ဒီလောက်ဆို လင်းလောက်ပြီ ထင်ခဲ့တာ။ ဆီကုန်သွားလည်း မီးမငြိမ်းအောင် ဆက်လောင်ခဲ့တယ်၊ နောက်ဆုံးတော့ လောင်စာ ဘယ်ဟာလဲ မသိတော့ဘူး။ အလင်းကတော့ ရှိနေသေးတယ်၊ အပူကပဲ ပိုများလာတာ။ တခါတလေ ငြိမ်းလိုက်ရင် ကောင်းမလား တွေးမိတယ်၊ ပြီးတော့ အမှောင်ကို မခံနိုင်မယ့်သူတယောက်ကို သတိရပြန်တယ်။ ဒီလိုနဲ့ပဲ ပြာတွေကို မမြင်ရသလိုမျိုး အလင်းတွေ ဆက်လောင်နေဦးမယ်။ မီးငြိမ်းသွားတဲ့အခါမှပဲ ဘယ်လောက်လောင်ခဲ့လဲ သိရမယ်ထင်တယ်။
တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။ ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ...