Skip to main content

လုပ်ငန်းခွင်တွင် အခက်အခဲ အကျပ်အတည်းတွေကနေ ရုန်းထွတ်ဖို့

လုပ်ငန်းခွင်တွင် အခက်အခဲ အကျပ်အတည်းတွေကနေ ရုန်းထွတ်ဖို့ခက်နေပါသလား??
သင့်အတွက် ရင်ဆိုင်ဖြေရှင်းနည်းအချို့ကို ဝေငှပေးလိုက်ပါတယ်။
၁. မျက်လုံးမှိတ် စဉ်းစားပါ။ 
သင်ပြသနာတရပ်ကို စဉ်းစားသည့်အခါ မျက်လုံးမှိတ် စဉ်းစားခြင်းက သင့်ကို အာရုံ စူးစိုက်မှု ပိုအားကောင်းစေသည်။ အဘယ့်ကြောင့်ဆိုသော် သင့်မျက်လုံး ကိုဖွင့်ထားလျှင် မြင်နေရသောကြောင့် ဆုံးဖြတ်ချက်များအား ရှုပ်ထွေး ေ၀ဝါးစေသည်။ 
၂. ပြသနာ၏အရင်းအမြစ် ကိုမရှာပါနှင့်။ 
ပြသနာ အရင်းအမြစ်ကို ရှာဖွေရန် ကြိုးစားခြင်းက သင့်လက်ရှိ အကျပ်အတည်းကို ပိုမိုခက်ခဲစေသည်။ အလုပ်အပိုလုပ်ခြင်းဟု ယူဆနိုင်သည်။ သင့်ကို လမ်းကြောင်းလွဲစေနိုင်သည်။ 
၃. နေသာသလိုနေပါ။ 
ဤပြသာနာသည် ငါနှင့်မဆိုင်ဟု တွေးနိုင်အောင်ကြိုးစားပါ။ နေသာသလိုနေခြင်းအားဖြင့် အကျပ်အတည်းမှ လွတ်မြောက်ရာလမ်းစ အလွယ်တကူ တွေ့နိုင်သည်။ 
၄. အပြစ်ရှိသူ (သို့) လွှဲချနိုင်မည့်သူကို ရှာပါ။ 
တစုံတယောက်ကို လွှဲချခြင်းဖြင့် သင့်အကျပ်အတည်း မှ ရုန်းထွက်နိုင်မည်ဖြစ်သည်။လွှဲချခံရမည့်သူသည် သင်ကိုယ်တိုင် မဖြစ်စေရန် သတိထားပါ။
၅. ပြောသမျှ ယုံပါ။
ပြောသမျှ ကြားရသမျှ ကို ယုံခြင်းဖြင့်သင့်အတွက် ကိုးကားစရာ အချက်အလက် များရလာနိုင်သည်။အကြောင်းအရာ တခုတည်းကို ဖက်တွယ်နေစရာ မလိုတော့ပဲ သင့်အတွက် ဆင်ခြေဆင်လက် များစွာရရှိနိုင်မည်။

အထက်ပါ အချက်များမှာ အလွန်ရိုးရှင်း သောကြောင့် သင့်ကို အကျပ်အတည်း မှလွတ်မြောက်စေရန် ကောင်းစွာ အကူအညီ ပေးပါလိမ့်မည်။ 

မှတ်ချက်။ ။ ဤဆောင်းပါးအား မူရင်းစာရေးဆရာကြီး Sir J.N ngapyin ၏ How To Escape Easily စာအုပ်မှ အချို့ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ 

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။