Skip to main content

ကိုယ့်အတွေးနဲ့ကိုယ်

‘‘ ဟယ်လို............. ဟယ်လို......... ’’
‘‘ အေး..... မောင်ဘတ်သီးလား........ ငါပါကွ...... ကူမားရ်လေ..........’’
‘‘ ေဩာ်..... ဟုတ်ကဲ့ လေးလေး ဘာဖြစ်လို့လဲ ပြောလေ ...’’
‘‘ အေး..... မင်းကြီးတော် အသဲအသန် ဖြစ်နေတယ်ကွ...... အဲဒါ မင်းကိုမေးနေတာ မင်းအမြန်ဆုံး လာခဲ့ စေချင်တယ်ကွာ............. ’’
‘‘ ဟုတ်ကဲ့..... ကောင်းပါပြီ...... ကျနော် အမြန်ဆုံးလာခဲ့ပါ့မယ်.............’’
ဟိုဘက်က ဖုန်းချသွားတာနဲ့ ကားတစီးငှားလို့ အဝေးပြေးဝင်းထဲမှာ ကားလက်မှတ်ဖြတ် ပြီး အိမ်ကိုပြန်လာလိုက်တယ်.................။
ကားစထွက်တော့ လမ်းဘေးဝဲယာကို ငေးရင်း အော်............. ငယ်ငယ်က ဇာတိမြေကို ပြန်သွားနေရတာ ပါလားဆိုတဲ့ အသိက ရင်မှာ ကြည်နူးသလိုတော့ ရှိသား.............။
ဲ့
အခုနေမကောင်းဖြစ်နေတဲ့ ဒေါ်ခါတဘီ ဆိုတာက ဘတ်သီးတို့နဲ့ ဆွေမျိုးနီးစပ် တော်တာရယ်...... သားတွေရှိပေမယ့် အခုသူတို့အိမ်ထောင်တွေသာ ကျသွားကြတယ်.. ဒေါ်ခါတဘီကို ပြန်ကြည့်နိုင်တာ မဟုတ်ဘူးရယ်... သူကလဲ အရင်ကအတွင်းပစ္စည်းတွေ တော်တော်ရှိတယ်ပြေတာပဲ... အဲဒါလေးတွေကို ဖဲ့ဖဲ့ပီး ရောင်းလာလိုက်တာ ဘတ်သီးတို့တစ်သက်ပေါ့......။
သူ့သားအငယ်ကောင် ရမ်ကယားကိုမွေးပြီးတော့ သူ့ယောကျ်ားဆုံးတယ်လေ.. အဲဒီကထဲက ဘာမှမလုပ်ပဲ နေလာလိုက်တာ သားတွေကို တင့်တောင်းတင့်တယ် ထားလာခဲ့တာဗျ... စေ့စေ့စပ်စပ်တော ရှိတယ်... လက်မဖွာဘူး.... အဲ.. ဒါပေမယ့် အလှူအတန်းကတော့ တော်တော်ရက်ရောတယ်....။
သူ့သားနှစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေကျကုန်တော့ သူ့မှာ အဖော်မဲ့ရျာတယ် ထင်ပါတယ်လေ...
ဘတ်သီးနဲ့ ဟိုကောင် ခေါက်ထီးဆိုတဲ့ ကောင်ရယ် ရွာထဲမှာ လိုက်ဆော့နေပီဆိုရင်
‘‘ ဟို.. နှစ်ကောင်... လာခဲ့ နေပူတယ်....’’
ဆိုပြီးတော့ အတင်းကိုသိပ်တော့တာ....။ သူ့နို့မဲမဲပိန်ပိန်ကို လှန်တိုက်ပြီးတော့ကို တိုက်တာ....။ ဘတ်သီးကတော့ ကြောက်တော့ မသောက်ချင်ဘူး မပြောရဲဘူးဗျ....။ ဟိုကောင် ခေါက်ထီးကတော့ နို့စို့ရင်း ဘေးက ပွေးဖက်တွေကို ခွာရင်းနဲ့ အိပ်ပျော်သွားတာပါပဲ......။
ပြီးတော့ ဘတ်သီးတို့ငယ်ငယ်က မုန့်ဖိုးဆိုတာမရတော့ ထမင်းကိုအဝစားကြရတာ..... ဒေါ်ခါတဘီကတော့ စိတ်လိုလက်ရ ရှိချိန်ဆိုရင်တော့ ဂျုံမှုန့်တွေကို ပုံးလေးထဲထည့်... ရေထည့်ပြီး နယ်တော့တာပါပဲ..... ဒါပေမယ့် အသက်ကကြီးလာပြီဆိုတော့ အရင်လို လက်တွေကမသန်တော့ ဘူးလေ... ဒါမျိုးဆို သူက စိတ်လက်တဆစ်ရယ်....
ကြာပါတယ်ဆိုပြီး...... ထဘီကို တိုတိုဝတ်လို့ ခြေထောက်လေးကို တချက်နှစ်ချက်ခါလိုက်ပြီး ပုံးထဲဝင် ခြေနဲ့နယ်တော့တာပါပဲ..... တစ်ခါတစ်လေ အဲလိုဝင်နယ်မှ ခြေထောက်က မပေါက်သေးတဲ့ အနာစိမ်းတွေက ပေါက်သွားတက်တာ...အဲဒါဆို ခေါက်ထီးက ဂျုံမှုန့်ကို အပြားလေးလုပ်ပြီး ကပ်းပေးလိုက်တာပဲ.....
ဟုတ်တယ်လေ..... ဘတ်သီးတို့က စားချင်တာပဲသိတယ်.. ဟိုခေါက်ထီးဆို အလစ်မှာ ဂျုံတွေကို ဝင်ဝင်နှိုက်တက်လို့ ဒေါ်ခါတဘီက တစ်ပေလောက်ရှိတဲ့ ဝါးခြမ်းလေးကိုင် ထားရတယ်ဗျ..... တစ်ခါတစ်လေ ထဘီကို ပေါင်ရင်းလောက်ထိ လှန်လိုက်ပြီးတော့ ပွေးတွေကို ဝါးခြမ်းစောင်းလေးနဲ့ ခြစ်လိုက်... ဂျုံဝင်နှိုက်တက်တဲ့ ခေါက်ထီးကို ခြောက်သလိုနဲ့ ပုံးစောင်းမှာ ဝါးခြမ်းလေးကို ခေါက်လိုက်နဲ့ ဟုတ်နေတာပါပဲ.
အဲသလိုနယ်လို့ သူစိတ်ကျေနပ်ပြီ ဆိုရင်တော့ နယ်တာနင်းတာတွေကို ရပ်လို့ .... အပြားလေးတွေလုပ်ပြီး ဖုတ်တယ်...ပြီးရင်တော့ အာလူးနဲ့ ပဲဟင်းကို ချက်လို့ ချာပါတီဆိုပြီး အဝကိုကျွေးတာ.... ခေါက်ထီးဆို ခေါင်းတောင်မဖော်ဘူး.....။
ဒီတစ်မျိုးထဲလားဆိုတော့ မဟုတ်သေးဘူးဗျ..... ဘတ်သီးတို့ရွာထဲမှာ... ပတ်စီးနေတဲ့ ချောင်းလေးတစ်ခုရှိတယ်. အဲဒီ ချောင်းလက်တက်တွေမှာ အများအားဖြင့် အိမ်သာတွေကို ဆောက်တာများတယ်.... ရေတက်ရင် ပါထားတဲ့ အီးတွေ ပါသွားရော.... ရေကျနေချိန်တော့ ရေခပ်နဲနဲပေါ့...... ။
အေး..... အဲဒီဟာတွေထဲမှာ ရေတက်တုန်းကပါလာတဲ့.... ငါးတွေကျန်ကျန်နေတာ... ဒိကောင်တွေက သူတို့ရဲ့ စားအိုးကြီးကို တွေ့ထားတော့ ရေတက်မှာတောင် ချောင်းထဲပြန်မလိုက်တော့ပဲ ဒီနားမှာတင် ဝဲနေတက်တာ ဘယ်လောက်တောင် သက်တမ်းရှိနေပီလဲဆို သူ့ခေါင်းတွေက ချေးညှိတွေ တက်လို့ အဝါရောင်တောင်ဖြစ်နေတာ.....
အဲသလို ရေကျချိန် ရောက်ပြီဆိုရင်တော့ ဒေါ်ခါတဘီက ငါးဂါလံပုံးလေးကို လည်ပင်းဖြတ်လို့ လက်မှာ တုတ်အရှည်တပ်ထားတဲ့ ဆန်ခါလေးကို ယူလို့ ခေါက်ထီးနဲ့ ဘတ်သီးကို ဦးဆောင်ပြီး ငါးဖမ်းထွက်တာ....
အိမ်သာတွေ နောက်ကိုရောက်ပြီဆိုရင်တော့ သူကမျက်စိမကောင်းတော့ ဘတ်သီးတို့က ငါးရှိမရှိကို ကြည့်ပေးရတာ..... ဒီကောင်တွေက ရေကခပ်စပ်စပ်မှာ မစင်တွေကြားထဲ ငြိမ်ပြီး စားမြုံ့ပြန်နေတာ.... အဲဒါသေချာကြည့်ရတာ... တွေ့ပြီဆိုရင်တော့ လက်ညှိုးသာထိုးပြလိုက်.... ကြီးတော်က သူ့ဆန်ခါ ရှည်ကြီးနဲ့ အသာလေးဝိုက်ပြီး ခပ်လိုက်တာ.....
ခပ်ပြီးတာနဲ့ ကုန်းပေါ်က မြက်ပင်တွေကြားထဲကို မှောက်ချလိုက်ရင် သူ့တာဝန်ပြီးပြီ... ကျန်တာက ဘတ်သီးတို့ တာဝန်ပေါ့လေ.... မြက်ပင်တွေကြားထဲ ဖျက်ဖျက်လူးနေတဲ့ ငါးတွေကို လက်နဲ့အုပ်ပြီး ဖမ်းရတာဗျ........ ဟိုကောင်ခေါက်ထီးဆို အီးတွေကို ငါးဆိုပြီး အမြဲမှားအုပ်တက်တာ.... ငါးကလဲ ခေါင်းကိုဖိထားရင် အမြီးကခတ်တော့ မျက်နှာတွေမှာ ဘာတွေလာစင်မှန်းကို မသိပါဘူး......
ဆယ်ကောင်လောက် ရပြီဆိုရင်တော့ အိမ်ပြန်လာကြပြီ...... အိမ်ရောက်ရင်တော့ ကြီးတော်က ငါးတွေကို ဇလုံကြီးထဲထည့်ပြီး ဂုတ်ချိုးသတ်လိုက်တာပဲ..... ခေါင်းကိုထုရင် အချိုပေါ့တယ်ပြောတာပဲလေ.... ဗိုက်ခွဲအူထုတ် ပြီးရင် ခေါက်ထီးကရေဆေးပေးရတယ်.... အံမယ်.... နှစ်ခါလောက် ဆေးရင်ကြီးတော်က မကြိုက်ဘူရယ်...
‘‘ ရေထဲကလာတဲ့ ငါး ရေဆေးစရာတောင်မလိုဘူး ဆိုပဲ.....’’
ငါးကိုင်နေချိန်က တည်ထားတဲ့ ရေနွေးအိုးက ပွက်ပြီဆိုရင်တော့......
‘‘ ဟဲ့...... ခေါက်ထီး..... သွားစမ်း.. ခြံနောက်က စပါးလင် သွားနှုတ်ချေ.....’’
ဆိုပြီးတော့ ခိုင်းတက်တယ်ဗျ...... အဲဒီကောင်ကလဲ ခပ်ထုံထုံရယ်..... စပါးလင်ကို မသိဘူး.. ပေတေတေ လုပ်နေရင် ကြီးတော်က သိပ်စိတ်မရှည်ဘူး.....
‘‘ ဟာ...... သေနာလေး... ဒါတောင်မသိဘူးလား...... နင့်ဦးလေးတွေ မူးပြီးပြန်လာရင် သေးထိုင်ပေါက်နေတဲ့ အပင်တွေကိုပြောတာဟဲ့.......’‘
အဲလို ပြောမှ ခေါက်ထီးတို့က သိတာ....
နှုတ်လာပြီဆိုရင်တော့ ရေတောင်မဆေးဘူး... အဖျားကနေကိုင်ပြီး ဖြောင်းဖြောင်းနဲ့ ရိုက်ခါ ဥတွေကို ထောင်းပြားလိုက်ပြီး အိုးထဲပစ်ထည့်လိုက်တာပါပဲ........
ခဏနေရင်တော့ ခုနကငါးတွေကိုပါ ပြစ်ထည့်လိုက်ပြီး ဘေးနားက စဉ့်အိုးလေးထဲက မန်ကျည်းမှည့် နဲနဲကိုယူလိုက်ပြီးတော့ ဟိုဂါလံပုံးလေးထဲ ရေထည့်ပြီး သူ့လက်မဲမဲကြီးနဲ့ နယ်တော့တာပဲ.....
ပုစွန်အကွေး.... ငါးအနွေး ဆိုသလောက်ပါပဲ.... ငါးနွေးပြီ ထင်တာနဲ့ ဆားရယ် မန်ကျည်းမှည့် ဖျော်ထားတာ တွေထည့်လို့ ငရုပ်စိမ်းလေး ခပ်လိုက်ရင် ပြီးပြီလေ.....
တစ်ယောက်ကို သုံးကောင်လောက်တော့ရတယ်ဗျ...... ချဉ်စပ်ဟင်းရည်လေးကို ရှူးခနဲ သောက်လိုက် ဟိုခေါင်းဝါကြီးကို ဗြွတ်ခနဲ စုပ်လိုက်နဲ့ ကောင်းလိုက်တာဗျာ....
ခေါက်ထီးကတော့ ငါးကိုအရိုးနဲ့ ခေါင်းပဲ ကျန်အောင် အသားတွေကို အရင်စားတယ်.... အသားတွေကုန်ပြီဆိုမှ အမြီးကနေကိုင်လို့ ခေါင်းဝါကြီးကို စုပ်တာ ဟိုဝါဝါ အညှိတွေပါ ပြောင်ရော... ပြီးတော့ တစ်ခါတစ်လေ.... ဘတ်သီး ပန်းကန်ထဲက ဟာကိုပါ နှိုက်လို့ စုပ်တက်သေးတာ... ဒါမျိုးဆို ကြီးတော်က.......
‘‘ သေနာလေး.... ငတ်ကြီးကို ကြတယ်....’’
ပြောလဲဒီကောင်က တဟီးဟီးရယ်နေတာ.......။ အခုထိ လူကြီးဖြစ်တာတောင် တစ်ခါတစ်လေ...
‘‘ ငါးခေါင်းဝါ ဟင်းချိုလေး သောက်ချင်လိုက်တာ.... ’’
ဆိုပြီး ပြောပြောနေတက်တယ်လေ......။။။။။။။
ကြီးတော် အိမ်ကိုရောက်တော့ အိပ်ယာထဲ လှဲနေရာက ပြုံးပြသေးတာ.... ဘတ်သီးလဲ အနားမှာသွားထိုင်ရင်း အားပေးရတာပေါ့.. နောက်ဆုံးအချိန်ကို စောင့်နေရသလိုပါပဲ... သိပ်တော့ အားရစရာမရှိတော့ ဘူးလေ....
ေဩာ်........ ပြောမယ့်သာပြောရတာ..... ကြီးတော် သားတွေက ဒီလိုကြတော့လဲ ပြုစုကြသား..... ချွေးမတွေက အစပေါ့လေ..... ဆိုးတယ်သာ ပြောနေကြတာ.... အခုတော့ဖြင့် သမီးအရင်းနဲ့ မခြားပါလား လို့တွေးရင်းနဲ့ ပီတိတွေဖြစ်နေတာဗျ...... ။ ကြီးတော်ကြီးများ....... တစ်ခုခု ပြောချင်မှဖြင့် ...
‘ူ‘ အမား..... အမား.... ပြောလေ... ပြောလေနဲ့.....’’
ကြည့်ရတာ ပီတိ ဖြစ်လိုက်တာဗျာ.....................။
တရက်တော့ ဘကြီးကူးမားရ်က ခေါ်ပြီး ...
‘‘ အေး.... မောင်ဘတ်သီးရေ...... မင်းကြီးတော်ကြီး...... နေမကောင်းဖြစ်ခါစ ကဆိုရင် ငါတို့တွေ ဘယ်လောက်တောင် စိုးရိမ်၇လဲ တွေးကြည့်ပေါ့ကွာ..... ငါ့မှာကလဲ... သားသမီးတွေက များ... ငွေကြေးက အဆင်မပြေတော့ ဆိုက်ကားကလဲ တစ်ရက်မထွက်ရင် အကုန်ငတ်ကုန်မှာလေ...... ရမ်ကယား ဆိုတာလဲ အဲလိုပဲပေါ့........
အေးကွာ.. အဲလိုမျိုးသူ့ အပေါ်မှာ ငါတို့တွေ အရင်ကပျက်ကွက်ခဲ့တာကို စိတ်တွေနာပြီးတော့ ငါတို့ကို မခေါ်မပြောတာ လွန်ခဲ့တဲ့ ၃ လလောက်ကပေါ့ကွာ...... သူနေမကောင်း ဖြစ်စကာဆို ငါတို့က ငွေကြေး အဆင်မပြေတော့ သူ့မှာရျိတာလေးတွေ ထုတ်ပေးပါ... ရောင်းပြီးရင် ဆေးကုမယ်ဆိုတာတောင် လက်မခံဘူး ... ငါ့အခြေအနေကိ ငါသိတယ်ဆိုပြီး..... ပေနေလိုက်တာ အခုထိပါပဲကွာ.......
သူ့မှာ... မရှိတာမဟုတ်ဘူးဟ....... ရှိကိုရှိတာ သေချာတယ်.... ငါတို့ကို စိတ်နာလို့မပြောတာ.....
ေဩာ်...... အခုမှပဲ ဘတ်သီးလဲရိပ်မိတော့တယ်..... ဒါကြောင့် ကြီးတော်ကြီးကို မခွာနှိုင်ပဲ အနားမှာ မသေခင်လေး ပစ္စည်းတွေ ထားခဲ့တဲ့ နေရာလေးသိအောင် လုပ်နေကြတာပါလား..... အော်... လောဘလောဘ..... ငါ့မှာတော့ ချီးကျူးလိုက်ရတာ... ဒင်းတို့က အသားလိုလို့ အရိုးတောင်းနေကြ တာပါလားဟေ့.........
‘‘ရှင်းရှင်း ပြောရရင်တော့ မောင်ဘတ်သီးရေ.... သူ့စီမှာ ရွှေပဲ ၃ ပိဿာရှိသေးတယ်ကွ......’’
‘‘ ဟမ်.... ဘာပြောတယ်.... ရွှေ ၃ပိဿာ.... ဟုတ်လား ဘကြီး....’’
‘‘ အေး..... ဟုတ်တယ် မောင်ဘတ်သီး... ပိုချင်သာပိုမယ်... လျော့တာတော့ မလျော့ဘူးကွ......’’
ဒီတော့ကွာ.... မင်းအနေနဲ့ သူ့ကို နားချ ပြီးရွှေတွေ ဘယ်မှာထားလဲဆိုတာကိုမေးစေချင်တယ်.... သူသေသွားတော့လဲ ဒါတွေက ဘာမှအရာဝင်တာမှ မဟုတ်တာလေ.... သူ့အတွက် အလှူလုပ်ပေး လို့ရတာပေါ့ကွာ.... အြတော့.. ရခဲ့ရင် မင်းလဲမနစ်နာရအောင် ၁ပိဿာကို မင်းကိုပေးမယ်ကွာ.........’’
‘‘ ၁ ပိဿာာာာာာာ’’
ဘတ်သီးရင်တွေတောင်တုန်သွားတယ်..... ရွှေ၁ပိဿာတဲ့.... ရွှေဆိုလို့ ရွေးစေ့လောက်တောင် မရှိတဲ့ဟာ အခုလိုကြားရတော့ ဘယ်မှာ မပျှော်ပဲရှိမလဲလေ........ ခုနက ဘတ်သီး လောဘတွေ တရားရတာတွေ ဘယ်ကိုရောက်ကုန်မှန်းတောင် မသိတော့ဘူး......
‘‘ ဟုတ်ပီလေ... ဘကြီး.... ကျုပ်ရအောင် မေးမယ်ဗျာ..... ရရင်သာ ဘကြီးတို့ ကတိတည်ပါစေနော်..... ’’
‘‘ စိတ်ချ.... မင်းသာရအောင်မေးပါ’’
နောက်ရက်ကစလို့ ကြီးတော်နားမှာ မခွာနှိင်တဲ့ လူတွေကြားမှာ မောင်ဘတ်သီး ထပ်တိုးလာပြီပေါ့....
ဘကြီးကူးမားရ် မိန်းမဆို အရင်က အိပ်ယာတွေ သန့်ရှင်းရေး လုပ်ပေးနေတယ်ထင်တာ... လုပ်ပေးသလိုနဲ့ စောင်တွေကြားထဲမှာ ဘာတွေရှိလဲ လိုက်ရှာနေတက်တာ... ရမ်ကယား မိန်းမကလဲ... ထမင်းခွံသလိုနဲ့ ပါးစပ်ထဲမှာ ရွှေသားတွေစိုက်ထားလား လိုက်စမ်းနေတော့ ဟိုကစိတ်ပေါက်ပြီး ကိုက်ထားတာ မနည်းကိုရုန်းရတယ်......
တစ်ရက်မှတော့ ကြီးတော်ကြီး အမောတွေဖောက်လာတော့ အားလုံးက အမောဖောက်တာထက် ရွှေတွေထားတဲ့ နေရာကိုပဲ မသိလိုက်မှာ စိုးရိမ်နေတာပေါ့ဗျာ....
ကြီးတော်ကြီးကတော့ မျက်လုံးလေးမှေးမှေးလေးနဲ့.... ဟိုဒီကြည့်လိုက် နှုတ်ကလဲ တရွရွနဲ့ ပြောနေတာ.. .. ဘတ်သီးတို့သေချာ နားထောင်ပေမယ့် စကားတွေက လုံးနေတော့ နားမလည်ဖြစ်နေတာ...
အမောဖောက်နေရာကနေ လက်တစ်ဘက်ကိုထောင်လာပီးတော့ လက်ညိုးလေး တစ်ချောင်း.. လက်ခလယ်လေး တစ်ချောင်း... နောက်တော့ လက်သူကြွယ်လေး တစ်ချောင်း ထောင်လာတယ်...
‘‘ ၃ ပိဿာ.... ရွှေ ၃ပိဿာကို ပြောနေတာဟဲ့......’’
ဘကြီးမိန်းမက အားရဝမ်းသာပြောတော့ ကြီးတော်ကြီးကတော့... ဘာမှဆက်မပြောတော့ပဲ ဘတ်သီးကို တွေတွေကြီးစိုက်ကြည့်နေတာ ဒါကို ဘကြီးက....
‘‘ ကဲကဲ.... အားလုံး အပြင်ကိုထွက် ငါတို့တွေရှိလို့ မပြောတာဖြစ်မယ်... ဘတ်သီးကို ပြောပြချင်တာဖြစ်မယ်...’’
သူတို့က အပြင်သာထွက်ပေးကြတာ အခန်းအပြင်ကနေ ချောင်းနေကြတာ.....
ကြီးတော်က အခန်းထဲမှာ ဘယ်သူရှိမရှိကို ဝေ့ကြည့်လိုက်သေးတယ်..... ပြီးတော့ ခုနကလို လက်သုံးချောင်း ထောင်ပြတယ်..... ဘတ်သီးကတော့ အဲဒီလက်ကလေးကို ဆုပ်ကိုင်လို့ပေါ့.....
‘‘ကြီးတော်.... ပြေလေ... ဘာပြောမှာလဲ.... ပြောပါ.. ၃ ဆိုတာ ဘာကိုပြောတာလဲ... ပြောလေ....’’
ကြည့်စမ်း... လောဘဇောတွေ ကပ်နေတော့ ဘာမှကို မမြင်တော့ပါလား... မောင်ဘတ်သီး။။။။။
ကြီးတော်ကတော့ ခေါင်းလေးကို အသာဆတ်ပြလိုက်ပြီး လက်က အိမ်ရှေ့က ပုန်းညက်ပင်ကြီးကို ထိုးပြလို့ လက်၃ ချောင်းထောင်ပြပြန်တယ်..... သိပြီ.... သိပြီ..... အိမ်ရှေ့ ပုန်းညက်ပင်ကြီးအောက်မှာ ရွှေတွေကို မြုပ်ထားတာဖြစ်မယ်.....
ဘကြီးကူးမားရ်ကလဲ.....
`
‘‘ အေး.... ဒါကြောင့် သူအားနေရင် အပင်အောက်မှာ ထိုင်ပြီးတော့ ငေးနေ တွေးနေတာဖြစ်မယ်...’’
ကြီးတော်ကတော့ ဘတ်သီးကို ထပ်ပြောချင်နေသေးပုံ ရှိတာနဲ့.....
‘‘ ကြီးတော်.... ရွှေတွေကို အပင်အောက်မှာ မြုပ်ထားတယ် ပြောတာမလား.... စိတ်ချပါ ညီတူမျှတူ ခွဲပေးပါ့မယ်......’’
ကူးမားရ် တို့ကတော့ အမေသေတာတောင် မစောင့်နိုင်ပဲ အိမ်ရှေ့အပင်အောက်မှာ စတူးနေပြီ.....
ဒါပေမယ့် ကြီးတော်က အရင်လို လက်ကို အပင်အောက်ထိုးပြလိုက် ၃ ချောင်းထောင်ပြလိုက် လုပ်ပြီး ပြောဖို့ အားယူနေတာနဲ့ ဘတ်သီး အနားကို ကပ်ပြီး နားထောင် လိုက်တယ်....
ကြီးတော်က ရှိသမျှအားအင်တွေကို အကုန်ထုတ်လို့ ကပ်နားထောင်နေတဲ့ ဘတ်သီးကို တိုးတိုးလေးပြောပြီး မီးစာကုန် ဆီခမ်းသွားတော့တယ်...
သူပြောတာကို ကြားလိုက်ရတော့ ဘတ်သီး မယုံနှိင်သလို အံ့ဩမူ့တွေ များစွာဖြစ်သွားရတယ်.... အော်.... လူတွေ..... လူတွေ.... ကိုယ့်အတွေးနဲ့ ကိုယ် ရူးနေလိုက်ကြတာများနော်....... ဘတ်သီး တော်တော်ကို စိတ်ကုန်သလို ဖြစ်သွားတယ်.........
သိပ်မကြာပါဘူး.... ကြီးတော်ဆုံးတယ် ဆိုတဲ့ သတင်းကိုကြားတော့ ရွာဦးကျောင်းဆရာတော် ကြွလာတယ်.. အိမ်ရှေ့အပင်အောက်မှာ အားကြိုးမာန်တက် တူးနေတဲ့ ညီအကိုတွေကိုတွေ့တော့ ပညာရှိပီပီ သဘောပေါက်ပြီး
‘‘ အေး....... မင်းတို့တွေ အခုတူးနေတာ ရွှေရှာတာမဟုတ်ဘူး.... အဝီစိကို ဆင်းဖို့တူးနေကြတာ... ဘယ်နှယ့် အမေတစ်ယောက်လုံး သေတာကို ဂရုမစိုက်နိုင်လောက်အောင် လောဘဇောတွေ ကပ်နေကြတာပါလား....
ဒကာမကြီးကတော့ မမြဲတဲ့ ဥစ္စာတွေကို မြဲတဲ့ ဒါနအဖြစ်ပြောင်းလို့ ကိုယ့်နောက်ပါအောင် ယူသွားနိုင်ခဲ့ပြီ...
‘‘ ဟဲ့........... ငမိုက်သားတွေ နားထောင်.... ဒကာမကြီးက မကွယ်လွန်ခင်ကထဲက သူပိုင်တဲ့ အိမ်တွေခြံတွေနဲ့ ရွှေ ၃ပိဿာကို ရောင်းပြီး ဘုရားတစ်ဆူတည်ဖို့ ဂေါပကတွေစီမှာ လှူခဲ့ပြီးသားဟဲ့.....’’
ဆရာတော်ရဲ့ စကားကိုကြားလိုက်ရတော့ ကးမားရ်တို့လူစု ဘာမှကိုမပြောနှိုင်တော့ပဲ ငြိမ်သွားတယ်... ခဏနေမှ ကူးမားရ်က သတိရသွားပြီး.....
‘‘ ဟေ့ကောင်.... ဘတ်သီး....... အမေက မင်းကို လက်တွေ ၃ ချောင်းထောင်ပြပြီးတော့.. အပင်ကြီးကို ထိုးပြလိုက်နဲ့ ဘာတွေပြောသွားတာလဲ.... ကျန်တဲ့ ပစ္စည်းတွေ မြုပ်ခဲ့တာမလား... ပြောလေ... ဘတ်သီး။။’’
ဘတ်သီးကတော့ စိတ်မသက်သာသလို အားလုံးကိုကြည့်လိုက်ပြီးတော့
‘‘ ကျုပ်ကတော့ ဒါကို သိပ်မပြောချင်ဘူး..... ဒါပေမယ့် မပြောရင်လဲ အထင်တွေလွဲကြမယ်လေ...
ဒီတော့ ... ကျုပ်ပြောပြပါမယ်.....................
ဘတ်သီးက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးတော့
‘‘ ကြီးတော်ကြီးက..... လက် ၃ ချောင်းထောင် အပင်အောက်ကို ထိုးပြပြီးတော့ ပြောသွားတာကတော့......
‘‘‘‘‘ ဘတ်သီးရေ..... ငါ့ကို အဲဒီအပင်အောက်မှာ ဂျပန် ၃ ယောက် မုဒိန်းကျင့်သွားတာ’’’’’’
A KA
အရင်က ကြားဖူးတာလေးကို ပြန်ရေးထားတာပါ............

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ

မော်ဒန်လမ်းကို စလျှောက်ခြင်း.....

အခုတစ်လော ဘတ်သီး[ခေါ်] ညီညီထက် တစ်ယောက်တော်တော်ကို ဂယောက်ဂယက် ဖြစ်နေတာ။ အလုပ်မရှိ အကိုင်မရှိ.. အဲလေ အဲဒါတော့ ရှိတယ်.စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ ငြိမ်နေလို့ကို မရတာ။ အဲဒီ ဘတ်သီးဆိုတဲ့ကောင်က သိပ်ညွတ်လွယ် တိမ်းလွယ်တဲ့ကောင်။ ဘယ်လိုပြောမလဲ စစ်ကားတွေ ကြည့်ပီးပီဆို စစ်သားသိပ် ဖြစ်ချင်တာ။ အရင်ခေတ်က အခုလို တရုတ်ဖြစ်ကော်သေနပ်တွေ မရှိတော့ ဝါးခြမ်း ပြားလေးထဲ ဓာတ်ခဲအဟောင်းလေးတွေ စီထည့် သေနပ်ပေါ့နော်..။ အဲဒါလေးလွယ်ပီး ခြံထဲလျှောက်သွားနေ တာ။ ပီးရုတ်တရက် သေနပ်ကိုဖြုတ် ဘေးကအပင်ကို ပြေးကပ်လိုက်တယ်။ ခေါင်းကို တစ်ဖြည်းဖြည်းရှေ့ကို ထုတ်လို့ ချောင်းသေးတာ..။ နောက် ပါးစပ်ကနေ မောင်းတင်သလို ချက်ကလောက် ဆိုပီးအော်တယ်။ ကြည့် သိပ်တိကျတာ။ ချက်ဆိုတာက မောင်းကိုဆွဲတာ.. ကလောက်က ကျည်ဝင်သွားတဲ့ အသံနော်..။ ပီးတာနဲ့... ပစ်တယ်.... ဒ ရှို့.... အေးမရေးတက်ဘူး။ သူက ကုလားလို ပစ်တာကိုး...။ တစ်ခါတစ်လေ အသံနက်ကြီးနဲ့ ဗိုလ်ဗြုတ်ကြီး တဲ့ဟေ့.... မဆိုင်သူ မကပ်နဲ့ကွ.... ညည်းတို့ ယောင်္ကျားတွေ မုဆိုးဖို ဖြစ်သွားမယ်...ဟေး။ ဒရှို့...ဒရှို့....ကြည့်... လုပ်ပီ အော်ပုံကိုက မုဆိုးဖိုတွေစု ရွာတည်ပီး သူကြီးလုပ်မလို့လားဟင်.....။ ကန်ကလေး မူရမ်းတီး န

ဆုတောင်း

ငါကိုးကွယ်တဲ့ မာနကို  အမြင့်ဆုံး လွှင့်ထူထားပေမယ့် အရောင်တွေက ဖျော့နေပြီ။ အရှင့်ရဲ့နာမတော်နဲ့ ရင်ခွင်ကို ဟင်းလင်းပြင်ဖြစ်စေခဲ့တော့မလား။ ပင်လယ်ရဲ့ ငြိမ်သက်ခြင်း နောက်တကြိမ်လောက်ဖန်ဆင်းပေးပါ။ ထိရှမိတဲ့မေတ္တာတော်သွန်းလောင်းခြင်းကို ရပ်တန့်ခြင်းမပြုပါနှင့် အရှင်။ လျှပ်စီးတွေ ပြိုးပြက်လို့ပဲဖြစ်စေ ငံ့လင်သူကို ငြင်းပယ်ခြင်းမပြုလိုက်ပါနှင့်။   ငါ့အား နာကျင်သောအမှုအရာမှ ဖယ်ကွာစေပါ။ ကမ်းသောလက်ကို ရုပ်သိမ်းတော်မမူပါနှင့် အရှင်။ ကွယ်ကာတော်မူသော အတောင်တော်အောက်မှာ  နာမတော်၏ လုံခြုံခြင်းနှင့် ငါ့အား အတူရှိနေစေပါ။ ညှိုးငယ်သောနှလုံးသား နှင့် ငါ၏စိတ်ဝိဉာဉ်အား  သိမ်းပိုက်တော်မူ၍ သင်နှင့်အတူရှိနေခွင့်ကို ပေးသနားတော်မူပါ။        ။