နည်းနည်းတော့ပေပွမယ်၊ သတင်းစာကိုနောက်ကနေလှန်
ဟိုလိုလို ဒီလိုလို နှုတ်ဆက်၊ မျှော်မနေနဲ့
မြို့တံခါးမပိတ်ခင် ငွေမလိုဘူးနော်။
သူ့အတွက် ကိုယ့်အိပ်မက်တစ်ဆင်စာ
နောက် ဆေးလိပ်အတိုအစ၊ ကဗျာအကျိုးအပဲ့တွေ(တမင်ချိုးထား)
ဘာရှိသေးလဲ၊ ဟိုဘက်အိမ်မှာ မြင်နေရတဲ့အတိုင်းပဲ။
ဒါမျိုးဆို ပြုံးပြီး ရှုံးပြီးရင်း ရှုံးပါစေ။
နားမလည်တိုင်းသာ ကျော်ရရင် မင်းဘဝကို
ပယ်ဖျက်လိုက်တော့။
လဟာပြင်ထဲက မုန်တိုင်းအကြွင်း
ဘာဆိုင်လို့ ဘဝထဲခုန်ဆင်းလဲ၊
မသိလိုက်သလို မျက်လုံးမှိတ်လိုက်
ပြန်ဖွင့်ချိန် အရုဏ်တက်နေဖို့လိုတယ်။
ကိုယ်က လူတွေကို နားမလည်တာလား....
ဟာ.. သူတို့အပြစ်တွေပါ။
အထင်မကြီးနိုင်တဲ့ ထင်ကြေးအတွက်
လမ်းဘေးမှာ ဆက်တင်ဆောက်မယ်။
အားလုံးစိတ်ဝင်စားမယ့်ပြကွက်၊ ဦးနှောက်တခြမ်း လမ်းလယ်မှာ
(တခြမ်း ဘယ်မှာလဲမသိပါ)
လမ်းဘေးမှာ ရင်ဖွင့်လို့တင်ဆက်နေပါပြီ။
တစ်ဖက်ပဲတီးတဲ့ လက်ခုပ်သံတွေ..
ဘယ်ကလဲ? ဘယ်သူလဲ? ပြန်မေးမယ်..
သနားလို့လား??????
ကဗျာဆရာတဲ့လား၊ သွေးတွေဒီလောက်ရဲနေတာ၊
မာစီဒီးပေါ် ငုတ်တုတ်ထိုင်လို့ ချွေးဒီးဒီးကျနေတဲ့လူ
ဒါဟာ ရသပေါင်းစုံပေးနေတာပါ။
အနားက သူတောင်းစားမျက်လုံးတွေ အရောင်လက်တယ်။
ကျေနပ်သလား ကိုယ့်လူ?
ချဉ်ရေဟင်းလိုပဲ၊ လျှာသပ်ပြီးပြောမယ်။
ဆံပင်တွေထဲ လက်ထိုးထည့်၊ မေးသလို ဖြေသလိုနဲ့
ရှင်းရှင်းပြရတာ မောလှပြီ။ ။
အမည်မသိရှေးစာဆို ကိုပြည့်
Comments
Post a Comment