Skip to main content

ငပျင်းလေး နှင့် တပတ်စာ သံသရာ

MONDAY 

မနေ့က တနင်္ဂနွေနေ့ ပိတ်ရက် နားထားထာကြောင့် ဒီနေ့ သိပ်အလုပ်မလုပ်ချင်သေး၊ နားထားတဲ့အရှိန်ကြောင့် ပျင်းနေသေးသည်။


TUESDAY

ဒီနေ့ အင်္ဂါနေ့၊ မနေ့က အပျင်းထူနေတာများတော့ ဒီနေ့တော့ နည်းနည်းပါးပါးလုပ်ရင် ကောင်းမလား။ ရသလောက်တော့ ပျင်းချင်နေသေးသည်။


WEDNESDAY

နှစ်ရက်တောင် အလုပ်လုပ်ပီးပီဆိုတော့ နည်းနည်းပင်ပန်းနေသလိုပဲ၊ ဒီနေ့တော့ နားနားနေနေလုပ်မှပါ။


THURSDAY

မနက်ဖြန် သောကြာနေ့ဆိုတော့ ဟိုကောင်တွေက ကောင်းကောင်း အလုပ်မလုပ်ချင်ကြတော့ဘူး။ တယောက်တည်း အကုန်လိုက်လုပ်နေရရင် မလွယ်ဘူး။ လုပ်နိုင်သလောက်ပဲ လုပ်မယ်။


FRIDAY

ဟေး . . . ဒီနေ့သောကြာရောက်ပီ မနက်ဖြန်ဆိုရုံးပိတ်တော့မယ်။ မနက်ဖြန် ပိတ်ရက်ဆိုတော့ ဒီနေ့ အလုပ်လုပ်ရတာ သိပ်စိတ်မပါသလိုပဲ၊ အလုပ်ထဲ အာရုံစိုက်လို့မရဘူးဖြစ်နေတယ်။


SATURDAY

အိပ်တာမှ မကြာသေးဘူး နေ့လည်တောင် ဖြစ်နေပါပေါ့လား။ တခုခု စားပီး ပြန်နှပ်ဦးမှပါ။ တပတ်လုံး အလုပ်လုပ်ထားတာဆိုတော့လဲ နားသင့်ပါတယ်လေ..။


SUNDAY

ဆန်းဒေးတောင် ရောက်ပါပေါ့လား၊ အချိန်တွေ ကုန်တာကလဲ မြန်လိုက်တာ။ ဂျီတော့မှာတောင် ကောင်းကောင်း မကြူရသေးဘူး။  facebook မှာလဲ  ကောင်မလေးလှလှတွေတောင် မရှာရသေးဘူး။ နားရတဲ့ ၂ရက်ကလဲ နည်းလိုက်တာ။ မနက်ဖြန် အလုပ်သွားဖို့ အားမွေးရအောင် စောစောအိပ်မှ

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။