Skip to main content

သင့်ကို အောင်မြင်စေမည့် အချက်များ

အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့်သင့်ကိုအောင်မြင်သူတယောက်ဖြစ်လာစေမည်။                        

စောစောအိပ်ယာထခြင်းမှ ရှောင်ကြဉ်ပါ။

စောစောထသော ငှက် အစာဝသည် ဟူသော စကားရှိသည်။ အကယ်၍ သင်က ငှက်မဟုတ်ပဲ  အင်းဆက်ပိုးမွှားဆိုလျှင် စောစောထခြင်းကြောင့် အစားခံရဖွယ် ရှိသည်။ ထိုကြောင့် စောစောထ ခြင်းကို ရှောင်ကြဉ်ပါ။                  

တတ်နိုင်သမျှ တပါးသူကို ခိုင်းပါ။ 

ကိစ္စ တော်တော်များများ တွင် ကိုယ်တိုင်မလုပ်ပဲ တပါးသူ ဆောင်ရွက်သည်ကို စောင့်ပါ။ ကိစ္စပြီးမြောက်လျှင် သင်က နာမည်ကောင်း ဝင်ယူပါ။ အောင်မြင်မည့်သူ သည် အခွင့်အရေး ကို လက်လွတ်မခံသင့်။      

ငါ့စကားနွားရ ပြောပါ။      

မှားနေသည့်တိုင် အလျော့မပေးပဲ ငါ့စကား နွားရ ပုံစံဖြင့် ပြောပါ။ထိုသို့ပြောခြင်းဖြင့် တဖက်လူကို ကောင်းစွာ လွှမ်းမိုးနိုင်မည်။        

မြက်ပင်ကဲ့သို့နေပါ။    

ဆိုလိုသည်မှာ မြက်ပင်သည် လေတိုက်ရာဘက်သို့ယိမ်းသကဲ့သို့ သင်လဲ သာမည့်ဘက်သို့ လိုက်ပါ။ ရှုံးနိုင်မည့်ဘက်တွင် နေခြင်းဖြင့် သင့်အတွက် ရလဒ်ကောင်းများ မရနိုင်ပေ။      

ပြစ်တင် ကဲ့ရဲ့ခြင်းများကို ချက်ချင်းတုန့်ပြန်ပါ။      

တစုံတယောက် က သင့်ကို ပြစ်တင်ပြောဆိုလာပါက ချက်ချင်းတုန့်ပြန်ခြင်းအားဖြင့် နောက်တကြိမ် ပြစ်တင်ခံခြင်းမှ ရှောင်နိုင်မည်ဖြစ်သည်။ လိုအပ်လျှင် ငါးစိမ်းသည်ကဲ့သို့ ကတ်ကတ်လန် ရန်တွေ့နိုင်လျှင် ပို ကောင်း၏။ သင်၏ နှုတ်စ လျှာစ ကို အလွယ်တကူ ထုတ်ဖေါ်ပြသနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။

မှတ်ချက်။  ။အထက်ပါ အချက်များကို ကမ္ဘာကျော် စာရေးဆရာကြီး   Sir J.N Ngapyin  ၏    A Successful Life စာအုပ်မှ ကောက်နှုတ်၍ ငပျင်းလေးက ဝေမျှပါသည်။

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။