Skip to main content

သောက ကင်းစွာနေထိုင်ရေး

အတွေးခေါ်ပညာရှင် ( ဂျွန်အီးဂျစ်မဆန်) ရဲ့ သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တော့ မဟုတ်ပါဘူး။ ဆရာကြီး (J.N Ngapyinlay)ရဲ့ကျော်ကြားလှတဲ့ သင်ကြားပို့ချချက်တွေဖြစ်ပါတယ်။ အဲသည့် ၁၀ ချက်အားလုံးကို လိုက်နာနိုင်လျှင် သောကများ ကင်းဝေးစေမည့်အပြင် သင့်စိတ်ဓါတ်ကို မိုးထိအောင် မြှင့်တင်ပေးမှာဖြစ်ပါတယ် . . . . ဆယ်ချက် စလုံး မလိုက်နာနိုင်ရင်တောင်မှ ငါးချက်လောက် လိုက်နာနိုင်ရင်လည်း သောက ကင်းနိုင်ပါတယ်. . . နည်းနည်း လိုက်နာနိုင်လျှင် သောက နည်းနည်းကင်းပါတယ်. . . အပြည့်အစုံလိုက်နာနိုင်ရင်တော့ သောကဆိုတာ ဘယ်လိုလေးလဲဗျာ လို့တောင် မေးမြန်းစုံစမ်းရလိမ့်မယ် ထင်ပါတယ်. . . .

သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တွေကတော့

၁။ ပေါ်ပေါက်လာတဲ့ ပြသနာတွေကို အခက်အခဲလို့ သတ်မှတ်ပါ။ပြသနာက သင့်အတွက်အခွင့်ကောင်း မဟုတ်ပါ။

၂။ အလုပ်တစ်ခုကို သင်အတတ်နိုင်ဆုံး ဆောင်ရွက်ပြီးတဲ့အခါ ဘယ်လိုတွေ၊ ဘယ်ပုံတွေ ဖြစ်လာမယ်ဆိုတာ ကို မတွေးပါနဲ့. . အဲသည်အလုပ်ကို မေ့ပြီး အလုပ်အသစ်ကို ဆက်လုပ်ပါ။မပီးနိုင်ရင်လဲ မေ့ပစ်ပါ။

၃။ အလုပ်တစ်ခုခုကို လုပ်နေပါ။ သင့်ရဲ့ တစ်နေ့တွက် (၂၄) နာရီ ကို အချက်သုံးချက်နဲ့ ကုန်ပါစေ။
(၁) အစာ စား
(၂) အနားယူ၊
(၃) အိပ်။
(အကျိုးမရှိသော အတွေးအခေါ်များ၊ စကား၊ အလုပ်များနှင့် အချိန်မဖြုန်းပါနှင့်)

၄။ သင်မလုပ်နိုင်သော အလုပ်အတွက်ကြောင့် ကြောင့်ကျမှု မရှိပါစေနှင့်. . . (မလုပ်နိုင်တာကိုတွေးလျှင် သောကကြီးသည်၊ လုပ်နိုင်တာကို လုပ်ပါ. . သို့မဟုတ်ပါက စိတ်ချောက်ချားမှုဖြစ်စေပါတယ်)

၅။ လေထဲတွင် တိုက်အိမ်မဆောက်ပါနှင့်။ ကုန်တိုက် သို့မဟုတ် ဟော်တယ်ဆောက်နိုင်လျှင် ပိုကောင်းသည်။

၆။ အချိန်တွေကို ဟိုရွှေ့သည်ရွှေ့မလုပ်ပါနှင့်။ ရွှေ့ရင်းကျပျောက်သွားနိုင်သည်။ ပြုတ်ကျလျှင်လဲ ကွဲသွားနိုင်သည်။

၇။ သင့်ဝမ်းနည်းခြင်းတွေ၊ သင့် စိုးရိမ်ကြောင့်ကြမှုတွေကို အခြားသူများအား ပြောပြပါ။ နားမထောင်လျှင် အတင်းဆွဲခေါ်ပြောပါ။

၈။ မနက်အိပ်ရာက နိုးနိုးခြင်း ထလိုက်ပါ. . . အိပ်ရာထဲ လဲလျောင်းနေခြင်းက တစ်နေ့တာ အလုပ်လုပ်ရန် အတွက် သင့်စိတ်အင်အားကို ကြိုတင်ဖြုန်းတီးရာ ရောက်ပါတယ်. .( ဘယ်အချိန် နိုးမလဲဆိုတာ သင့်အပေါ်မူတည်ပါတယ် )

၉။ ဘယ်အလုပ်ကို မဆို အလျင်စလိုလုပ်ပါ။ ကြိုတင်စီမံပြီးမှသာ လုပ်လျှင် အချိန်ကြာ၍ စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေနိုင်ပါတယ်. . . ကိုယ့်ကိုယ်ကို သံသယရှိလာပြီး ယုံကြည်မှုများ ပျက်စီးစေပါတယ်။ အလျင်စလို လုပ်ခြင်းဖြင့် အလုပ်မြန်မြန်ပြီးစေသည်။

၁၀။ သင်ရင်ဆိုင်နေရတဲ့ပြသနာက ကြီးနေလား . . ကြီးနေရင် သင့်စိတ်ပိုင်းမှာ တစ်ကန့်စီ၊ တစ်ပိုင်းစီ ဖြေရှင်း ရန် အားထုတ်ပါ. . . တစ်ကန့်စီ ဖြေရှင်းယူမှ ပြသနာ ထုထည် တစ်ရပ်လုံး အမြန်ပြီးစီးမှာ ဖြစ်ပါတယ်။ အကယ်၍ မပြီးစီးနိုင်လျှင် အပိုင်းစီ ဖြစ်နေသောကြောင့် လွှင့်ပစ်ရန် လွယ်ကူပေသည်။

ဤနည်းလမ်းများကို လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်ကြည့်ပါ။ အမှန်တကယ် သောကကင်းဝေးစွာ သင်နေထိုင်နိုင်ပါလိမ့်မည်။  သင့်မှာ သောကများကျန်ရှိနေသေးတယ်ဆိုရင်တော့ သင်ဟာ အထက်ပါနည်းလမ်းများကို ကောင်းစွာ သဘောမပေါက်၍သော်လည်းကောင်း မလိုက်နာ၍သော်လည်းကောင်း ဖြစ်ပေမည်။ သင်သာ သောကကြီးစွာရောက်နေသူ စိတ်ဓါတ် မြေသို့ ဘုံးဘုံးကျနေသူဖြစ်ပါက ဆရာကြီး J.N Ngapyinlay ၏ မိုးမျှော်စိတ်ဓါတ် မဟာအခေါင်မိုးပေါ်လူသား သင်တန်းကြီးသို့ တတ်ရောက်သင့်ပါကြောင်း ( အဆိုပါ သင်တန်းအကြောင်းကို အလျင်းသင့်သလို ဖေါ်ပြသွားပါမည် ) ငပျင်းလေးက ကြားဝင် အကြံကောင်းပေးလိုက်ရပါသည်။

မှတ်ချက် ။   ။ fwordmail တခုမှ ဖတ်ရသမျှကိုမှီး၍ ဆရာကြီး J.N Ngapyinlay ၏ ခွင့်ပြုချက်ဖြင့် ဖေါ်ပြပါသည်။

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...

ဖောက်ထွက်သူ ညီပိုပိုထက်[ထမလုံ]

ယနေ့ခေတ်၌စာပေပုံသဏ္ဍန်တို့လျင်မြန်စွာပြောင်းလဲနေပေရာ အင်တာဗျူးကဏ္ဍမှာ မပါမဖြစ် တွေ့မြင်နေရသည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် အင်တာဗျူးကောင်းတစ်ခုတင်ဆက်ရန် အားသန်နေစဉ် မျက်မှောက်ပို့စ်မော်ဒန်လောက၌ ဆရာတဆူသဖွယ်မင်းမူနေသော ညီပိုပိုထက်[ထမလုံ]နှင့် တွေ့ဆုံခွင့်ရခဲ့ပေသည်။ဆရာနေထိုင်သော သန်လျင်[GTC]ကျောင်းဝင်းထဲသို့ဝင်လိုက်သည်နှင့်ဂိတ်တဲ [ဆရာပြောသလိုဝပ်ကျင်း]အတွင်း၌ဆရာမှာဆေးပေါ့လိပ်လက်ကြားညှပ်က ကဗျာစည်းစိမ်ယစ်မူးနေပေသည်။ “အနေခက်ပြီ မေသက်ကြည် ဘိုးလီကျော်နှင့် မုန့်ပေါက်စီ၊ဘာဂျာကိုကို ပလွေတိုဒိုင်းညောင့် ဒိုင်းညောင့် အား ....အား....”။ “အေး ဒီကဗျာလေးက နိမိတ်ပုံတွေ ချိတ်ဆက်ဖောက်ပုံတွေ ကောင်းသကွာ” စသဖြင့်တစ်ဦးထဲ ရေရွတ်လျက်ရှိပေသည်။ “ဆရာ .... ဆရာ” “ဟေ .. ဒီနေ့ကျောင်းပိတ်ပါတယ်။ဘယ်သူမှမရှိပါဘူး၊မနက်ဖြန်မှလာပါ” “မဟုတ်ပါဘူး ဆရာဆီကိုလာတာပါ။ အင်တာဗျူးလေးလုပ်ချင်လို့ပါ။ စာပေအကြောင်းပေါ့ ဆရာရယ် ခွင့်ပြုပါ"။ “ေဩာ် ဒီလိုလား လာပါ၊ ရပါတယ် ကျုပ်ဖြေတာတွေ သိရတော့ မောင်ရင်တို့ ဗဟုသုတ တိုးတာပေါ့ကွယ် အဟေး..အဟေး လာလာ..." ဆရာထံမှခွင့်ပြုချက်ရသည်နှင့်မေးချင်တာတွေမေး၊ဆရာမှဖြေချင်တာတွေဖြေတာမှန်သမျှကိုစာဖ...