Skip to main content

လမ်း


လျှောက်

နှေးနှေးပဲ လျှောက်လျှောက်

မြန်မြန်ပဲ လျှောက်လျှောက်

တည့်တည့်ပဲ လျှောက်လျှောက်

နောက်ပြန်ပဲ လျှောက်လျှောက်

ငါဘယ်လိုပဲ လျှောက်လျှောက်

လျှောက်နေကြ ဒီလမ်းဟောင်းကြီးပေါ်မှာပဲ

ငါ အမြဲပဲ လမ်းပျောက်နေမယ်။

ရှေ့မှာ လမ်းကွေ့ရှိတာလဲ သိတယ်

ငါ ပြိုလဲကျမယ်ဆိုတာလဲ သိတယ်.......

ဒါတောင် ဒီလမ်းက ငါ့ကိုမှားနေသေးတယ်

ငါ့ဆန္ဒ မပါပဲ ငါလဲကျရအုံးမယ်

မှားပြီးသားလမ်းကို ငါထက်မှားနေရအုံးမယ်..............

သွားပါတော့ ငါ့ဝိဉာဉ်ရေ.........

လမ်းမှားပြီးကျန်ခဲ့ရမှာ ငါတယောက်တည်းလေ။            ။

Comments

  1. I thought your way is always correct with pi si

    ReplyDelete

Post a Comment

Popular posts from this blog

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။