နာရီက
နောက်ပြန်လည်နေတယ်
ပြင်ဆင်ချိန်မရလိုက်ဘူး။
ရင်ကို ဝင်လာတဲ့ ဓါးကိုမြင်တယ်
ငါ ရှောင်လို့မရပြန်ဘူး။
ပြုတ်ကျသွားတဲ့ ငါ့မာနကိုတွေ့တယ်
ပြန်ကောက်လို့ မရပြန်ဘူး။
ဆင်နေတဲ့ မင်းထောင်ချောက်ကိုတွေ့တယ်
ငါ ဖယ်လို့မရပြန်ဘူး။
လှည့်ထွက်သွားတဲ့ မင်းကိုတွေ့တယ်
ငါ တားလို့မရနိုင်ခဲ့ဘူး။
နာရီတွေက
နောက်ပြန်လည်နေတာ
ငါ.......................တွေ့လိုက်တယ် ။ ။
Comments
Post a Comment