Skip to main content

Posts

မနေနိုင်လို့ရေးတဲ့စာ

တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။   ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ စိုလိုတဲ
Recent posts

ပြာဖြစ်သွားသော စိန်

မြစ်ပြင်အား ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးကို တဝရှုသွင်းရင်း ဘေး၌ရှိသော သစ်သားခုံလေးပေါ်၌ ထိုင်လိုက်၏။ ပတ်ဝန်းကျင်တစ်ခွင်လုံးကား တိတ်ဆိတ်ငြိမ်သက်နေ၏။ တစ်ခါတစ်ရံ အရှေ့ကားလမ်းပေါ်မှ ဖြတ်သန်းသွားသော ကားအချို့ကြောင့် ပတ်ဝန်းကျင်မှာ ဆူဆူညံညံ အသက်ဝင်လာသကဲ့သို့ ရှိသော်လည်း ကားလွန်သွားသည် နှင့်တစ်ပြိုင်နက် ပြန်လည်ကာ တိတ်ဆိတ်ငြိမ်သက် သွားပြန်လေတော့သည်......။ ကျွနု်ပ်သည် ခြံဝင်းအတွင်း၌ ပေါက်နေသော သစ်ပင်ပန်းမန်များ၏ အလှကိုကြည်နူးစွာ ခံစားရင်း ဒီခြံလေးကို ပြောင်းလာတာ မှန်တယ်လို့ ကိုယ့်ကိုကိုယ် ချီးကျူးနေမိသေးတယ်...။ ကိုယ်တတ်သိနားလည်ထားတဲ့ စာပေပညာနဲ့ ပရိတ်သတ်ကို အကျိုးပြုမယ်ဟဲ့လို့ မတန်မရာတွေးပြီး ... စာရေးဆရာတွေဆိုတာ အာရုံတွေ အမြဲလန်းဆန်းနေဖို့ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခုပြောင်းရမယ် ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ လူအထင်ကြီးလဲ မနဲဘူးဆိုပြီး ဒီကိုရောက်လာတာပဲဗျို့...။ ဒီနေ့မနက်ထတော့ ညကအရှိန်နဲ့ လူတစ်ကိုယ်လုံး မလှုပ်ချင်ဖြစ်နေ... စာရေးရမယ့် တာဝန်ကလဲရှိသေးတယ်... ဒီတော့ကာ အရက်နာကျတာကို အရက်နဲ့ ပြန်တိုက်ရသင့်တယ်လို့ တွေးမိတယ်...။ အဟေး... နိုင်ငံရေးသမားတွေ အပြောလေးနဲ့ဆိုရင်တော့ ပူးသတ်တယ်ဆိုလားပဲ....။ ခက်တ

တို့တစ်ရွာလုံးမှာဒီလူချည်း

တစ်ခုသော မိုးရာသီ မိုးလေးများဖွဲဖွဲ ကျဆင်းနေသော ကာလတွင် ခနော်နီခနော်နဲ့ ဝါးတဲလေးအတွင်း၌ ဆေးပေါ့လိပ်အတို တစ်လိပ်ကို အပြင်းအထန်ရှုရှိုက်ကာ ကျနော်တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိ၏။ ထိုသို့တောင်စဉ်ရေမရ တွေးတောရင်း အကြည့်များက နံရံဆီသို့ ရောက်မိချိန်.... ္ဒ'ပညာရွှေအိုး လူမခိုး ´ `ဗဟုသုတ ရှာဖွေကြ ´ `စာမဖတ်သောသူ အကန်းနှင့်တူ´။ ဟူသော ကျနော်ကိုယ်တိုင် ရေးသားချိတ်ဆွဲထားသည့် စာများအားဖတ်မိလေရာ ပိုမိုစိတ်ထိခိုက် ကြေကွဲရ ပေတော့သည်။ အမှန်တစ်ကယ် ဆိုရမည်ဆိုလျှင် ကျုပ်မှာ ပညာဗဟုသုတ ကိုလွန်စွာလိုလား တောင့်တသူ ဖြစ်ပေရာ ရသမျှ အသိပညာအတတ်ပညာ တို့အားအစွမ်းကုန် ရှာမှီးမည် စိတ်ရည်သန်ရင်း အိမ်တွင်းအောင်း၍ စာဖတ်ခြင်း အလုပ်တစ်ခုကိုသာ လုပ်နေခဲ့သည်မှာ ရက်အတော်ကြာခဲ့ လေပြီ။ သို့သော်လည်း ယနေ့အချိန်ထိ မိမိကိုယ်တိုင် အသိပညာတိုးလာသည် ဟူ၍ မထင်မိပဲ တစ်စုံတစ်ခု လိုနေသေးသကဲ့သို့ ခံစားနေမိရာ ဘာဖြစ်မှန်းကို ကိုယ်တိုင်သော်လည်း မသိ.. ဟိုလိုလို ဒီလိုလိုနှင့်သာ အချိန်ကုန် မျက်မှန်ပါဝါ တက်လာခြင်းသာ အဖက်တင်နေတော့သည်...။ အသိပညာ မတိုးလာသော်ငြား ရှိသမျှ ကြေငြာ အပေါင်းကို မဂ္ဂဇင်းများကြောင့် ဒေါင်းဒေါင်းပြေး အလွတ်ရနေတော့၏။ သည်ကနေ့တော့

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်ကားကို ကိ

ပိုး

ဒီလိုအချိန်မှာ ဒီလိုမျိုးစိတ်တွေလှုပ်ရှားနေတက်တာကို အပြစ်ပြောမယ်ဆိုရင်တော့ ဘတ်သီးတို့လို တောသူတောင်သားတွေက အတင်းကို အကြောက်အကန်ငြင်းရလိမ့်မယ်..... တစ်နှစ်ပတ်လုံး နွားနဲ့လူ ကွဲတယ်ရယ်မရှိပဲ အင်တိုက်အားတိုက် ဝမ်းရေးအတွက် ရှာဖွေလာခဲ့ပြီးမှ အခုလို ထွန်သိမ်းချိန်... မိုးလေကလဲ ကင်းလွတ်ချိန် တန်ဆောင်တိုင် ကာလကိုရောက်လာမှဖြင့်တော့ ရွာက ကာလသား ကာလသမီးတွေ မပြောနဲ့ ဘတ်သီးတို့လို လူပျိုသိုးတွေတောင် စိတ်တွေလှုပ်ရှားလာရတာ.... တန်ဆောင်တိုင်ကာလကို ရောက်လာမှဖြင့်တော့ ရွာရဲ့ အောင်ချမ်းသာဘုရားကြီး ဆီမီးကပ်လှူပူဇော်ပွဲ အပြင် အရပ်ဇာတ်လေးတွေလဲ ကျင်းပလေ့ရှိတော့ ရွာက ကာလသားတွေဆိုတာလဲ ဘတ်သီးအနားမှာ တဝဲဝဲလည်နဲ့ မိန်းကလေးတွေဆိုရင်လဲ ပြဇာတ်ထဲပါဖို့အရေး ဘတ်သီးကို မျက်နှာသာပေးကြချိန်ပေါ့လေ..... ရွာလူကြီးတွေကလဲ ဘတ်သီးကို အစစ အရာရာလွဲထားပြန်တော့ ဒီလိုအချိန်ရောက်လာမှဖြင့် သူတို့လေးတွေ နည်းတူ ဘတ်သီးတစ်ယောက် စိတ်တွေလှုပ်ရှား လာတက်တာ မဆန်းဘူးပြောရမှာ... ဒီအချိန်ရောက်မှလဲ မိန်းကလေးတွေနားကို ကပ်ခွင့်ရှိပြန်တာလေ.... အရင်နှစ်တွေကဆို ယိမ်းတွေကိုတောင် ဘတ်သီးကိုယ်တိုင် တိုက်ပေးတာပေါ့... ဘတ်သီးဘဝက ဒီလိုအချိန်ကြမှ စိုပြေလာတက်တာ...

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

ရှင်လျက်နဲ့တင်ဆက်ကြသူများ

လူဆိုတာသေမျိုးတွေပဲလို့ သိထားပေမယ့် အခုလိုချစ်ခင်ရင်းနှီးတဲ့လူတစ်ယောက် ရုတ်တရက် ဆုံးပါးသွားတာကို ဘတ်သီးဖြေလို့မရဖြစ်နေမိတယ်....။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့အပြင် စာရေးဖော် ကဗျာရေးဖော်လဲဖြစ်နေတော့ ပိုခံစားနေရတယ်လေ.... ။။။ အခုဆုံးသွားတဲ့ ငဖြိုးဆိုတာက ဘတ်သီးရဲ့ အချစ်ဆုံးသူငယ်ချင်း.... ငယ်ငယ်ထဲကပေါင်းလာတဲ့အပြင် စာရေးစာဖက်ဝါသနာကလဲ တူနေပြန်တော့ အခုထိကိုအတွဲညီညီ နေလာနိုင်ခဲ့တာလေ...။ ငဖြိုးက ဆေးပညာပေးစာအုပ်တစ်အုပ်မှာ ပွေးပျောက်နည်း လမ်းညွှန်ဆောင်းပါးတစ်ပုဒ်..... နောက်ပြီး... လမ်းပေါ်က အမှိုက်ပုံကြီး မြင်မကောင်းပါဆိုတဲ့... ဝေဖန်ရေး တစ်ပုဒ်ဖော်ပြခံရတဲ့အထိ ဘတ်သီးရဲ့ စာတွေကို ဘယ်ကမှ မဖော်ပြသေးတော့ စိတ်ဓါတ်ကျနေချိန် ဘေးကနေ အားပေးခဲ့တဲ့ သူငယ်ချင်းလဲ ဖြစ်နေတော့ အခုလိုသူဆုံးပါးသွားချိန် သိပ်ကိုနှမြောမိနေတယ်.....။။ သူငယ်ချင်းအတွက် အမှတ်တရလေးတစ်ခုလောက် လုပ်ပေးချင်ပေမယ့် သူ့ရဲ့အဘိုး.... အနုပညာကိုမခံစားတက်သူကြီးက စိတ်ကသိပ်ရှည်တာမဟုတ်... အရင်ထဲက စာတွေရေးကဗျာတွေရေးနေတာကို သိပ်ကြိုက်တာမဟုတ်ဘူး.... ။ အဲတော့ အမှတ်တရတောင်လုပ်ပေးဖို့ မရဲဘူးဖြစ်နေတာ...။။။။ ‘‘ဆရာ......... ဆရာ ဘတ်သီး... ဆရာရှိပါလား.........’’ ။ အိမ