Skip to main content

Posts

Showing posts from August, 2010

ဆုတောင်း

ငါကိုးကွယ်တဲ့ မာနကို  အမြင့်ဆုံး လွှင့်ထူထားပေမယ့် အရောင်တွေက ဖျော့နေပြီ။ အရှင့်ရဲ့နာမတော်နဲ့ ရင်ခွင်ကို ဟင်းလင်းပြင်ဖြစ်စေခဲ့တော့မလား။ ပင်လယ်ရဲ့ ငြိမ်သက်ခြင်း နောက်တကြိမ်လောက်ဖန်ဆင်းပေးပါ။ ထိရှမိတဲ့မေတ္တာတော်သွန်းလောင်းခြင်းကို ရပ်တန့်ခြင်းမပြုပါနှင့် အရှင်။ လျှပ်စီးတွေ ပြိုးပြက်လို့ပဲဖြစ်စေ ငံ့လင်သူကို ငြင်းပယ်ခြင်းမပြုလိုက်ပါနှင့်။   ငါ့အား နာကျင်သောအမှုအရာမှ ဖယ်ကွာစေပါ။ ကမ်းသောလက်ကို ရုပ်သိမ်းတော်မမူပါနှင့် အရှင်။ ကွယ်ကာတော်မူသော အတောင်တော်အောက်မှာ  နာမတော်၏ လုံခြုံခြင်းနှင့် ငါ့အား အတူရှိနေစေပါ။ ညှိုးငယ်သောနှလုံးသား နှင့် ငါ၏စိတ်ဝိဉာဉ်အား  သိမ်းပိုက်တော်မူ၍ သင်နှင့်အတူရှိနေခွင့်ကို ပေးသနားတော်မူပါ။        ။

Potato Soup for The Soul

တိုက်ချင်တာကတော့ ကြက်စွပ်ပြုတ်ပေါ့လေ၊ ငပျင်းကလဲ အမြဲပိုက်ပိုက် ပြတ်နေတာဆိုတော့ အာလူးစွပ်ပြုတ်လေးပဲတတ်နိုင်တယ်။ ကြိုက်သလောက် သောက်ကြပါ။ အခမဲ့ပါ ။ သူများတွေကိုလဲတိုက်နိုင်ပါတယ်။ နှလုံးသားအဟာရ (၁) ရွှေယုန် နဲ့ ရွှေကျား ပုံပြင်လေးတပုဒ်ပါ၊အားလုံးလဲ ကြားဖူးကြမယ် ထင်ပါတယ်။ ဟိုးရှေးရှေးတုန်းက ရွှေယုန် နဲ့ ရွှေကျား တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အတူသွား အတူစားနေကြတာပေါ့ကွယ်။ ဒီလိုနေလာရင်းနဲ့တနေ့မှာ သူတို့နေတဲ့အိမ်ကလေးမှာ မိုးယိုတာကြောင့် အိမ်မိုးဖို့ သက်ကယ်လိုလာပေါ့ကွယ်၊ ဒါနဲ့ ရွှေယုန် နဲ့ ရွှေကျား တို့ဟာ သက်ကယ်ရိတ်ဖို့ တောထဲကိုသွားရတာပေါ့။ စားစရာတွေလဲ တပါတည်း ယူလာသတဲ့၊  ဒီလိုနဲ့ တောထဲရောက်လို့ သက်ကယ်ရိတ်ကြတော့ ရွှေယုန်က အရိပ်ထဲမှာထိုင်ပြီး ရွှေကျား သက်ကယ်ရိတ်နေတာ ကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဆရာ လုပ်နေတာပေါ့၊ နေလဲ မြင့်လာ၊ ရိတ်ထားတဲ့ သက်ကယ်တွေလဲ တော်တော်ရလာတော့ ပါလာတဲ့ စားစရာတွေ စားကြရအောင်လို့ သက်ကယ်ရိတ်ရလို့ ပင်ပန်းနေတဲ့ ရွှေကျားက ပြောတော့ ရွှေယုန်က အင်း စားတာပေါ့ ၊ဒါပေမယ့် စားပြီးရင် သောက်ဖို့ ရေသွားခပ်ချေ လို့ပြောတော့ ရွှေကျားကလဲ စဉ်းစားတယ်  အင်း.. အရင်ပုံပြင်တွေမှာလဲ ငါပဲ ခံရတာ၊

ရေမရှိတဲ့ လေ

ဂြိုလ်တစ်စင်း ရယ်သံမှာ ငါဟာ ခြောက်ခြားစွာ နိုးလာရတယ်။ လရောင်က အလင်းတွေ မွန်းကြပ်စွာနဲ့ ရစ်ပတ်လို့....... သေခြင်းစီကို ငါတို့သွားတာလား ? သေခြင်းက ငါတို့စီကို လာတာလား? အဖြေမရခင် အကြွင်းသုညနဲ့ ပဲ့ထွက်ခဲ့ရပေါ့။ ရွဲ့နေတဲ့ ကမ္ဘာ တည့်ပြီးလည်တော့....... ငါပြိုလဲချိန် အမြင်တွေ မှားခဲ့တဲ့ မျက်စိကိုပိတ်ဖို့ မမီလိုက်ဘူး။ အယူအဆ အမျိုးမျိုးအတွက် လိုအပ်ချက်အမျိုးမျိုးကို ငါ့ရင်ကနေ ထုတ်ယူကြမယ်။ နှလုံးသားထဲက မောဟကြေးခွံ တစ်ချို့ကို မျက်ကွယ်ပြုလို့ ပရမ်းပတာ ကွဲဖူးတဲ့ ရင်ကို သေသပ်စွာချုပ် ပေးပြီး ငါ့ကို ထုတ်ပိုးမွမ်းမံကြမယ်။ ရှေ့ဆက်ဖို့ခက်ရင် ၁၆ ကပြန်စတက်တဲ့ ငါ... အသက်မှား ကြီးကိုဖက်တွယ်လို့ ငြိမ်နေဦးမယ်။ ငါ့မြေပုံညွန်း မဖတ်တက်သူ တစ်ချို့ ဘယ်လမ်းလျှောက် မလဲ သိချင်နေတယ်။ တစ်ချို့က ရင်ဘတ်ကျောက်စာ ရဲ့ တစ်စုံတစ်ရာသော အက္ခရာ ကို မြင်ချင်ကြတယ်။ အရေပြားအောက်က လူးလွန့်စိတ် အရောင်အမျိုးမျိုး တော်လှန်ချိန် ခြေမကသွေး မွတ်သိပ်စွာ..... နဖူး ပြန်စင်တယ်။ အရိပ်နောက်ကို လိုက်ရတော့မယ်..... ပြန်မပြောနဲ့ နားထောင်ဆိုတဲ့ အမေ... ဒီတစ်ခါ ငါ့စကားသံကို နားစွင့်နေမယ်။ မှော်ရုံတောရဲ့ လက်ခုပ်သံလို ကြေးစည်သံက ရင်ကို တစ်လှပ်လှပ် ဝင်နမ

ပဉ္စမကမ္ဘာရဲ့ ပထမနတ်ဆိုး

ရင်သို့တိုးဝင်လောင်မြိုက်သောအရာများကို  မြတ်နိုးစွာ ရင်၌ဋ္ဌာပနာမိသောအခါ ဘဝပြဋ္ဌာန်းချက်မှ ပညတ်တော်များ တာကျိုးသွားခဲ့ရတယ်။  ကြိုးတွေထဲကလွင့်ကျလာတဲ့ အက္ခရာများစွာရဲ့ ပြုစားခြင်းကိုခံခဲ့ရတယ်။  ငါပြောဖူးသလို မင်းကြားဖူးမယ့် ကျောက်စာများကို ထွင်းကြည့်ခွင့်မရှိတော့ရင် ငါသောက်မယ့်ခွက်ထဲ မိုးခါးတွေရွာချမယ်.....  လေတိုက်စားထားတဲ့ကတိတွေ  ရိုင်းစိုင်းတဲ့ မောဟတွေ  သွေးထဲကို ပြတ်ရွေ့ကြောလိုစီးမယ်။  အလင်းတွေဆိတ်သုန်း  ဘဝတွေ တလုံးပြီးတလုံး နွံနှစ်ချိန်  ဒယီးဒယိုင်နဲ့တမ်းတမိတယ်။  ကန္တာရထဲက လတစ်စင်းကိုမှ ဒီရေဖုံးသွားတော့....  အစဉ်အလာအတိုင်း ပထမမြစ်ကျဉ်းမှာတင် သောင်တင်သွားခဲ့ရတယ်။ ငါလာရာလမ်းတလျောက် လင်းခဲ့ဖူးတဲ့ တံလျှပ်တွေကို မိုင်ပေါင်းများစွာက ခိုးယူလိမ့်မယ်။  လေပြေတွေသယ်ဆောင်လာမယ့် မင်းရဲ့ ညနေခင်းပေါင်းများစွာကို  တွယ်ညှိရင်း ဘဝရဲ့ လက်ကျန်မနက်ဖြန်များအတွက် ဒီနေ့ကိုမီးတင် ရှို့လိုက်မယ်။  ဘဝရဲ့သောင်ပြင်မှာ  အလွမ်းတွေ အပုတ်အခတ် များလာပေမယ့်  ငါ့ပင်လယ်ဟာ.... အကြံကုန်နေတဲ့ ဂဌုန်တောင် ဆားမချက်ခဲ့ ပါဘူး။  A KA

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။

ပျောက်နေတဲ့ရာဇဝင်

နာရီက နောက်ပြန်လည်နေတယ် ပြင်ဆင်ချိန်မရလိုက်ဘူး။ ရင်ကို ဝင်လာတဲ့ ဓါးကိုမြင်တယ် ငါ ရှောင်လို့မရပြန်ဘူး။ ပြုတ်ကျသွားတဲ့ ငါ့မာနကိုတွေ့တယ် ပြန်ကောက်လို့ မရပြန်ဘူး။ ဆင်နေတဲ့ မင်းထောင်ချောက်ကိုတွေ့တယ် ငါ ဖယ်လို့မရပြန်ဘူး။ လှည့်ထွက်သွားတဲ့ မင်းကိုတွေ့တယ် ငါ တားလို့မရနိုင်ခဲ့ဘူး။ နာရီတွေက နောက်ပြန်လည်နေတာ ငါ.......................တွေ့လိုက်တယ် ။      ။

ဝေး

တကယ်လို့များ အချိန်တိုင်းသာ ကျဆုံးနေရရင်  ငါတို့စိုက်ပျိုးခဲ့ခြင်းတွေ ရှင်သန်နေလဲ  သေချာတဲ့ တခုခုကို စောင့်ဆိုင်းနေရသလို ရယူမှုမျိုး ငါ ပြန်ပြီး မပေးဆပ်ချင်ဘူး။   ။

မော်ဒန်လမ်းကို စလျှောက်ခြင်း.....

အခုတစ်လော ဘတ်သီး[ခေါ်] ညီညီထက် တစ်ယောက်တော်တော်ကို ဂယောက်ဂယက် ဖြစ်နေတာ။ အလုပ်မရှိ အကိုင်မရှိ.. အဲလေ အဲဒါတော့ ရှိတယ်.စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ ငြိမ်နေလို့ကို မရတာ။ အဲဒီ ဘတ်သီးဆိုတဲ့ကောင်က သိပ်ညွတ်လွယ် တိမ်းလွယ်တဲ့ကောင်။ ဘယ်လိုပြောမလဲ စစ်ကားတွေ ကြည့်ပီးပီဆို စစ်သားသိပ် ဖြစ်ချင်တာ။ အရင်ခေတ်က အခုလို တရုတ်ဖြစ်ကော်သေနပ်တွေ မရှိတော့ ဝါးခြမ်း ပြားလေးထဲ ဓာတ်ခဲအဟောင်းလေးတွေ စီထည့် သေနပ်ပေါ့နော်..။ အဲဒါလေးလွယ်ပီး ခြံထဲလျှောက်သွားနေ တာ။ ပီးရုတ်တရက် သေနပ်ကိုဖြုတ် ဘေးကအပင်ကို ပြေးကပ်လိုက်တယ်။ ခေါင်းကို တစ်ဖြည်းဖြည်းရှေ့ကို ထုတ်လို့ ချောင်းသေးတာ..။ နောက် ပါးစပ်ကနေ မောင်းတင်သလို ချက်ကလောက် ဆိုပီးအော်တယ်။ ကြည့် သိပ်တိကျတာ။ ချက်ဆိုတာက မောင်းကိုဆွဲတာ.. ကလောက်က ကျည်ဝင်သွားတဲ့ အသံနော်..။ ပီးတာနဲ့... ပစ်တယ်.... ဒ ရှို့.... အေးမရေးတက်ဘူး။ သူက ကုလားလို ပစ်တာကိုး...။ တစ်ခါတစ်လေ အသံနက်ကြီးနဲ့ ဗိုလ်ဗြုတ်ကြီး တဲ့ဟေ့.... မဆိုင်သူ မကပ်နဲ့ကွ.... ညည်းတို့ ယောင်္ကျားတွေ မုဆိုးဖို ဖြစ်သွားမယ်...ဟေး။ ဒရှို့...ဒရှို့....ကြည့်... လုပ်ပီ အော်ပုံကိုက မုဆိုးဖိုတွေစု ရွာတည်ပီး သူကြီးလုပ်မလို့လားဟင်.....။ ကန်ကလေး မူရမ်းတီး န

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ဖောက်ထွက်သူ ညီပိုပိုထက်[ထမလုံ]

ယနေ့ခေတ်၌စာပေပုံသဏ္ဍန်တို့လျင်မြန်စွာပြောင်းလဲနေပေရာ အင်တာဗျူးကဏ္ဍမှာ မပါမဖြစ် တွေ့မြင်နေရသည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် အင်တာဗျူးကောင်းတစ်ခုတင်ဆက်ရန် အားသန်နေစဉ် မျက်မှောက်ပို့စ်မော်ဒန်လောက၌ ဆရာတဆူသဖွယ်မင်းမူနေသော ညီပိုပိုထက်[ထမလုံ]နှင့် တွေ့ဆုံခွင့်ရခဲ့ပေသည်။ဆရာနေထိုင်သော သန်လျင်[GTC]ကျောင်းဝင်းထဲသို့ဝင်လိုက်သည်နှင့်ဂိတ်တဲ [ဆရာပြောသလိုဝပ်ကျင်း]အတွင်း၌ဆရာမှာဆေးပေါ့လိပ်လက်ကြားညှပ်က ကဗျာစည်းစိမ်ယစ်မူးနေပေသည်။ “အနေခက်ပြီ မေသက်ကြည် ဘိုးလီကျော်နှင့် မုန့်ပေါက်စီ၊ဘာဂျာကိုကို ပလွေတိုဒိုင်းညောင့် ဒိုင်းညောင့် အား ....အား....”။ “အေး ဒီကဗျာလေးက နိမိတ်ပုံတွေ ချိတ်ဆက်ဖောက်ပုံတွေ ကောင်းသကွာ” စသဖြင့်တစ်ဦးထဲ ရေရွတ်လျက်ရှိပေသည်။ “ဆရာ .... ဆရာ” “ဟေ .. ဒီနေ့ကျောင်းပိတ်ပါတယ်။ဘယ်သူမှမရှိပါဘူး၊မနက်ဖြန်မှလာပါ” “မဟုတ်ပါဘူး ဆရာဆီကိုလာတာပါ။ အင်တာဗျူးလေးလုပ်ချင်လို့ပါ။ စာပေအကြောင်းပေါ့ ဆရာရယ် ခွင့်ပြုပါ"။ “ေဩာ် ဒီလိုလား လာပါ၊ ရပါတယ် ကျုပ်ဖြေတာတွေ သိရတော့ မောင်ရင်တို့ ဗဟုသုတ တိုးတာပေါ့ကွယ် အဟေး..အဟေး လာလာ..." ဆရာထံမှခွင့်ပြုချက်ရသည်နှင့်မေးချင်တာတွေမေး၊ဆရာမှဖြေချင်တာတွေဖြေတာမှန်သမျှကိုစာဖ

အပင်းသွင်းခံရတဲ့ ည

ကောင်မလေးရေ သေနိုင်တဲ့လက်နက်စာရင်းမှာ မင်းအပြုံးကို တင်သွင်းမယ်။ မရူးချင်ပါနဲ့ မင်းပြောရင် ဘယ်တော့မှ.... လိုက်နာမယ်။  မြင်နေတဲ့ မျက်လုံးတွေကို မဖောက်ရဲ... ထင်နေတဲ့ ရင်ပေါ်က ခပ်ဖွဖွခြေရာတွေကို မဖျက်ရက်လို့ .............. အိပ်တန်းဝင်ငှက်တွေနဲ့ ပျံသန်းလာမယ့် အိမ်မက်ရိုင်းတွေကို ရင်မှာနားခွင့်ပြုခဲ့ရတယ်။  မင်းအတွက်ငါဟာ ပြက္ခဒိန်လှန်ဖို့နောက်ကျခဲ့ပြီဆို........  နာရီတွေကို သံပတ်ပေးခွင့်မရှိတော့ဘူးဆိုရင်...  နောက်ဘဝသစ် တမျက်နှာမှာ ဆားမပါတဲ့ ပင်လယ်တစ်စင်း...... ရွက်ကြမ်းရေကျိုမျော်လင့်ချက်တစ်ချို့ရယ် ပယောဂကင်းတဲ့ မင်းနှုတ်ခမ်းလေးရယ် ကြိုဆိုမှပဲ လောကထဲ ကိုဝင်တော့မယ်။  ဒါဟာသံသရာတလျောက် ပထမဆုံး ရွတ်တဲ့ ကဗျာလေးတစ်ပုဒ် ပါ.............  ဘယ်သူမှနောက်မကျဘူး နေဝင်ချိန်ကစောတာဆိုပေမယ့် နေမထွက်ခဲ့တဲ့ဘဝမှာ ညောင်ဦးကမ်းပါးပြိုတိုင်း ငါပါသွားရတယ်။  အခုထိတော့ ငါ့အတွက်မဟုတ်တဲ့ အပြုံးကလွဲလို့ ဗလာဆန်ဆန် ရင်ခုန်နေတုန်းပါပဲ.......................................

ဗျာဒိတ်တော်ရအလွမ်း

အိမ်မက်တွေမှာအရောင်မရှိဘူး ဆိုပေမယ့် အလင်းတွေ ဗြောင်းဆန်နေတဲ့ ဆောင်းအိမ်မက်လေး မက်ဖူးခဲ့တယ်။ အိမ်မက်ဆိုတာ မျော်လင့်ရင်ခုန်ခြင်းတွေ နားခိုရာ နေရာလေးပါ။ မျက်မမြင်တွေမှာ အိမ်မက်မရှိတော့ သူတို့ရဲ့ရင်ခုန်သံဆိုတာ ငါ့လိုကစဉ့်ကလျားနဲ့ နက္ခက်ကြမ်းတွေသိမ်းပိုက်ထားတဲ့ အိမ်မက်လွင်ပြင်က ငါ့ဇာတာဟာ တိုင်ခြေမှာ ပြားပြားဝပ်လို့။ ဒီလိုပဲခပ်မှိန်မှိန် စီးခဲ့တဲ့တောင်တန်းတွေကြားမှာ ကာလပေါ ်အလွမ်းတွေက ဖျားလိုက်ပျောက်လိုက်နဲ့။ မင်းအပြံ ုးလေး ပွင့်တဲ့ညက အိမ်မက်ထဲမှာ အလင်းသဲ့သဲ့ အက်ကြောင်းထပ် လောင်မြိုက်ခဲ့ရတယ်။ စိတ်အလိုလိုက် ခပ်ကြမ်းကြမ်းတီးခတ်ပြီး အရုဏ်တက်ခါနီးမှ အိမ်မက်တွေအမှောင်ထဲ ပြိုဆင်းသွားတယ်။ အသဲကွဲ ရှုံးနိမ့်ခြင်းဗျာဒိတ်ရတာတောင် အချစ်ကိုယုံသတဲ့။ ဒါကြောင့် မလုံမလဲနဲ့ ကိုယ့်လိပ်ပြာမသိအောင် ညဦးကပေခဲ့တဲ့စိတ်ကို အမှောင်ထဲ အရေနွှာ အရောင်တင် အသက်သွင်းကြည့်တယ်။ ရှင်သန်လာခဲ့ရင် ကောင်းကင်၊တောအုပ်၊စမ်ချောင်းဘာမှမပါတဲ့ အချစ်လေးတစ်ခုတည်ဆောက်ပြီး မင်းကိုပေးချင်တယ်။ ငါဟာ ကမ္ဘာအကြိမ်ကြိမ်ပျက်ပြီး ရှင်သန်ထမြောက်ခွင့်မရတဲ့ အပြစ်သားတစ်ယောက်လား။ ချစ်ခြင်းတွေအသက်ဝင်အောင် ငါစားမယ့်ပန်းသီးကို ကျိန်စာတိုက်လိုက်ပါ။ အပြစ်တွေပ

KL ညများ

ဟဲ့သား ထမင်းစားတော့၊ မှောင်ပြီနော် ဟင့်အင်း သား မလေးရှား သွားတော့မယ်အမေ။ ဘာတွေမေးလို့၊ပြောလို့ ဘယ်လိုဖြေသလဲ လွင့်ချင်သူ၊ လွှင့်ချင်သူ၊ လွတ်ချင်သူ၊ ညွှတ်ချင်သူ၊ ဆွတ်ချင်သူ ဝိုင်တခွက်နဲ့ မိန့်မိန့်ကြီးကြိုတဲ့ နတ်ပျိုမလေးရဲ့ အပြုံးနက်နက်အောက်မှာ အလင်းဝင်လို့ရပါတယ်။ သေချာတာ ဝိုင်ထဲမှာ KL ညတွေ စီးဝင်လည်ပတ်လို့နေတာ မသွားတတ်ရင် KOTA RAYA လို့သာပြော TAXI တိုင်းက ခုချက် ခုစားတဲ့။ ရောက်လိမ့်မယ်။ ဘဝပျောက်ရင်တော့ ဘယ်လိုပြော ဘယ်လိုရှာရမလဲ။ ကိုယ်တိုင်မသိခဲ့တဲ့ KL ည။ ဒို့ပြည်ရဲ့ မြေပုံအပိုင်းအစတွေ အဲဒီမှာ ကပ်ထားတယ်၊ အတိုအစ တွေ့ရင် ကိုယ့်ဘဝအကျိုးအပဲ့နဲ့ရောစပ်ကြည့် မုန့်ဟင်းခါးစားမယ်၊ မြန်မာလိုပြောမယ်၊ မြန်မာလိုဆိုတဲ့ ဘိုသီချင်းတွေ နားထောင်မယ်၊ ဗမာ့သွေးတံဆိပ် ကွမ်းတထုပ်ဝယ်လို့ KL ည လမ်းတွေပေါ် ပြန်တက်ကမယ်။ မျက်လုံးကို ရဲရဲဖွင့်၊ ဝင်စရာ စပါးမွှေးမရှိဘူး၊ ရှေ့ကို ဝေးဝေးကြည့်၊ ကျွံစရာ ကြမ်းပေါက် မရှိပါဘူး အလင်းတုနဲ့လမင်း၊ လပြည့်ကြယ်စုံ ကပွဲကို ပျက်ရယ်ပြုထားတဲ့ KL ည။ ပန်းဆိုးတန်း ကုက္ကိုပင်အောက်မှာထိုင်မယ်၊ မောကြီးပန်းကြီးနဲ့ အကိုရယ် ဒီFLATပေါ်မှာ ရွှေတွေရှိလား။ တခိုင်လုံး ရွှေပါ၊ လှေကားတက်၊ တဆစ်ချိုးတိုင်

သင်တကယ်ပဲ လုပ်နိုင်ပြီလား

ဖတ်ဖူးကြမှာပေါ့၊ ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်တို့၊ သင်ဘာကြောင့်ခုထိမချမ်းသာသေးတာလဲတို့လိုမျိုး တက်ကျမ်းစာအုပ်တွေ။တကယ်ရော အဲဒီစာအုပ်တွေထဲကလို အပြင်မှာရော အောင်မြင်ကြတာ ဘယ်နှယောက်လောက်များရှိပြီလဲ ????? သင်ရော တက်ကျမ်းတွေက ညွန်းသလိုမျိုး ဘယ်နှခုလောက် လိုက်လုပ်ဖူးလဲ???၊တက်ကျမ်းဆိုတာ ဖတ်လို့တော့ကောင်းသည်။ဗဟုသုတတော့ ရတာပေါ့လေ...  ဟိုတလောက ငပျင်းလဲ blog တခုမှာ တက်ကျမ်းတွေနဲ့ ပက်သက်ပီးရေးထားတာ ဖတ်လိုက်ရသေးသည်။ တက်ကျမ်းတွေဖတ်တာ ကောင်းတယ်၊ မကောင်းဘူးဆိုပီး ဆွေးနွေးထားတာတွေလဲ တွေ့ရသည်။ တက်ကျမ်းဖတ်တဲ့သူ ဘယ်နှယောက်အောင်မြင်သွားလဲတော့ ငပျင်းမသိ၊ အဲဒီတက်ကျမ်းတွေ ကိုရေးတဲ့သူတွေတော်တော်များများ အောင်မြင်သွားတာတော့ သေချာသည်။ကြိုးစားတိုင်းရော တကယ်ပဲ အောင်မြင်မှာလား??????အဲလိုသာဆိုရင်တော့ ချမ်းသာအောင်မြင်တဲ့သူတွေချည်း ဖြစ်နေတော့မှာပဲ။ လူတယောက် အောင်မြင်တယ်ဆိုတာ အဲဒီအချိန်က သူ့အနေအထား၊ပတ်ဝန်းကျင်၊လိုအပ်ချက်တွေကြောင့် ဖြစ်လာရတာ၊ ကိုယ်က အဲဒါကို သူ့အတိုင်းလိုက်လုပ်လို့အောင်မြင်နိုင်မယ်ထင်နေလား။ တခါတလေ ငပျင်း လူတွေကို အံ့သြတယ်။ဘာလို့များ အသိခေါက်ခက် အဝင်နက် နေကြရတာလဲ။ ပြောလိုက်ကြရင်တော့ လွယ်လွယ်လေးပဲ။ သူ့လို