အတွေးခေါ်ပညာရှင် ( ဂျွန်အီးဂျစ်မဆန်) ရဲ့ သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တော့ မဟုတ်ပါဘူး။ ဆရာကြီး (J.N Ngapyinlay)ရဲ့ကျော်ကြားလှတဲ့ သင်ကြားပို့ချချက်တွေဖြစ်ပါတယ်။ အဲသည့် ၁၀ ချက်အားလုံးကို လိုက်နာနိုင်လျှင် သောကများ ကင်းဝေးစေမည့်အပြင် သင့်စိတ်ဓါတ်ကို မိုးထိအောင် မြှင့်တင်ပေးမှာဖြစ်ပါတယ် . . . . ဆယ်ချက် စလုံး မလိုက်နာနိုင်ရင်တောင်မှ ငါးချက်လောက် လိုက်နာနိုင်ရင်လည်း သောက ကင်းနိုင်ပါတယ်. . . နည်းနည်း လိုက်နာနိုင်လျှင် သောက နည်းနည်းကင်းပါတယ်. . . အပြည့်အစုံလိုက်နာနိုင်ရင်တော့ သောကဆိုတာ ဘယ်လိုလေးလဲဗျာ လို့တောင် မေးမြန်းစုံစမ်းရလိမ့်မယ် ထင်ပါတယ်. . . . သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တွေကတော့ ၁။ ပေါ်ပေါက်လာတဲ့ ပြသနာတွေကို အခက်အခဲလို့ သတ်မှတ်ပါ။ပြသနာက သင့်အတွက်အခွင့်ကောင်း မဟုတ်ပါ။ ၂။ အလုပ်တစ်ခုကို သင်အတတ်နိုင်ဆုံး ဆောင်ရွက်ပြီးတဲ့အခါ ဘယ်လိုတွေ၊ ဘယ်ပုံတွေ ဖြစ်လာမယ်ဆိုတာ ကို မတွေးပါနဲ့. . အဲသည်အလုပ်ကို မေ့ပြီး အလုပ်အသစ်ကို ဆက်လုပ်ပါ။မပီးနိုင်ရင်လဲ မေ့ပစ်ပါ။ ၃။ အလုပ်တစ်ခုခုကို လုပ်နေပါ။ သင့်ရဲ့ တစ်နေ့တွက် (၂၄) နာရီ ကို အချက်သုံးချက်နဲ့ ကုန်ပါစေ။ (၁) အစာ စား (၂) အနားယူ၊ (၃) အိပ်။ (အကျိုးမရှိသ...
ပြောချင်ရာပြော ရေးချင်ရာရေးဖို့