Skip to main content

ပိုး

ဒီလိုအချိန်မှာ ဒီလိုမျိုးစိတ်တွေလှုပ်ရှားနေတက်တာကို အပြစ်ပြောမယ်ဆိုရင်တော့ ဘတ်သီးတို့လို တောသူတောင်သားတွေက အတင်းကို အကြောက်အကန်ငြင်းရလိမ့်မယ်..... တစ်နှစ်ပတ်လုံး နွားနဲ့လူ ကွဲတယ်ရယ်မရှိပဲ အင်တိုက်အားတိုက် ဝမ်းရေးအတွက် ရှာဖွေလာခဲ့ပြီးမှ အခုလို ထွန်သိမ်းချိန်... မိုးလေကလဲ ကင်းလွတ်ချိန် တန်ဆောင်တိုင် ကာလကိုရောက်လာမှဖြင့်တော့ ရွာက ကာလသား ကာလသမီးတွေ မပြောနဲ့ ဘတ်သီးတို့လို လူပျိုသိုးတွေတောင် စိတ်တွေလှုပ်ရှားလာရတာ....
တန်ဆောင်တိုင်ကာလကို ရောက်လာမှဖြင့်တော့ ရွာရဲ့ အောင်ချမ်းသာဘုရားကြီး ဆီမီးကပ်လှူပူဇော်ပွဲ အပြင် အရပ်ဇာတ်လေးတွေလဲ ကျင်းပလေ့ရှိတော့ ရွာက ကာလသားတွေဆိုတာလဲ ဘတ်သီးအနားမှာ တဝဲဝဲလည်နဲ့ မိန်းကလေးတွေဆိုရင်လဲ ပြဇာတ်ထဲပါဖို့အရေး ဘတ်သီးကို မျက်နှာသာပေးကြချိန်ပေါ့လေ.....
ရွာလူကြီးတွေကလဲ ဘတ်သီးကို အစစ အရာရာလွဲထားပြန်တော့ ဒီလိုအချိန်ရောက်လာမှဖြင့် သူတို့လေးတွေ နည်းတူ ဘတ်သီးတစ်ယောက် စိတ်တွေလှုပ်ရှား လာတက်တာ မဆန်းဘူးပြောရမှာ... ဒီအချိန်ရောက်မှလဲ မိန်းကလေးတွေနားကို ကပ်ခွင့်ရှိပြန်တာလေ.... အရင်နှစ်တွေကဆို ယိမ်းတွေကိုတောင် ဘတ်သီးကိုယ်တိုင် တိုက်ပေးတာပေါ့... ဘတ်သီးဘဝက ဒီလိုအချိန်ကြမှ စိုပြေလာတက်တာ.....
ဒီနှစ်လဲ ရက်တွေက ကပ်လာတာနဲ့အမျှ ပွဲတော်ကျင်းပရေးအတွက် အကြောင်းပြပြီး ရွာပြင်က တက်ပု ထန်းတောမှာ ဘတ်သီးခေါင်းဆောင်တဲ့ ကာလသားတစ်သိုက် စုဝေးမိနေကြပြီ....
တိုင်ပင်တာအကြောင်းပြပြီး တရားဝင်သောက်ခွင့်ရှိနေတော့ လူတောင်မစုံသေးဘူး ဘတ်သီးတော့ တော်တော်ကို ရေချိန်ကိုက်နေတာ...
လူစုံလောက်ပြီဆိုတော့မှ ဘတ်သီးက.....
‘‘ ကဲ.... ကိုယ့်လူတို့ ဒီနှစ်တော့ ကျင်းပမယ့် အစီအစဉ်လေးတွေကို ပြောကြရအောင်... ရွာက ကာလသားတွေစုပြီးတော့............’’
‘‘ ဟာ............. လာပြန်ပြီ ကိုဘတ်သီးကလဲ..... တစ်နှစ်လာလဲ ဒီပြဇာတ်... ဒီလူတွေ... ဒီအငြိမ့်... ဒီလူတွေ... ရိုးနေပါပြီဗျာ.... နောက်ထပ်တွေးစမ်းပါဦး... အားလုံးလဲပျှော်ရအောင်ပေါ့.... ’’
ဘတ်သီးစကားတောင်မဆုံးလိုက်ပါဘူး...... ရွာက ဆန်စက်သဌေးသားလေး မောင်ကြည်က ဝင်ပြောရော... ဒီတော့ အားလုံးကလဲ ..........
‘‘ ဟုတ်တယ်... ဟုတ်တယ်... ကိုဘတ်သီးရေ.... ဒီနှစ်တော့ ထူးခြားတာလေးတွေ လုပ်ချင်တယ်ဗျာ.... ရွာမှာ ဒီလောက်အတွေ့အကြုံရှိတဲ့ ကိုဘတ်သီးတစ်ယောက်လုံး ဦးဆောင်နေပြီးတော့မှ အရပ်ဇာတ်လေးလောက် နဲ့တော့ မပြီးသွားစေချင်ဘူးဗျာ.... ’’
ဘတ်သီးကတော့ နကို ရီဝေဝေ ဖြစ်နေတဲ့အထဲ ဒီလိုမျိုးပြောခံလိုက်ရမှဖြင့် သွေးတွေနားထင်ကို တဒုန်းဒုန်း ဆောင့်တက်လာသလို ဖြစ်လာတာ...
ဘေးက ငဖြိုးငှဲ့ပေးတဲ့ ပင်ကျရည်လေးတစ်ကျိုက် ကောက်မော့လိုက်ပြီး ငါးခြောက်တစ်ဖက်ကောက်ဝါးကာ သူ့စကားကိုစောင့်နေကြတဲ့ ကာလသားတွေကို .......
‘‘ အေးကွ.... ငါလဲ အသစ်တွေလုပ်ချင်နေတာကြာပြီ.. ဒါပေမယ့် လူမညီမှာကိုစိုးတာကွ... ဒီနှစ်တော့ လယ်တွေလဲတော်တော် အောင်မြင်တယ်ဆိုတော့ ပူစရာတော့မရှိပါဘူး ဘာလုပ်မယ် စဉ်းစားထားကြလဲ... ပြောလေကွာ...’’
‘‘ ဒီလိုဗျ... ကျနော်တို့တွေက တိုင်ပင်ထားတာတော့ကြာနေပြီ... မြို့ကတီးဝိုင်းငှားပြီး စတိတ်ရှိုး သွင်းမယ်ဗျာ... ရွာကလူတွေတော့ မဟုတ်ဘူးပေါ့... သူ့ဝိုင်း သူ့အဆိုတော် အကုန်ပါပြီးသားလေ... ရွာကလူတွေလဲ သဘောကြမှာ အမှန်ပဲ... အခုတောင်ကြည့်ပါလား... ဘယ်သူမဆို မြို့ကခေတ်ပေါ်သီချင်းတွေ ညည်းလို့ လယ်ထွန်နေကြတာ ကိုဘတ်သီးလဲ အသိပဲဟာ.....’’
‘‘ အေးဟ... ငါလဲ ဖွင့်သာမပြောတာ စိတ်တော့ကူးမိနေတာအမှန်ကွ.... လုပ်ကွာ... ဒီနှစ်တော့ မြို့ကဝိုင်းကိုငှားမယ်ဟေ့... သဘောတူတယ်... အချိန်ကသိပ်မရတော့ဘူးဆိုတော့ လုပ်စရာရှိတာတွေ အမြန်လုပ်မှဖြစ်မယ်ဟေ့....... ’’
ဒီလိုနဲ့ ထန်းရည်လက်ကျန် အပြတ်မှာတော့ မြို့က တီးဝိုင်းငှားမယ်ဆိုတဲ့ သဘောတူညီချက်ကြီး ရရှိသွားပါတော့တယ်.....။။။။။။။။။။
မီးစက်သံ တစ်ဘုန်းဘုန်း တစ်ဒိုင်းဒိုင်း... ပြေးလွှားနေတဲ့ ကလေးတွေကတစ်မှောင့် .. ဒီကြားထဲ နေရာလုနေရင်း ရန်ဖြစ်နေတဲ့ ရွာက မိန်းကလေးတွေကို ဖျန်ဖြေနေရတာနဲ့တင် စတိတ်ရှိုးက မစသေးဘူး.. ဘတ်သီး တော်တော်ကို စိတ်ညစ်နေမိတယ်...
စတိတ်ရှိုးကျင်းပမယ့် ကွက်လပ်ကြီးမှာလဲ... လူတွေလူတွေဆိုတာ စကားသံတွေ ဈေးသည်တွေရဲ့ အော်သံတွေ ညှော်သံတွေ ဘာတွေမှန်းကိုမသိတာ...
စတိတ်စင်ကြီးကတော့ ဟီးထနေတာပဲ... ဘတ်သီးတို့မြို့တက်ပြီး ငှားလာတဲ့ အဖွဲ့ဆိုတာကလဲ ဘယ်သူတွေဆိုမယ်တောင် မသိပါဘူးလေ... ရွာကလူတွေကလဲ မီးရောင်စုံတွေနဲ့ စင်ပေါ်မှာ ဘာပဲလုပ်ပြလုပ်ပြ အားပေးကြတာဆိုတော့ အဲဒီအတွက်တော့ ပူစရာကိုမလိုပါဘူး....
ဒီလိုနဲ့ နေဝင်ချိန်ရောက်လာမှတော့ဖြင့် စင်ပေါ်ကို တစ်ယောက်တက်လာပြီး....
‘‘ ဟုတ်ကဲ့ ကျနော်တို့ တက်လူလေးများ အဖွဲ့ကနေ စတင်ပြီးတော့ တေးသံသာများနဲ့ တင်ဆက်ပါတော့မယ်... ပရီတ်သတ်ကြီး READY...................
‘‘ဟေး............ ဖြောင်းဖြောင်း......... ရွှီ....ရွီ.......’’
ကြည့်စမ်း. ရွာကလူတွေ အနုပညာကိုပိုးထ ကြပုံများ ဘာမှတောင် မဆိုရသေးဘူး.. အားပေးနေကြတာ...
အစီအစဉ်ကြေငြာသူ ပြန်ဝင်သွားပြီးတော့ ပရိတ်သတ်ဆိုတာ ဘယ်သူများထွက်လာမလဲ ငံ့လင့်နေကြတာ.. ခဏနေတော့ ... တီးဝိုင်းကလဲ လက်စွမ်းပြတွေ လှိမ့်တီးနေတာပေါ့.... စင်ထောင့်ကနေထွက်လာတာလဲ မြင်ရော ပရိတ်သတ်ဆိုတာ ဝေး ခနဲထအော်ကြတာ ဘတ်သီးတောင်လန့်သွားတယ်......
ဂျင်းဘောင်းဘီရှည်နဲ့ ဆံပင်ဆိုတာလဲ အရှည်ကြီးကို စည်းထားလိုက်သေးတယ်... လူကောင်ကြီးကြီးနဲ့ဗျ...
စင်ရှေ့မှာ နေရာယူပြီးတော့ သူက ပရိတ်သတ်ကြီးကို....
‘‘ အားရတယ်ဗျာ.... လေးစားတယ်... ဒီလိုအားပေးတဲ့ ပရိတ်သက်နဲ့ဆိုလို့ကတော့ အမုန်းကိုဆွဲပြစ်မှာ.... အားတွေ ရှိတယ်မလား... ’’
‘‘ရှိတယ်... ရှိတယ်..... ဟေးးးးးးးးးးးးးးး’’
‘‘OK ... ဒါဆို ခပ်ကြမ်ကြမ်းလေးနဲ့ စလိုက်မယ်.... ကိုလေးဖြူရဲ့ သီချင်း...... အိမ်မက်ကဗျာ.... ကြိုက်တယ်မလား.......’’
သိပ်ကြိုက်တာပေါ့... ဘတ်သီးတို့စွဲလန်းခဲ့ရတဲ့ သီချင်း... ဘတ်သီးတောင် ဝေးခနဲ အော်မိသေးတယ်...
‘‘‘‘‘ စူးစမ်းဖူးပါရဲ့............. ငယ်စဉ်အခါ အချစ်များစွာ............. ရူးမိုက်စွာ ငါဟာတက်မက်ခဲ့ရသော.............. ......................................... ’’
ကောင်းလိုက်တာဗျာ.... လေးဖြူလို အသံပါဝါကောင်းကောင်းနဲ့ ဆိုသွားတာများ...... ပရိတ်သတ်တွေဆိုတာလဲ ဒီသီချင်းလဲရတာပဲဗျ... အဆိုတော်စဆို ထဲကိုက လိုက်ဆိုကြတာများ တစ်ကွင်းလုံးကို ဟိန်းနေတာပဲ.....
‘‘‘‘‘` .................... ထင်မှတ်ထားခဲ့သူ မီးကို.... ရှိုက်နမ်းခဲ့...........’’’‘
အဲဒါလဲဆိုပြီးရော အဆိုတော်ကြီးက စင်ညာဘက်ကနေ ဘယ်ဘက်ကိုပြေးလို့ လက်ကလဲ ဟိုရမ်းဒီရမ်းနဲ့ မိုက်ကြီးကို ပရိတ်သတ်ကို ထိုးပေးရော... ဘတ်သီးတောင်မချင့်မရဲနဲ့....
‘‘ ဟာကွာ.................. အပြီအပြင်ဆိုရမယ့် နေရာမှကွာ.... ’’
ဆိုပြီး ပြောမိသေးတယ်....
အောက်က ပရိတ်သတ်ကတော့ သူတို့ရှေ့မိုက်ကြီးရောက်လာတော့ အဆိုတော်ကြီးက မာနမကြီးဘူးဟ ဆိုပြီး လှိမ့်ကိုအော်တော့တာ..... ငဖြိုးနဲ့ ကိုကြည်ဆို ခေါင်းချင်းဆိုင်ပြီးတော့ကို ဆိုနေကြတာ....
‘‘‘‘‘‘ ........ ရင်ခုန်သံရဲ့မှတ်တမ်းလေး........... ငါလွှဲမှားသွားခဲ့ရပြီ......... အိမ်မက်ကဗျာ.....’’’’’
အော်.... ပရိတ်သတ်ကတော့ တာဝန်ကျေပါ့... တော်လိုက်တဲ့ရွာသားတွေ.. ဘတ်သီးဂုဏ်ယူမိနေသေးတယ်...
ဒီလိုနဲ့ အတီးကလဲ SOLO တွေဘာတွေဝင်ပြီးတော့ နောက်တစ်ကျော့ ပြန်ဝင်လာပြန်ရော....
‘‘‘‘‘‘ စူးစမ်းဖူးပါရဲ့.......... ငယ်စဉ်အခါ အချစ်များစွာ..... ရူးမိုက်စွာငါဟာ...............’’’’’’’
ဒီတစ်ခါတော့ ရွာသားတွေ မောသွားလို့ထင်ပ... အားလုံးငြိမ်ပြီးကို နားထောင်နေကြတာ.....
‘‘‘‘‘‘............... ထင်မှတ်ထားခဲ့သူ မီးကို ရှိုက်နမ်းခဲ့................’’’’’’’
ဟော...လာချေပြီ ဘတ်သီးမျှော်နေတဲ့ chorus အပိုဒ်လေး..... မျက်လုံးလေးစင်းပြီး ခံစားမယ်ကြံတုန်း
‘‘ လုပ်လေ သားကြီးတို့ရဲ့..... လုပ်စမ်းပါ... ဟဲလိုက်လေ.. ဖွင့်ထုတ်ပြစ်လိုက်’’
ဆိုပြီးတော့ မိုက်ကြီးကိုရှေ့ထိုးပေးပြန်ရော... ပြီးတော့ လူတွကြားထဲ ဟိုဒီကြည့်လိုက်ပြီး ဘတ်သီးကိုတွေ့တော့ လက်ညှိုးတည့်တည့်ထိုးလို့ သွားငှားတုန်းက မျက်မှန်းတန်းမိတယ်ထင်ပ....
‘‘ ဟာ........ သားကြီး လုပ်လေကွာ.... ဘာလဲ မဂွမ်းသေးဘူး... လုပ်လေ... အော်စမ်းပါ....’’ တဲ့။။။
ကိုယ့်ကိုတည့်ပြောလာတော့လဲ ဘတ်သီးတောင် ကြောင်သွားတယ်.... ငြိုငြင်သွားပြန်ရင်လဲ အဆိုတော်မလေးတွေ အကြောင်းမပြောပဲနေဦးမယ်...မထူးပါဘူးလေ... ရွာသားတွေနဲ့ အပြိုင်ပဲ ဘတ်သီးလဲ....
‘‘‘‘‘‘အိမ်မက်ကဗျာ မှားယွင်းခဲ့ တို့အိမ်မက်လေး.......................’’’’’
အကုန်ပါပဲ... အပြီးထိကို ရွာသားတွေနဲ့ ဘတ်သီးတို့ဆိုသွားကြတာ..... အဆိုတော်ကြီးကတော့ စင်ထောင့်က လုံခြုံရေးယူထားတဲ့ ဦးဇင်းတွေစီမှာ ကွမ်းသွားစားရင်း စကားပြောနေလိုက်တာ ပြီးခါနီးကြတော့မှ ပြေးလာပြီး..............
‘‘‘‘ အိမ်မက် ကဗျာ....... ’’’’’
‘‘ THANK U............. ခိုက်တယ်.... ရေလည်ဂွမ်းတယ်...... ဒီလိုပရိတ်သတ်နဲ့ကတော့ အပီကို ဆွဲပြစ်ချင်နေတာ...... THANK U............ ’’
ပြောပီးပြန်ဝင်သွားရော... ရွာသားတွေကတော့ လက်ခုပ်တွေတီး လက်ခေါက်တွေ မှုတ်လိုက်ကြတာ .. အနုပညာ ပိုးဝင်သွားမှဖြင့် ကိုယ့်ဘာသာဆို ဖို့မြို့တောင်တက်ငှားထားရတာ... ပြီးတော့ ကိုယ့်ဘာသာကိုယ် အားပေးနေလိုက်ကြတာနော်........... သူကတော့ ရေလည်ဆွဲချင်မှာပေါ့ ပင်မှမပင်ပန်းတာ.. တစ်ကြောင်းလား ဆိုပြီး စကားတွေပြော.. ဟိုလူကိုဆိုခိုင်း ဒီလူကိုဆိုခိုင်းနဲ့....ဘတ်သီးတွေးနေတုန်းရှိသေးတယ်.... ဟေး ခနဲအားပေးကြတော့ ဘယ်သူတွေများလဲ... ငါ့များဆိုခိုင်းနေဦးမှာလား ဆိုပြီးလန့်တောင်သွားတယ်.....
ဒီတစ်ခါထွက်လာတာကတော့ မိန်းကလေးတွေဗျ... ဟေဟေ့... အခုမှတစ်ကယ် ဂွမ်းတော့မှာဗျ... ကောင်မလေးက ၅ယောက်တောင်... ၃ ယောက်က ဆင်တူဝတ်ထားသေးတာ... ဘတ်သီးတို့က သီချင်းခွေတွေ မလွတ်တမ်းကြည့်ထားတာပဲ ဒီလောက်တော့သိတာပေါ့... ဆင်တူ ၃ ယောက်က အကအဖွဲ့လေ..... အဆိုတော်လေးနှစ်ဦးက ကျောပိုးအိတ်လေးတွေတောင် လွယ်ထားသေးတယ်....
‘‘သမီးတို့ အခုဆိုမယ့် သီချင်းလေးကတော့ ကျောင်းဖွင့်ချိန် ဆိုတဲ့ သီချင်းလေးပါ... အားပေးကြပါဦး.....’’
ကြည့်စမ်း........ တော်လိုက်တဲ့ သမီးလေးတွေ... ကျောင်းဖွင့်ချိန် သီချင်းဆိုမှာမို့လို့ ကျောပိုးအိတ်လေးတွေနဲ့ .. လုပ်တက်လိုက်တာနော်.....
‘‘‘‘‘ JULY မိုးရဲ့ မိုးစက်လေးတွေထဲ.............. ရင်ခုန်စွာနဲ့ လျောက်လို့ကြည့်နေတယ်............’’’’’
အလိုလေး.... တိုက်ဆိုင်လိုက်တာနော်... ဘတ်သီးတို့ငယ်ငယ်က ဆိုညည်းခဲ့တဲ့ သီချင်းလေး...... သိပ်ကြိုက်တာပဲ သမီးတို့ရယ်... ဒါပေမယ့် သူတို့ဆိုတာထက်ကို ကနေတဲ့ကောင်မလေးတွေကို ပိုအာရုံစိုက်မိနေမိတယ်... ကြည့်လေ အဆိုတော်မလေးတွေက မိုးစက်လေးတွေနဲ့လို့ ဆိုတာနဲ့ သူတို့က လက်ကလေးတွေကို ပွစိပွစိ လုပ်ပြီးတော့ အပေါ်ကနေ အောက်ကိုကျလာတဲ့ ပုံစံလေးလုပ်ပြတာ.... မိုးတွေရွာနေတာပေါ့လေ....
ဟယ်........... ညည်းတို့ သိပ်တော်တယ်ကွယ်..... ပါးစပ်ကနေတောင် ထုတ်ပြောမိတယ်လေ....
‘‘ ရင်ခုန်စွာနဲ့ လျောက်လို့ကြည့်နေတယ်...’’
အဲဒီမှာလဲ အရင်ဆုံး ရင်ဘတ်လေးတွေကို လက်ကလေးဖိ နိမ့်ချည်မြင့်ချည် လုပ်ပြပြီး နဖူးပေါ်လက်ဝါးလေး တစ်စောင်းတင် ဟိုကြည့်ဒီကြည့် ရှာတဲ့ပုံလေး လုပ်ပြကြတာ........
‘‘ လိုက်ရှာမိတယ် သိလား တန်ခိုးရှင်ရယ်...... ’’’
ဟော အဲဒီမှာကြတော့ .... တန်ခိုးရှင်ဆိုတာကို လက်ကလေးပိုက်လို့ ကိုယ်ကိုနောက်လှန်ထားပြီး ပရိတ်သတ်ကို ကြည့်နေတာ... ခန့်ခန့်ကြီးဆိုတော့ တန်ခိုးရှင်ပေါ့လေ.... အကတွေကတော့ ပြောင်မြောက်ပါပေတယ်ကွယ်....
‘‘‘‘ မိုးရွာထဲမှာလဲ ...... ပြေးလာမိမှာပဲ............ ကြိုနေပါကွယ် ချစ်တဲ့သူရယ်... ကျောင်းဖွင့်ချိန်မယ်.....’’’’’
ဟော... မိုးရွာပြီဆိုတော့ ခုဏလို ပွစိပွစိ လေးတွေလုပ် အံမယ်... ပြေးတောင်ပြေးလိုက်သေးတယ်ဟ... ကျောင်းဖွင့်ချိန်ဆိုတဲ့ နေရာမှာတော့ လက်တွေက အပေါ်ကို ကားပြီး ဖွင့်လိုက်တာ... လုပ်ဟ သမီးတို့ရေ....
ရွာက ဘဲဥတို့ တစ်သိုက်ကတော့ သူတို့လုပ်သမျှတွေ လိုက်လုပ်ကြတာ ဆိုဖို့တောင်မအားတော့ဘူး... ဒီလိုနဲ့ နောက်တစ်ကျော့ ပြန်ဝင်နေပြန်တော့လဲ ဒါပဲ...
အော်.... ကြည့်ရင်းတွေးမိတာ .. အရင်ကဆို ရွာသူရွာသားတွေနဲ့ ကျင်းပတုန်းကနဲ့ ဘာမှမထူးပါလား... အဆိုတော်ကြီးကလဲ ရွာသားတွေကိုပြန်ဆိုခိုင်းသွားတယ်..... အခုဟာလေးတွောကတော့ အကလေးတွေတော့ ဂွမ်းပြီထင်ခဲ့သမျှ ရွာက ကလေးတွေ တေးသရုပ်ဖော်ကသလိုပါပဲလားနော်.... တွေးရင်း စိတ်တွေညစ်နေတာ
thank u .........ဝူးးးးးးးးးးးးးးး
ဆိုမှပဲ အသိပြန်ဝင်တော့တယ်... အခုမှရွာသားတွေဆိုတာလဲ နား၇တော့တာ... ဘတ်သီးဘေးက နားလုံးဝမကြားရတဲ့ အဖွားမြကတောင် ကောင်မလေးတွေဆိုသွားတဲ့ သီချင်းလေးအရမ်းကောင်းတယ်တဲ့..အော်... သူက တေးသရုပ်ဖော်လေးတွေကြည့်ပြီး ခံစားသွားတာပါလားနော်.... ဘတ်သီးကတော့ နောက်ဘယ်သူများ ဘာတွေလုပ်ဦးမလဲ ဆိုပြီး ထွက်လာမယ့်လူကို ငံ့လင့်နေတာ....
‘ဟဲ့...... ပလုပ်တုတ်... ’
လန့်တောင်သွားတယ်... ဆိုမယ့်လူတွေက ရိုးရိုးလာတာမဟုတ်ဘူး... ပြေးပြီးတော့ကို ဝင်လာတာ... ဘယ်သူ့ကိုမှလဲ ဂရုမစိုက်ဘူး... ဘာမှလဲမပြောဘူး... ဘောင်းဘီခွကိုပဲ ဆွဲတင်လိုက် သူတို့ အချင်းချင်း ဘာတွေပြောနေမှန်းကို မသိတာ... သဘက်တစ်ထည်စီ ပခုံးပေါ်တင်ထားသေးတာ... ဗီဒီယိုထဲက ဆိုက်ကားသမား သရုပ်ဆောင်တွေလိုပေါ့... အပြင်မှာဆိုက်ကားသမားတွေ လုပ်တာတော့ မတွေ့ဘူးတာအမှန်ပဲ..... နောက်တော့ ရေသန့်ဘူးကြီးတစ်ဘူးတောင်ပါသေး.... ရွာမှာက ရေသန့်မရှိတော့ သူတို့ကလဲ ရပ်ပါ ဒီဇိုင်းတော့ အညှိုးမခံဘူးဆိုပြီးတော့ ဘုန်းကြီးကျောင်းက ဘူးကြီးကိုဆွဲချလာတာ..
ရွာက မြီးကောင်ပေါက်လေးတွေဆိုတာတော့ ကြိုက်လွန်းလို့ ခုန်ဆွခုန်ဆွဖြစ်နောကြပြီ.....
အဲဒီတော့မှ ခေါင်းစောင်းစောင်းနဲ့ နောက်တစ်ယောက်တက်လာပြီး စင်ထောင့်နားက ဗီရို နောက်သွားရပ်လိုက်တယ်......
အလိုလေး.... ဘတ်သီးက ဗီရိုထင်နေတာ.. ဘယ်ဟုတ်မလဲ DJ စားပွဲလေးဖြစ်နေတာ... စုံတော့စုံပါ့ .. အမျိုးအစားတွေ အစုံကြည့်ရချေသေးရဲ့......
ပွတ်မယ့်ကောင်က မိုက်ကို တည့်ထားပေးလို့မရပြန်ဘူး.... အပေါ်ကနေ ထုပ်တန်းကနေ အောက်ကို ဇောက်ထိုးချပေးထားရတာ...... ဆန်းပါပေ့ကွယ်.....
‘‘` YO.... YO  လေဒီး အင် ဂျန်းတန်းမန်း......’’
‘‘‘ ဟေး............. ဗူးသီးနဲ့ကြက်သားဟင်း ကွ...’’
အဲသလို ဘာတွေမှန်းကိုမသိ.... ပြန်အော်ကြတာ.... ပြီးတော့ ဟိုအဆိုတော်ကြီးလိုများ သူကပွတ်ခိုင်းရင် ပြေးပွတ်ဖို့ ငဖြိုးတို့ စင်ပေါ်ကို ဆွဲတက်နေလို့ ဦးဇင်းတွေက မာန်ထားရသေးတယ်....
စဆိုတာနဲ့ ဘာမှန်းနားထောင်လို့မရတာ... ကပ္ပလီ သံချပ်ပေါ့လေ..... ရွာကလူငယ်လေးတွေကတော့ ရသား.. ဒီလောက်များတဲ့စာသားတွေကို .... ကျောင်းကစာတွေသာမရင်တာ.. ဒါကြတော့ ဖြစ်သားဟ.....
ဒီလိုနဲ့ဆိုလာလိုက်တာ.... စာသားတွေပြီးတော့ ပွတ်တဲ့ကောင်က သံစဉ်တစ်ခုကိုပွတ်တော့ အဆိုတော်တွေက အဲဒီသံစဉ်ကို ပါးစပ်နဲ့ လိုက်တီးတာ... တစ်ယောက် ဆိုနေရင် ကျန်တဲ့လူတွေက ရေဘူးထဲကရေကို လုသောက်လိုက် ... သဘက်နဲ့ ချွေးတွေသုတ်လိုက်နဲ့ ဟုတ်နေတာပဲ...
ဂျလိ...ဂျလိ... ဂျစ်ဂျစ်... ပကျွတ်.... ပကျွတ်......
ဘု့ ဘောက်ဘောက် ဘူထုဘူထု.... ဖွတ်ဖွတ် ဒုဒု ဒု့ဒု့ ဘွတ်
အလွန်တရာမှ ဆန်းကြယ်လှပါပေတယ်....... အပြိုင်အဆိုင် ကိုပွတ်ကြ.. အဆိုတော်တွေကလဲ ပါးစပ်နဲ့ beat ကိုလိုက်ကြနဲ့......... DJ ခမျာမှာလဲ ဘယ်လိုကြောင့်လဲတော့မသိဘူး....... နားကြပ်ကြီးကို မတပ်ပဲ တဘက်ထဲကို နားနဲ့ပခုံးကြားညှပ်လို့ ကြီုးစားပွတ်ရှာရတာ... ရွာကကလေးတွေကလဲ ပါးစပ်နဲ့ သူတို့လုပ်သလို beat လိုက်ကြတာ..... ဘတ်သီးတောင် စိတ်ပါလာပြီး ပါးစပ်ကနေ...
ဘု့ဘု့.... ဒု့ဒု့ ဘွတ်ဘွတ် ဒူချပ်ဒူချပ် ဗြွတ်ဗြွတ်... ထွီ...
အာရောကုန်ပါပီ...ဒီကြားထဲ ယောင်ပြီး ထွီ ခနဲထွေးမိတာ ရှေ့က ငဖြိုးကပေစောင်းစောင်းလှည့်ကြည့်လို မသိချင်ယောင်ဆောင်နေရသေးတယ်.......
ဒီလိုနဲ့ပဲ ပြီးလဲပြီးရော.... အဆိုတော်တွေက
yeahhhhhhhhhh
ဆိုအော်ပြီးတော့ ဝင်သွားကြတာ.....
အဲတော့မှပွတ်တဲ့ကောင်လေးလဲ ခေါင်းစောင်းစောင်းနဲ့ ပြန်ဆင်းသွားတာ.. သူ့ခမြာ ပွဲတွေဆက်နေတယ်ထင်ပ.... နားကြပ်ကြီး ညှပ်ရလွန်းလို့ ခေါင်းတောင်စောင်းနေရှာတာ....
အဲဒီနောက်တော့ ဘတ်သီး စိတ်ဓါတ်တွေကျလာတာနဲ့ အိမ်ပြန်လာ စောင်ကြီးခေါင်းမြီးခြုံပြီး မအိပ်နိုင်ပေမယ့် ဇွတ်ကို အိပ်ပျှော်အောင်လုပ်နေမိတယ်.... တစ်ခါတစ်ခါ ပွဲစီကလွင့်ပြန်လာတဲ့ သီချင်းသံလေးတွေကိုနားစွင့် နေမိပြန်ရော......
ဟာ.... အဆိုတော်ကြီး အလှည့်ပြန်ရောက်လာပြန်ပြီ.... ဝါသနာကို ဖျာကာလို့မရဘူးဆိုတဲ့စကားအတိုင်း ငုတ်တုတ်ထထိုင်လို့ သီချင်းသံလေး နားစွင့်မိပြန်ရော....ဒါပေမယ့်မကြာပါဘူး ...တစ်ကြောင်းလောက်အပြီးမှာတော့ ရွာသားတွေအသံ ဟိန်းခနဲ ထွက်လာတဲ့နောက်ပိုင်း ဘတ်သီး တကယ်အိပ်ပျှော်သွားခဲ့ရပြီလေ......................................
A KA

Comments

  1. ဝတ္ထုတိုလေးတွေ စောင့်ဖတ်ရင်း အားပေးနေပါတယ် ...

    ReplyDelete

Post a Comment

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

မနေနိုင်လို့ရေးတဲ့စာ

တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။   ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ...

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...