Skip to main content

KL ညများ


ဟဲ့သား ထမင်းစားတော့၊ မှောင်ပြီနော်
ဟင့်အင်း သား မလေးရှား သွားတော့မယ်အမေ။
ဘာတွေမေးလို့၊ပြောလို့ ဘယ်လိုဖြေသလဲ
လွင့်ချင်သူ၊ လွှင့်ချင်သူ၊ လွတ်ချင်သူ၊ ညွှတ်ချင်သူ၊ ဆွတ်ချင်သူ
ဝိုင်တခွက်နဲ့ မိန့်မိန့်ကြီးကြိုတဲ့ နတ်ပျိုမလေးရဲ့
အပြုံးနက်နက်အောက်မှာ အလင်းဝင်လို့ရပါတယ်။
သေချာတာ ဝိုင်ထဲမှာ KL ညတွေ စီးဝင်လည်ပတ်လို့နေတာ
မသွားတတ်ရင် KOTA RAYA လို့သာပြော
TAXI တိုင်းက ခုချက် ခုစားတဲ့။ ရောက်လိမ့်မယ်။
ဘဝပျောက်ရင်တော့ ဘယ်လိုပြော ဘယ်လိုရှာရမလဲ။
ကိုယ်တိုင်မသိခဲ့တဲ့ KL ည။

ဒို့ပြည်ရဲ့ မြေပုံအပိုင်းအစတွေ အဲဒီမှာ ကပ်ထားတယ်၊
အတိုအစ တွေ့ရင် ကိုယ့်ဘဝအကျိုးအပဲ့နဲ့ရောစပ်ကြည့်
မုန့်ဟင်းခါးစားမယ်၊ မြန်မာလိုပြောမယ်၊
မြန်မာလိုဆိုတဲ့ ဘိုသီချင်းတွေ နားထောင်မယ်၊
ဗမာ့သွေးတံဆိပ် ကွမ်းတထုပ်ဝယ်လို့
KL ည လမ်းတွေပေါ် ပြန်တက်ကမယ်။
မျက်လုံးကို ရဲရဲဖွင့်၊ ဝင်စရာ စပါးမွှေးမရှိဘူး၊
ရှေ့ကို ဝေးဝေးကြည့်၊ ကျွံစရာ ကြမ်းပေါက် မရှိပါဘူး
အလင်းတုနဲ့လမင်း၊ လပြည့်ကြယ်စုံ ကပွဲကို
ပျက်ရယ်ပြုထားတဲ့ KL ည။

ပန်းဆိုးတန်း ကုက္ကိုပင်အောက်မှာထိုင်မယ်၊
မောကြီးပန်းကြီးနဲ့ အကိုရယ် ဒီFLATပေါ်မှာ ရွှေတွေရှိလား။
တခိုင်လုံး ရွှေပါ၊ လှေကားတက်၊
တဆစ်ချိုးတိုင်း တို့ရွှေတံဆိပ် ရဲရဲနီရှိရင်
တက်သာသွား၊ ဦးအောင်ဇေယျရဲ့သား အရက်ပီး တပ်သားတွေ
အလုပ်သမား အခွင့်အရေး ဆွေးနွေးနေတဲ့ KL ည။

ဟိုနား ဒီနား လျှောက်အုံးစို့၊ ဆွဲတယ် ငင်တယ်
နားမလည်ပေမယ့် လွမ်းမှန်းသိတယ်
စင်ပေါ် စင်အောက် ကွာတာပါ
အမ်းစရာမရှိလို့ အကြွေရွေးထည့်နော်
မထည့်ချင်လည်း ထည့်လိုက်ပါ
တို့ရွေးကောက်ပွဲလို ရသပေးတဲ့ KL ည။

ရှေ့မှာ ဘဝတွေ ခဏဝယ်လို့ရတယ်
ဟယ် ရှက်နေပုံများ တံတွေးတောင်နင်လို့
ချင်းနိုင်ငံက လာတယ်ဆိုတဲ့ အကိုကြီးဆိုင်ပေါ်တက်မယ်
ကုန်တိုက်ထဲထိုင်ပြီး လေတဖြူးဖြူးနဲ့ထန်းတောထဲ
ဆလိုင်းကြီး စကားကို အမြည်းလုပ်မယ်
အလွတ်ရရင်တော့ ဆလိုင်းရယ် Good Night !
KL ညထဲ ပြန်ဝင်ပြီ။

အပေါင်ဆုံးညတွေထဲက ရယ်သံလွင်လွင်လေးရယ်
တလက်လက်နဲ့ မျက်လုံးလေးတွေ၊ နှုတ်ခမ်းနီလေးတွေ တဖျပ်ဖျပ်
ဒါ.. တို့ပြည်ပါပဲကွယ်၊ အလင်းထဲ အမှောင်ခြယ်တာနဲ့
အမှောင်ထဲ လမိုက်တာပဲကွာမယ်
တံတားအောက်ဝင် ကုန်ချိန်မယ်၊ ဈေးထွက်မယ်
အရှက် အကြောက် သိက္ခာ ခပ်ကြီးကြီးတွေကို
ဒီနားတင်ချွတ် ဆိတ်သားရေနဲ့ ဖုံးခဲ့မယ်။
သူက ဘဝပေးတယ်၊ ကိုယ်က ဘဝနဲ့ ငွေပေးမယ်
နောက် ... သူက ဒီလိုအပြုံးတွေ ပြန်ပွင့်တဲ့အချိန်
ကိုယ်က နေလောင်မျက်နှာ ဖရိုဖရဲကြီးနဲ့
ဆလိုင်းရဲ့ ထန်းတောထဲက ထွက်
KL ည ပေါ်ပြန်ငြိမယ်။

အဖေါ်မပါပဲလျှောက်၊ ပုခုံးလေးဖက်ပြီးလျှောက်
တိုက်မိတာ ခိုက်မိတာရှိမယ်။ ကြိုက်မိတာလဲ ရှိမယ်။
ဘ၀ အကြွေကို ရှောင်ရင်း လျှောက်ခဲ့ရတဲ့ KL ညတွေ...
တကယ် လွမ်းမိပါရဲ့။ ။

                                                      အမည်မသိရှေးစာဆို ကိုပြည့်

Comments

Popular posts from this blog

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။