ငါက
ပန်းတိုင်ရောက်တာတောင်
ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊
လှောင်ရယ်သံတွေကြားမှာ
စွဲကိုင်ထားတဲ့အမှန်တရားတောင်
အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊
အဲဒီပုံပြင်ကိုပြောတိုင်း
ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊
ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့
ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။
လှောင်ရယ်သံတွေ ပိုပိုကျယ်လာ
တခုပြီးတခုငါ လွှတ်ချ
နောက်ဆုံး.............. ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊ ။
Comments
Post a Comment