အလင်းက....
စူးရှလွန်းတယ်
လမ်းကို ငါမမြင်ရဘူး။
ငါတို့နှစ်ယောက်ကြား အကွာအဝေးက
ကိန်းသေများဖြစ်နေလို့လား။
စီရင်လိုတဲ့ စကားသံတွေက
ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး
နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။
မော်ဖူးခွင့်မှ မရခဲ့ရင်
ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။
ဖြစ်နိုင်မယ်ဆိုရင်
မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက်
ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။ ။
Comments
Post a Comment