Skip to main content

သင်တကယ်ပဲ လုပ်နိုင်ပြီလား


ဖတ်ဖူးကြမှာပေါ့၊ ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်တို့၊ သင်ဘာကြောင့်ခုထိမချမ်းသာသေးတာလဲတို့လိုမျိုး တက်ကျမ်းစာအုပ်တွေ။တကယ်ရော အဲဒီစာအုပ်တွေထဲကလို အပြင်မှာရော အောင်မြင်ကြတာ ဘယ်နှယောက်လောက်များရှိပြီလဲ ????? သင်ရော တက်ကျမ်းတွေက ညွန်းသလိုမျိုး ဘယ်နှခုလောက် လိုက်လုပ်ဖူးလဲ???၊တက်ကျမ်းဆိုတာ ဖတ်လို့တော့ကောင်းသည်။ဗဟုသုတတော့ ရတာပေါ့လေ...  ဟိုတလောက ငပျင်းလဲ blog တခုမှာ တက်ကျမ်းတွေနဲ့ ပက်သက်ပီးရေးထားတာ ဖတ်လိုက်ရသေးသည်။ တက်ကျမ်းတွေဖတ်တာ ကောင်းတယ်၊ မကောင်းဘူးဆိုပီး ဆွေးနွေးထားတာတွေလဲ တွေ့ရသည်။

တက်ကျမ်းဖတ်တဲ့သူ ဘယ်နှယောက်အောင်မြင်သွားလဲတော့ ငပျင်းမသိ၊ အဲဒီတက်ကျမ်းတွေ ကိုရေးတဲ့သူတွေတော်တော်များများ အောင်မြင်သွားတာတော့ သေချာသည်။ကြိုးစားတိုင်းရော တကယ်ပဲ အောင်မြင်မှာလား??????အဲလိုသာဆိုရင်တော့ ချမ်းသာအောင်မြင်တဲ့သူတွေချည်း ဖြစ်နေတော့မှာပဲ။ လူတယောက် အောင်မြင်တယ်ဆိုတာ အဲဒီအချိန်က သူ့အနေအထား၊ပတ်ဝန်းကျင်၊လိုအပ်ချက်တွေကြောင့် ဖြစ်လာရတာ၊ ကိုယ်က အဲဒါကို သူ့အတိုင်းလိုက်လုပ်လို့အောင်မြင်နိုင်မယ်ထင်နေလား။

တခါတလေ ငပျင်း လူတွေကို အံ့သြတယ်။ဘာလို့များ အသိခေါက်ခက် အဝင်နက် နေကြရတာလဲ။ ပြောလိုက်ကြရင်တော့ လွယ်လွယ်လေးပဲ။ သူ့လို အောင်မြင်ချင်ရင် သူ့လိုကြိုးစားပေါ့တဲ့။ ကိုယ်တိုင်တောင် တစွန်းတစ မလုပ်ကြည့်ဖူးပဲနဲ့။ အလွယ်ဆုံးတခု ဥပမာပေးမယ် ... ငပျင်းလိုမျိုး ၂၄နာရီ မထတမ်းအိပ်နိုင် အောင်ပဲ အရင် ကြိုးစားကြည့်ပါအုံး

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။