ဒီလောက်ဆို
လင်းလောက်ပြီ ထင်ခဲ့တာ။
ဆီကုန်သွားလည်း
မီးမငြိမ်းအောင် ဆက်လောင်ခဲ့တယ်၊
နောက်ဆုံးတော့
လောင်စာ ဘယ်ဟာလဲ
မသိတော့ဘူး။
အလင်းကတော့ ရှိနေသေးတယ်၊
အပူကပဲ ပိုများလာတာ။
တခါတလေ
ငြိမ်းလိုက်ရင် ကောင်းမလား တွေးမိတယ်၊
ပြီးတော့
အမှောင်ကို မခံနိုင်မယ့်သူတယောက်ကို
သတိရပြန်တယ်။
ဒီလိုနဲ့ပဲ
ပြာတွေကို မမြင်ရသလိုမျိုး
အလင်းတွေ ဆက်လောင်နေဦးမယ်။
မီးငြိမ်းသွားတဲ့အခါမှပဲ
ဘယ်လောက်လောင်ခဲ့လဲ
သိရမယ်ထင်တယ်။
Comments
Post a Comment