လုပ်ငန်းခွင်တွင် အခက်အခဲ အကျပ်အတည်းတွေကနေ ရုန်းထွတ်ဖို့ခက်နေပါသလား?? သင့်အတွက် ရင်ဆိုင်ဖြေရှင်းနည်းအချို့ကို ဝေငှပေးလိုက်ပါတယ်။ ၁. မျက်လုံးမှိတ် စဉ်းစားပါ။ သင်ပြသနာတရပ်ကို စဉ်းစားသည့်အခါ မျက်လုံးမှိတ် စဉ်းစားခြင်းက သင့်ကို အာရုံ စူးစိုက်မှု ပိုအားကောင်းစေသည်။ အဘယ့်ကြောင့်ဆိုသော် သင့်မျက်လုံး ကိုဖွင့်ထားလျှင် မြင်နေရသောကြောင့် ဆုံးဖြတ်ချက်များအား ရှုပ်ထွေး ေ၀ဝါးစေသည်။ ၂. ပြသနာ၏အရင်းအမြစ် ကိုမရှာပါနှင့်။ ပြသနာ အရင်းအမြစ်ကို ရှာဖွေရန် ကြိုးစားခြင်းက သင့်လက်ရှိ အကျပ်အတည်းကို ပိုမိုခက်ခဲစေသည်။ အလုပ်အပိုလုပ်ခြင်းဟု ယူဆနိုင်သည်။ သင့်ကို လမ်းကြောင်းလွဲစေနိုင်သည်။ ၃. နေသာသလိုနေပါ။ ဤပြသာနာသည် ငါနှင့်မဆိုင်ဟု တွေးနိုင်အောင်ကြိုးစားပါ။ နေသာသလိုနေခြင်းအားဖြင့် အကျပ်အတည်းမှ လွတ်မြောက်ရာလမ်းစ အလွယ်တကူ တွေ့နိုင်သည်။ ၄. အပြစ်ရှိသူ (သို့) လွှဲချနိုင်မည့်သူကို ရှာပါ။ တစုံတယောက်ကို လွှဲချခြင်းဖြင့် သင့်အကျပ်အတည်း မှ ရုန်းထွက်နိုင်မည်ဖြစ်သည်။လွှဲချခံရမည့်သူသည် သင်ကိုယ်တိုင် မဖြစ်စေရန် သတိထားပါ။ ၅. ပြောသမျှ ယုံပါ။ ပြောသမျှ ကြားရသမျှ ကို ယုံခြင်းဖြင့်သင့်အတွက် ကိုးကား...
ပြောချင်ရာပြော ရေးချင်ရာရေးဖို့