‘‘ ဟယ်လို............. ဟယ်လို......... ’’ ‘‘ အေး..... မောင်ဘတ်သီးလား........ ငါပါကွ...... ကူမားရ်လေ..........’’ ‘‘ ေဩာ်..... ဟုတ်ကဲ့ လေးလေး ဘာဖြစ်လို့လဲ ပြောလေ ...’’ ‘‘ အေး..... မင်းကြီးတော် အသဲအသန် ဖြစ်နေတယ်ကွ...... အဲဒါ မင်းကိုမေးနေတာ မင်းအမြန်ဆုံး လာခဲ့ စေချင်တယ်ကွာ............. ’’ ‘‘ ဟုတ်ကဲ့..... ကောင်းပါပြီ...... ကျနော် အမြန်ဆုံးလာခဲ့ပါ့မယ်.............’’ ဟိုဘက်က ဖုန်းချသွားတာနဲ့ ကားတစီးငှားလို့ အဝေးပြေးဝင်းထဲမှာ ကားလက်မှတ်ဖြတ် ပြီး အိမ်ကိုပြန်လာလိုက်တယ်.................။ ကားစထွက်တော့ လမ်းဘေးဝဲယာကို ငေးရင်း အော်............. ငယ်ငယ်က ဇာတိမြေကို ပြန်သွားနေရတာ ပါလားဆိုတဲ့ အသိက ရင်မှာ ကြည်နူးသလိုတော့ ရှိသား.............။ ဲ့ အခုနေမကောင်းဖြစ်နေတဲ့ ဒေါ်ခါတဘီ ဆိုတာက ဘတ်သီးတို့နဲ့ ဆွေမျိုးနီးစပ် တော်တာရယ်...... သားတွေရှိပေမယ့် အခုသူတို့အိမ်ထောင်တွေသာ ကျသွားကြတယ်.. ဒေါ်ခါတဘီကို ပြန်ကြည့်နိုင်တာ မဟုတ်ဘူးရယ်... သူကလဲ အရင်ကအတွင်းပစ္စည်းတွေ တော်တော်ရှိတယ်ပြေတာပဲ... အဲဒါလေးတွေကို ဖဲ့ဖဲ့ပီး ရောင်းလာလိုက်တာ ဘတ်သီးတို့တစ်သက်ပေါ့......။ သူ့သားအငယ်ကောင် ရမ်ကယားကိုမွေးပြီးတော့ သူ့ယောကျ်ားဆုံးတယ်လေ.. အ...
ပြောချင်ရာပြော ရေးချင်ရာရေးဖို့