Skip to main content

ဖိတ်စင်ခြင်း


နင်ဟာ ငါ့ညနေထဲ တံခါးမခေါက် နေဝင်သလို ခုန်ဆင်းလာတယ်၊
ဥတုမကောင်းတဲ့ နာရီမှာ သံပတ်ဟာ စိုက်ဝင် 
ဒီအခန်းထဲ ဒီခန်းစည်းထဲ ဒီဆက်သွယ်မူ့ထဲမှာ 
အသံတွေ ညှပ်ကျန်၊
ကြက်ခြေခတ် နေ့တွေများလာတာနဲ့အမျှ 
အမှားတွေ ဖောခြင်းသောခြင်း 
မညီသေးတဲ့ ကြိုးတွေ အခါသုံးပါး လည်ပတ်မူ့ထဲ စိမ့်ဝင် 
တစ်လွဲတစ်ချော် ရောက်လာတဲ့ ဒီဆောင်းအထိ 
မျက်လုံးစုံပိတ်လို့ ဆုတောင်းခဲ့သမျှ 
ငါ့အတွက် ကျိန်စာဖြစ်ခဲ့သလား ။
မျှော်ထားတဲ့ နေဝင်ချိန်မှာ အဆင်သင့်ဖြစ်အောင် 
လျှော်မထားတဲ့ အတ္တအတွက် 
အဲဒီအတွက် 
မင်းအတွက်..... အသင့်မဖြစ်ခဲ့တော့..... 
အသံတိတ် ဒဏ်ရာနဲ့ကူးခတ်ခဲ့တဲ့ ပင်လယ် 
ဆိုက်ကပ်ဖို့ ကမ်းမရှိတော့ အလွမ်းတွေ တစ်ဖျပ်ဖျပ်နဲ့ ညတွေ နက်သထက်နက်ခဲ့တယ် 

A KA

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။