ငါကြဲတဲ့ အတ္တကို
ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး
မြေသြဇာမရှိရင် . . .
နာကြည်းချက်တွေကို ယူသုံးပေါ့ ။
ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်
အပြစ်လွတ်ရာ ကမ်းခြေက
ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။
ပန်းပွင့်ဖို့ သတိရချိန်မှာ
ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။
စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ
ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်
မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . .
လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။
စိတ်ရှိတိုင်းသာပြောရရင်
ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။
Comments
Post a Comment