Skip to main content

facebook ပေါ်မှပြည်ပရောက် သူရဲကောင်းများ

ဘာလိုလိုနဲ့ ရွေးကောက်ပွဲကြီးလဲ ပြီးဆုံးသွားခဲ့လေပြီ။ အစောကြီးကတည်းက ထင်သလိုလဲဖြစ်လာခဲ့တာ အားလုံးမျက်မြင် ကိုယ်တွေ့ကြုံခဲ့ရလေပြီ။ သို့သော် လူအားလုံးနီးပါးတို့သည် ဒီမိုကရေစီ ပေးပါဟူ၍သာ လူမမာ အမဲခြောက်တောင်းသကဲ့သို့ တစ်ကျီကျီ တောင်းနေဆဲပင်ဖြစ်တယ်။ ဒီနေရာမှာ ကြည့်မယ်ဆိုရင် သူတို့လိုချင်သော ဒီမိုကရေစီ ဆိုသည်မှာ အဘယ်ကဲ့သို့သော အရာဖြစ်သည်ကို သေချာစေ့ငုစွာ သိသင့်လာပြီ။ တောင်းနေသော အရာမှာ ဘာကိုခေါ်သလဲ အဓိပ္ပါယ် ထုတ်မယ်ဆိုရင် မေးလာခဲ့သော် ဖြေနိုင်သောသူပင်အမှန်ရှား၏။ ယောင်တိယောင်ဝါး တွေများ၏။ အားလုံးသောသူများကို မဆိုလိုပါ။ မိရိုးဖလာ အသိလောက်နှင့် လေသံကြား ဖမ်းတရားနာနေသော သူတွေကိုဆိုလိုပါသည်။ မြန်မာပြည် သမိုင်းကိုပင်သေချာ မသိမလေ့လာပဲ ဒါမှဒါဖြစ်နေသော သူများရှိနေသရွေ့ ဘယ်တော့မှ ယခုအဆင့်ကတက်ဖို့ မရှိပဲ အောက်သို့သာကျရန် ပိုဆိုးရန်သာရှိတော့တယ်။ အဆိုးဆုံးမှာ ပြည်ပရောက် အချို့သော သူများပြောနေဆိုနေသော အသံတွေမှာ ဆူညံပွက်လောရိုက်နေ၏။ ဟုတ်သလားဆိုတော့ ဘာမှအရာမရောက် စားကောင်းသောက်ကောင်းရုံ ပြောနေကြခြင်းသာတွေ့နေရတယ်။ ဒီတော့ သူတို့ရဲ့ ဒီမိုကရေစီ လမ်းစဉ်ကို အစမှစတင် လေ့လာကြည့်သောအခါ...................................
လက်ရှိစစ်အစိုးရ မကောင်းဆိုသည်မှာ လူတစ်ကာသိကြတယ်။ အစိုးရကို တိုက်ခိုက်ကြရာတွင် အယူအဆအမျိုးမျိုးရှိသည့်အနက် လမ်းစဉ်လဲမတူကြဘူး..။ အထူးသဖြင့် ဒီနေရာမှာပြောချင်သည်မှာ ပြည်ပရောက် တိုက်ခိုက်သူများအကြောင်းကို ပြောချင်ပါတယ်။ ပြည်တွင်းမှာ တိုက်ပွဲ အမျိုးမျိုး ဖန်တီး တော်လှန်နေသည်တောင် မအောင်မြင်သည်ကို အားလုံးအသိပင်ဖြစ်တယ်။ အားမနာတမ်းပြောကြေး ဆိုရင် မြန်မာပြည်၏ လက်ရှိအခြေအနေသည် နိုင်ငံရေးလုပ်စားရင် အကောင်းဆုံးဖြစ်တယ်ပြော ရမှာပဲ။ လူဦးရေ သန်းငါးဆယ်ကျော်ရှိသည့် အနက်ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးအရေခြုံကာ ရောက်ရှိနေသော သူမှာ စာရင်းပင်ထုတ်လို့ရလောက်သည်။ မြန်မာပြည်တွင်နေရင် အခုပဲသေတော့မယောင် တွင်တွင်ပြောကာ ပြည်ပ၌ ခိုလုံကြလေ၏။ ကျန်ရစ်သူများကို အားနာဖို့ပင်ကောင်းတော့တယ်။ မြန်မာပြည်မှနည်း အမျိုးမျိုးဖြင့် ထွက်ခွာလာကြပြီး ရောက်ရာနိုင်ငံတွင် ဒုက္ခသည်အဖြစ် အရွေးခံတော့တာပဲ။ မဟုတ်တာတွေပြောခြင်းဖြင့် နိုင်ငံကိုရောင်းစားကြ၏။ ကိုယ့်လမ်းကိုယ်ရွေး သည်ကိုမပြောလိုပါ။ နိုင်ငံကိုထိခိုက်ရောင်းစားပြီး တက်လမ်းရှာသော သူများ၏ တောင်းဆိုနေသော ဒီမိုကရေစီဆိုသည်မှာ အဘယ်နည်း။ ကိုယ့်ဝမ်းစာ ကိုယ်ရှာ စားနိုင်ပါရဲ့နှင့် လက်ကြောမတင်း အဖြစ်မရှိသည်ကို နိုင်ငံရေးခေါင်းဆောင်းကာ ဒုက္ခသည်အဖြစ် အသနားခံကြတော့သည်။ ဒုက္ခသည်အဖြစ် တစ်ရားဝင် ခွင့်ရတာနဲ့ ဘာလုပ်ကြမလဲဆိုတော့ လုပ်စရာကမရှိ ။ နောက်ထပ် ကိုယ်အတည်တကျ နေထိုင်ရမည့် နိုင်ငံကို သွားချင်လာပြန်ရော။ မြန်မြန်သွားချင်ရင် နည်းလမ်းတစ်ခုမှာ မြန်မာသံရုံးရှေ့၌ အလွတ်ကျက်ထားသော စာလုံးပေါင်းများစွာ တို့ကိုအော်ဟစ်ကြတော့တာပဲ။ ရောက်ရှိနေသောနိုင်ငံ၌ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှ ခွင့်ပြုမိန့်ယူရပါတယ်။ ထိုအမိန့်၌ သတ်မှတ်ချိန်ပါပါတယ်။ သို့သော် ပြသောသူတို့သည် သတ်မှတ်ချိန်ထက် ကျော်လွန်ကာ ပြခြင်းဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးခြင်းကို ကျေကျေနပ်နပ် ခံယူကာ အချုပ်ခန်းတွင်းသို့ ပျှော်ရွှင်စွာ ဝင်ရောက်ကြပါတယ်။ သက်ဆိုင်ရာမှစစ်ဆေးကာ UN ရုံးသို့အကြောင်းကြားပါတယ်။ UN မှလာခေါ်ကာ ယခုလူငယ်များသည်[ကြီးမိုက် အချို့လဲပါ၏ ] နိုင်ငံရေးစိတ်ဓါတ်များ ပြင်းထန်နေပါသည်ဟု သတ်မှတ်ကာ နေထိုင်ရမယ့် နိုင်ငံများစီသို့ ပို့ဆောင်ပေးလေတော့သည်။
ဒီနေရာပြောချင်တာက လက်ရှိအစိုးရအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားချင်သော သူများကို အခွင့်ရှိမယ်ဆိုရင် တပ်မတော်လေယာဉ်ဖြင့်ပင် လိုက်ပါပို့ဆောင်ပေးမှာအမှန်ပါ။ သူတို့ကို ထိပ်တိုက်တိုက်ပွဲဝင်နေသောသူများကိုပင် အနေအစားမပျက်နှိပ်ကွပ်နေချိန်မှာ ဒီလိုမျိုးသွားချင်ရင်ဖြင့် ဝမ်းသာပုံများ ဆိုဖွယ်ရာပင်မရှိတော့ပါ။ ထိုသူများ သတ်မှတ်နိုင်ငံကို ရောက်ချိန်တွင် ထိုမှပေးသောအိမ် တက်ခိုင်းသောကျောင်းတို့တွင်တက်ခါ ထောက်ပံ့ကြေးလောက်ဖြင့် အေးဆေးသာယာစွာ နေထိုင်ကြတော့သည်။ထိုအချိန် နိုင်ငံရေးဆိုသည်မှာ ဒါပါလား တော်တော်သက်သာပါလားဟု တွေးနေတက်၏။ အတန်ကြာသော် စာလေးကလဲတက်လာ မစားဘူးတာတွေစားရ မမြင်ဘူးတာတွေမြင်ရ မကြားဘူးတာတွေမြင် လာရတော့ သွေးလေတွေပျက် ကယောင်ကတမ်းတွေ ဖြစ်လာတက်တာ မြန်မာပါပဲ။ အဲဒီမှာ ငါ့ကိုငါ နိုင်ငံရေး တစ်ကယ်ပဲလုပ်နေသယောင် မြန်မာပြည်က အသက်စွန့် တိုက်ပွဲဝင်နေသူများကိုပင် ပြန်သနားတယ်ဟူ၍ ဖြစ်လာရော။ ဒီအတိုင်းထိုင်နေရင်တော့ မဖြစ်ချေဘူး။ အရိုးအရင်းစားနေရတာမှ အဆီအသားကိုစားချင်လာပြန်တယ်။ ဒီတော့ အူပြရုံကလွဲလို့ ဘာမှမလုပ်တက်နဲ့ တော်တော်ခက်နေရော။ ဒီမှာ နောက်ဆုံးတော့ လူထုဆက်သွယ်ရေး ကွန်ရက်အနေဖြင့် ပြောချင်တာတွေပြောလို့ ရတာကို ရှာတော့ သွားတွေ့ရော။ FACE BOOK................ ။ ကဲဘယ်လောက်တောင် ကောင်းသလဲ..။ ရေးကြတယ် တော်တော်ကိုရေးကြတာ။ သူတို့မရှိရင်ပဲ မဖြစ်တော့သလိုကို ရေးကြတာ။ ဘီယာစုပ်ရင်း လူထုကို သနားကြတယ်။ လျှောက်လည်ရင်း ဘုန်းကြီးတွေအတွက် မျက်ရည်ကျသတဲ့။ ဒါကတော့ ကိုယ်တက်နိုင်သလောက် ကိုယ်တိုက်ပွဲဝင်နေတယ်ဆိုရင်တော့ မပြောလိုတော့ပါ။ လက်ရှိ အစိုးရကိုတိုက်နေသော နည်းလမ်းမှာ အစိုးရအနေဖြင့် အနေအစားပင်မပျက် အိပ်ချင်တောင်မပြေဘူးဟု ပင်ပြောနိုင်တယ်။ ထိုသူများမှာဘာနဲ့ တူသလဲဆိုရင်ဖြင့် ကြားဖူးသော ဇာတ်လမ်းတစ်ပုဒ် ကိုပြောပြရပါမယ်။ ရွာတရွာမှာ အေးအေးချမ်းချမ်းနှင့် နေထိုင် စားသောက်နေရာမှ ရွာလူကြီးကတစ်နေ့တော့ စဉ်းစားတယ်။ ငါတို့ရွာမှာအသိဉာဏ် ဗဟုသုတနည်းကြတယ်။ မြို့နဲ့လဲအရောက်အပေါက်မရှိတော့ မြို့မှာဘာတွေဖြစ်နေလဲ ဘာတွေ ကျင့်သုံးနေကြလဲ သိအောင်လုပ်မှဖြစ်မယ်။ ဒီတော့ရွာမှာ အတန်လူရည်လည်တဲ့ သူတစ်ယောက်ကိုရွေးလို့ .. ကဲ မင်းတော့ မြို့ကိုသွားချေ.. အဲဒီမှာသူတို့တွေ ဘာတွေလုပ်နေတယ် ဘာတွေကို လက်ခံကျင့်သုံးနေတယ်ဆိုတာ ကို လေ့လာဆိုပြီးလွတ်လိုက်ရောတဲ့။ အဲဒီတစ်ယောက် ရွာကို ပြန်ရောက်တယ်ဆိုရင်ပဲ တစ်ရွာလုံးကဝိုင်းမေးတော့တာပဲ..။ သူကလဲဘာဘာညာညာ တော့မသိဘူး။ မြို့မှာတော့ ဒီမိုကရေစီ ဆိုတာကြီးကို ဝိုင်းတောင်းနေကြတာတော့ တွေ့တယ် ပြောရော။ အဲဒီမှာ အားလုံးက ဝိုင်းစဉ်းစားတယ် .. ဟုတ်ပြီ ငါတို့လဲမြို့လို တိုးတက်အောင် မြို့လိုဖြစ်အောင် အဲဒါကြီးကို တောင်းကြမယ်ဆိုပြီး တွေးကြတယ်တဲ့။ ဘယ်သူစီမှာ တောင်းရမှာလဲ ဆိုတော့ စစ်တပ်ကပေးနိုင်တယ် ဆိုပြီးမြို့ပြန်ကြီးက ပြောတော့ ရွာလူကြီးနဲ့အဖွဲ့ဟာ သူဆို့ရွာရဲ့ စစ်တပ်စီကို သွားကြရော.. အရှေ့ရောက်တော့ အဲဒီ ဒီမိုကရေစီပေးပေး ဆိုပြီးကို လှိမ့်တောင်းတော့တာလား။ တပ်ကတာဝန်ရှိသူလဲထွက်လာပြီး ဘာကိုတောင်းသလဲမေးတော့ ဒီမိုကရေစီတဲ့။ ဟုတ်ပါပြီ ဒီမိုကရေစီဆိုတာကဘာလဲ ပြန်မေးရော.. အဲဒီမှာခက်ပြီ။ ရွာလူကြီးစလို့ ဘယ်သုမှမသိ .. မြို့ပြန်ကြီးလဲ ယောင်ဝါးဝါး ဘာလုပ်ရမယ်မသိဖြစ်နေတာ။ ဒီတော့ တာဝန်ရှိသူက ပြောရော အေး..မင်းတို့ကဘာမှန်းမသိတာကို လာတောင်းတယ်.. ငါကပေးလိုက်တော့ မင်းတို့စီမှာမသိတော့ ပျက်စီးသွား .. မတော်ထပေါက်သွားရင် မခက်လား.. ဒီတော့ မင်းတို့ သကြားကိုသိလားတဲ့...။ အေး သိရင် အဲဒီ သကြားတစ်ယောက်တစ်ဆယ်သားစီ ပေးလိုက်မယ် ဆိုပြီးပေးလိုက်တယ်.. ။ ဒါနဲ့ ဒီမိုကရေစီဆိုတာ သကြားလိုပါလားလို့ ရှင်းရှင်းလင်းလင်း သိသွားကြတယ်တဲ့။
ဒါကြောင့် ပြည်ပရောက် သူရဲကောင်းတွေ အနေနဲ့လည်း မေးလာရင် သကြားလိုပါလား မဖြစ်အောင် အားနေတုန်း လွပ်လပ်စွာ လေ့လာခွင့်ရှိတုန်း ဘာဆိုတာသိအောင် အရင်လေ့လာကြပါ။ စိတ်ဝင်စားတယ် နိုင်ငံကိုတစ်ကယ်ချစ်တယ်ဆိုရင် အပြောမဟုတ် လက်တွေ့ပင်ပြပါတော့ ဟုသာပြောချင်ပါတယ်။ စားကောင်းသောက်ကောင်း ကယောင်ကတမ်းနှင့် FACEBOOK ပေါ်တက်ခါ ဟိုရေးဒီရေး ရေးနေမယ့်အစား ကိုယ်တိုင်ကိုယ်ကြ လေ့လာသုံးသပ်ပြီး တိုက်ခိုက်ကြပါလို့ ပြောချင်ပါတယ်.......။

တိုက်ဆိုင်မူ့ရှိပါက ဒဲ့ ပြောသည်ဟုပင်မှတ်လိုက်ပါ။

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

မနေနိုင်လို့ရေးတဲ့စာ

တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။   ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ...

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...