Skip to main content

ဆုတောင်း


ငါကိုးကွယ်တဲ့ မာနကို 

အမြင့်ဆုံး လွှင့်ထူထားပေမယ့် အရောင်တွေက ဖျော့နေပြီ။

အရှင့်ရဲ့နာမတော်နဲ့ ရင်ခွင်ကို ဟင်းလင်းပြင်ဖြစ်စေခဲ့တော့မလား။

ပင်လယ်ရဲ့ ငြိမ်သက်ခြင်း နောက်တကြိမ်လောက်ဖန်ဆင်းပေးပါ။



ထိရှမိတဲ့မေတ္တာတော်သွန်းလောင်းခြင်းကို ရပ်တန့်ခြင်းမပြုပါနှင့် အရှင်။

လျှပ်စီးတွေ ပြိုးပြက်လို့ပဲဖြစ်စေ ငံ့လင်သူကို ငြင်းပယ်ခြင်းမပြုလိုက်ပါနှင့်။  

ငါ့အား နာကျင်သောအမှုအရာမှ ဖယ်ကွာစေပါ။



ကမ်းသောလက်ကို ရုပ်သိမ်းတော်မမူပါနှင့် အရှင်။

ကွယ်ကာတော်မူသော အတောင်တော်အောက်မှာ 

နာမတော်၏ လုံခြုံခြင်းနှင့် ငါ့အား အတူရှိနေစေပါ။



ညှိုးငယ်သောနှလုံးသား နှင့် ငါ၏စိတ်ဝိဉာဉ်အား 

သိမ်းပိုက်တော်မူ၍ သင်နှင့်အတူရှိနေခွင့်ကို ပေးသနားတော်မူပါ။        ။

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။