ဒီလိုအချိန်မှာ ဒီလိုမျိုးစိတ်တွေလှုပ်ရှားနေတက်တာကို အပြစ်ပြောမယ်ဆိုရင်တော့ ဘတ်သီးတို့လို တောသူတောင်သားတွေက အတင်းကို အကြောက်အကန်ငြင်းရလိမ့်မယ်..... တစ်နှစ်ပတ်လုံး နွားနဲ့လူ ကွဲတယ်ရယ်မရှိပဲ အင်တိုက်အားတိုက် ဝမ်းရေးအတွက် ရှာဖွေလာခဲ့ပြီးမှ အခုလို ထွန်သိမ်းချိန်... မိုးလေကလဲ ကင်းလွတ်ချိန် တန်ဆောင်တိုင် ကာလကိုရောက်လာမှဖြင့်တော့ ရွာက ကာလသား ကာလသမီးတွေ မပြောနဲ့ ဘတ်သီးတို့လို လူပျိုသိုးတွေတောင် စိတ်တွေလှုပ်ရှားလာရတာ.... တန်ဆောင်တိုင်ကာလကို ရောက်လာမှဖြင့်တော့ ရွာရဲ့ အောင်ချမ်းသာဘုရားကြီး ဆီမီးကပ်လှူပူဇော်ပွဲ အပြင် အရပ်ဇာတ်လေးတွေလဲ ကျင်းပလေ့ရှိတော့ ရွာက ကာလသားတွေဆိုတာလဲ ဘတ်သီးအနားမှာ တဝဲဝဲလည်နဲ့ မိန်းကလေးတွေဆိုရင်လဲ ပြဇာတ်ထဲပါဖို့အရေး ဘတ်သီးကို မျက်နှာသာပေးကြချိန်ပေါ့လေ..... ရွာလူကြီးတွေကလဲ ဘတ်သီးကို အစစ အရာရာလွဲထားပြန်တော့ ဒီလိုအချိန်ရောက်လာမှဖြင့် သူတို့လေးတွေ နည်းတူ ဘတ်သီးတစ်ယောက် စိတ်တွေလှုပ်ရှား လာတက်တာ မဆန်းဘူးပြောရမှာ... ဒီအချိန်ရောက်မှလဲ မိန်းကလေးတွေနားကို ကပ်ခွင့်ရှိပြန်တာလေ.... အရင်နှစ်တွေကဆို ယိမ်းတွေကိုတောင် ဘတ်သီးကိုယ်တိုင် တိုက်ပေးတာပေါ့... ဘတ်သီးဘဝက ဒီလိုအချိန်ကြမှ စိုပြေလာတက်တာ......
ပြောချင်ရာပြော ရေးချင်ရာရေးဖို့