Skip to main content

ကိုယ်ချင်းစာခြင်း


ကိုယ်ချင်းစာတယ်ဆိုတဲ့စကားကို တော်တော်များများပြောဖူးကြမှပါ။ ဘယ်လိုကိုယ်ချင်းစာကြတာလဲ??? တစုံတယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ ပြောဖူးကြမှာပေါ့။ ကိုယ်ချင်းစာပါတယ်ဆိုတဲ့စကားပဲလာတယ်၊ တကယ်ရော စာနာဖူးခဲ့ရဲ့လား။

 ပြောရတာတော့ အရမ်းလွယ်တယ်နော်။ကားတိုက်ခံရလို့ခြေထောက် နှစ်ဖက် ဆုံးရှုံးသွားတဲ့လူတယောက်ကို တကယ် ကိုယ်ချင်းစာဖူးလား။ သူ့လိုပဲ ငါလဲခြေထောက်မရှိတော့ရင်လို့ တွေးမိဘူးလား။သူ့လိုပဲ ခြေထောက်တဖက်နဲ့ လမ်းလျှောက်ဖို့ ကြိုးစားကြည့်ဖူးကြလား။ မတော်တဆဖြစ်လို့ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ ဆုံးရှုံးသွားရတဲ့လူတွေလို ကိုယ့်မှာလဲ ဆုံးရှုံးရရင်ဆိုပြီးတွေးမိကြဖူးလား။ စားစရာသောက်စရာ မရှိတဲ့လူတွေနေရာမှာ ငါလဲ သူတို့လိုငတ်နေရင်ဆိုပြီး ဝင်ပြီးတွေးဘူးလား။ လွယ်လွယ်မပြောကြပါနဲ့အဲဒီကိုယ်ချင်းစာတယ်ဆိုတဲ့စကားကို။

 စိတ်ထဲက မပါပဲ အပေါ်ယံ နှုတ်ခမ်းဖျားကနေ ဟန်ဆောင်ပြီး ပြောနေမယ့်အစား ဘာမှမပြောပဲ ထွက်သွားလိုက်စမ်းပါ။ တကယ်သာ ကိုယ်ချင်းစာတယ်ဆိုရင် ပါးစပ်ကပြောနေမယ့်အစား ထိရောက်တဲ့ အကူအညီ တခုခုပေးနိုင်ဖို့ ကြိုးစားပါလား။ ပါးစပ် အပြောလေးနဲ့တော့ ငပျင်းတောင်ကူညီနိုင်သေးတယ် တလောကလုံးက ဒုက္ခရောက်နေတဲ့ လူတွေကို။ အော်.....  ကိုယ်ချင်းစာလိုက်တာနော်၊ အရမ်းကို ဒုက္ခရောက်နေကြတာပါလား။ ကျွတ်... ကျွတ်.. ကျွတ်.. လွယ်လိုက်တာနော် ကိုယ်ချင်းစာရတာ ......

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။