစထွက်တော့ လမ်းဘေးဝဲယာကို ငေးရင်း အော်............. ငယ်ငယ်က ဇာတိမြေကို ပြန်သွားနေရတာ ပါလားဆိုတဲ့ အသိက ရင်မှာ ကြည်နူးသလိုတော့ ရှိသား.............။ ဲ့ အခုနေမကောင်းဖြစ်နေတဲ့ ဒေါ်ခါတဘီ ဆိုတာက ဘတ်သီးတို့နဲ့ ဆွေမျိုးနီးစပ် တော်တာရယ်...... သားတွေရှိပေမယ့် အခုသူတို့အိမ်ထောင်တွေသာ ကျသွားကြတယ်.. ဒေါ်ခါတဘီကို ပြန်ကြည့်နိုင်တာ မဟုတ်ဘူးရယ်... သူကလဲ အရင်ကအတွင်းပစ္စည်းတွေ တော်တော်ရှိတယ်ပြေတာပဲ... အဲဒါလေးတွေကို ဖဲ့ဖဲ့ပီး ရောင်းလာလိုက်တာ ဘတ်သီးတို့တစ်သက်ပေါ့......။ သူ့သားအငယ်ကောင် ရမ်ကယားကိုမွေးပြီးတော့ သူ့ယောကျ်ားဆုံးတယ်လေ.. အ

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ