ကိုယ်ချင်းစာတယ်ဆိုတဲ့စကားကို တော်တော်များများပြောဖူးကြမှပါ။ ဘယ်လိုကိုယ်ချင်းစာကြတာလဲ??? တစုံတယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ ပြောဖူးကြမှာပေါ့။ ကိုယ်ချင်းစာပါတယ်ဆိုတဲ့စကားပဲလာတယ်၊ တကယ်ရော စာနာဖူးခဲ့ရဲ့လား။ ပြောရတာတော့ အရမ်းလွယ်တယ်နော်။ကားတိုက်ခံရလို့ခြေထောက် နှစ်ဖက် ဆုံးရှုံးသွားတဲ့လူတယောက်ကို တကယ် ကိုယ်ချင်းစာဖူးလား။ သူ့လိုပဲ ငါလဲခြေထောက်မရှိတော့ရင်လို့ တွေးမိဘူးလား။သူ့လိုပဲ ခြေထောက်တဖက်နဲ့ လမ်းလျှောက်ဖို့ ကြိုးစားကြည့်ဖူးကြလား။ မတော်တဆဖြစ်လို့ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ ဆုံးရှုံးသွားရတဲ့လူတွေလို ကိုယ့်မှာလဲ ဆုံးရှုံးရရင်ဆိုပြီးတွေးမိကြဖူးလား။ စားစရာသောက်စရာ မရှိတဲ့လူတွေနေရာမှာ ငါလဲ သူတို့လိုငတ်နေရင်ဆိုပြီး ဝင်ပြီးတွေးဘူးလား။ လွယ်လွယ်မပြောကြပါနဲ့အဲဒီကိုယ်ချင်းစာတယ်ဆိုတဲ့စကားကို။ စိတ်ထဲက မပါပဲ အပေါ်ယံ နှုတ်ခမ်းဖျားကနေ ဟန်ဆောင်ပြီး ပြောနေမယ့်အစား ဘာမှမပြောပဲ ထွက်သွားလိုက်စမ်းပါ။ တကယ်သာ ကိုယ်ချင်းစာတယ်ဆိုရင် ပါးစပ်ကပြောနေမယ့်အစား ထိရောက်တဲ့ အကူအညီ တခုခုပေးနိုင်ဖို့ ကြိုးစားပါလား။ ပါးစပ် အပြောလေးနဲ့တော့ ငပျင်းတောင်ကူညီနိုင်သေးတယ် တလောကလုံးက ဒုက္ခရောက်နေတဲ့ လူတွေကို။ အော်........
ပြောချင်ရာပြော ရေးချင်ရာရေးဖို့