Skip to main content

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။

Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။

(၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။

Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။

Batt.T Htet  ဟာ ဆိုက်ကားကို ကိုယ်တိုင်နင်းလေ့ရှိတယ်။  ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ပါ။

Batt.T Htet  ဟာ ဘယ်တော့မှ ဘတ်(စ)ကား မစီးသူဖြစ်တယ်။ စီးပွါးရေးနည်းလမ်းကျကျအရာရာပြီးစီးနိုင်ဖို့ သူအမြဲတွေးတောလေ့ရှိတယ်။ခရီးက နီးရင် လမ်းလျှောက်သွားလေ့ရှိပြီး ဝေးရင်တော့ သူ့ရဲ့ ကိုယ်ပိုင်ဆိုက်ကားကို အသုံးပြုလေ့ရှိတယ်။

သူ့ကုမ္ပဏီဖြစ်တဲ့ BTNNH မှာ ဆိုက်ကား (၃)စီးရှိတယ်။ သူဟာကုမ္ပဏီက ဆိုက်ကား အငှားနင်းသူတွေကို တစ်နှစ်မှာစာတစ်စောင်ရေးပို့လေ့ရှိတယ်။ အဲဒီစာထဲမှာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပါတယ်။သူဟာ ဘယ်တော့မှ လုပ်ငန်းလုပ်ရိုးလုပ်စဉ် အစည်းအဝေးတွေ မလုပ်သလို ဖုန်းဆက်သူလည်း မဟုတ်ဘူး။ သင့်တော်တဲ့လူအတွက် သင့်တော်တဲ့အလုပ်ကိုလုပ်စေတယ်။

ဆိုက်ကားနင်းသူတွေကို သူစည်းကမ်းနှစ်ချက်ပဲထုတ်တယ်။ (၁) ဆိုက်ကားအုံနာကြေးကို နောက်မကျစေနဲ့။(၂) နံပါတ်(၁)စည်းကမ်းချက်ကို မမေ့ပါနဲ့။ရည်မှန်းချက်ထားပြီး အဲဒီရည်မှန်းချက်အတိုင်း သေချာလုပ်ဆောင်ကြဖို့ မမေ့နဲ့လို့ဆိုပါတယ်။

Batt.T Htet  ဟာ လက်ကိုင်ဖုန်းမကိုင်သလို သူ့အလုပ်စားပွဲမှာလည်း ကွန်ပျူတာမထားပါဘူး( ရှိမှ မရှိတာ )

ရပ်ကွက် လှုပ်ရှားပျော်ရွှင်ပွဲတွေမှာ သူမပါသလို သူ့အားလပ်ချိန်ကို မီးဖုတ်ထားတဲ့ ကုက္ကိုစေ့တချို့စားခြင်းနဲ့ ဖဲရိုက်တာအတွက် အသုံးချဖြစ်တယ်။ မထုတ်ဖော်၊မကြွားဝါပါနဲ့။ စစ်မှန်တဲ့ ကိုယ်ပိုင်ဟန်အတိုင်းနေပြီး ကိုယ်လုပ်သမျှအရာပေါ် သာယာကြည်နူးပါ။



လူငယ်တွေကို Batt.T Htet ရဲ့ အကြံပေးချက်က း

အကြွေးကို တတ်နိုင်သမျှ များများဝယ်ပါ။ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး အောက်ကအချက်တွေကို မှတ်ထားပါ။

(၁) ချမ်းသာကြွယ်ဝခြင်းက လူတွေကို မဖန်ဆင်းဘူး၊ လူတွေကသာ ချမ်းသာကြွယ်ဝမှုကို ဖန်ဆင်းတယ်။ ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းပါ။

(၂) လူများပြောသလို လိုက်မလုပ်နဲ့၊ များများနားထောင်ပြီး အကောင်းဆုံးလို့ ကိုယ်ထင်တဲ့အရာကို လုပ်ပါ။

(၃) နာမည်ကြီးတံဆိပ်တွေနောက် မလိုက်နဲ့။ ကိုယ်နဲ့သင့်တော်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ဝတ်ပါ။ ငွေကြေးတွေကိုမလိုအပ်တဲ့ပစ္စည်းအပေါ် မသုံးဖြုန်းပါနဲ့။ တကယ့်ငွေကြေးလိုအပ်တဲ့ လူတွေအပေါ် ငွေကိုသုံးပါ။

(၄) ဒါဟာ သင့်ကိုယ်ပိုင် ဘဝဖြစ်တယ်။ ဘာဖြစ်လို့ သင့်ဘဝကို တခြားလူနဲ့ အထိန်းချုပ်ခံမလဲ?

အပျော်ရွှင်ဆုံးလူဆိုတာ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားချင်မှပိုင်ဆိုင်မယ်။ ဒါပေမယ့် Batt T.Htet ကတော့ ဘဝလမ်းတစ်လျှောက် တွေ့ကြုံခံစားရတဲ့အရာတစ်ခုတိုင်းကို တန်ဖိုးထားတယ်လို့ဆိုပါတယ်။ ဒီလို လူ့ဘဝလမ်းကို ကျွန်တော်တို့ ရွေးချယ်ကြပါစို့။

မှတ်ချက် ။ ။ အဆိပ်အတောက် စာပေဖြစ်ပါတယ်။

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။