Skip to main content

ရှင်လျက်နဲ့တင်ဆက်ကြသူများ

လူဆိုတာသေမျိုးတွေပဲလို့ သိထားပေမယ့် အခုလိုချစ်ခင်ရင်းနှီးတဲ့လူတစ်ယောက် ရုတ်တရက် ဆုံးပါးသွားတာကို ဘတ်သီးဖြေလို့မရဖြစ်နေမိတယ်....။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့အပြင် စာရေးဖော် ကဗျာရေးဖော်လဲဖြစ်နေတော့ ပိုခံစားနေရတယ်လေ.... ။။။
အခုဆုံးသွားတဲ့ ငဖြိုးဆိုတာက ဘတ်သီးရဲ့ အချစ်ဆုံးသူငယ်ချင်း.... ငယ်ငယ်ထဲကပေါင်းလာတဲ့အပြင် စာရေးစာဖက်ဝါသနာကလဲ တူနေပြန်တော့ အခုထိကိုအတွဲညီညီ နေလာနိုင်ခဲ့တာလေ...။ ငဖြိုးက ဆေးပညာပေးစာအုပ်တစ်အုပ်မှာ ပွေးပျောက်နည်း လမ်းညွှန်ဆောင်းပါးတစ်ပုဒ်..... နောက်ပြီး... လမ်းပေါ်က အမှိုက်ပုံကြီး မြင်မကောင်းပါဆိုတဲ့... ဝေဖန်ရေး တစ်ပုဒ်ဖော်ပြခံရတဲ့အထိ ဘတ်သီးရဲ့ စာတွေကို ဘယ်ကမှ မဖော်ပြသေးတော့ စိတ်ဓါတ်ကျနေချိန် ဘေးကနေ အားပေးခဲ့တဲ့ သူငယ်ချင်းလဲ ဖြစ်နေတော့ အခုလိုသူဆုံးပါးသွားချိန် သိပ်ကိုနှမြောမိနေတယ်.....။။ သူငယ်ချင်းအတွက် အမှတ်တရလေးတစ်ခုလောက် လုပ်ပေးချင်ပေမယ့် သူ့ရဲ့အဘိုး.... အနုပညာကိုမခံစားတက်သူကြီးက စိတ်ကသိပ်ရှည်တာမဟုတ်... အရင်ထဲက စာတွေရေးကဗျာတွေရေးနေတာကို သိပ်ကြိုက်တာမဟုတ်ဘူး.... ။ အဲတော့ အမှတ်တရတောင်လုပ်ပေးဖို့ မရဲဘူးဖြစ်နေတာ...။။။။
‘‘ဆရာ......... ဆရာ ဘတ်သီး... ဆရာရှိပါလား.........’’ ။
အိမ်ရှေ့က အသံတွေကြားတာနဲ့ ဘတ်သီးလဲ အနားက ရုရှားစာအုပ်ထူကြီးကို ချက်ချင်းကောက်ကိုင်လိုက်ပြီး
‘‘ေဩာ်.... အေးအေး....
ရှိပါတယ်ကွယ်... ဝင်လာခဲ့ပါ.... ’’ ။
အနည်းငယ်အကြာတော့ အမျိုးသမီးတစ်ဦးဝင်လာပြီး.....
‘‘ ဟုတ်ကဲ့... ကျမနာမည်ကလေ ပန်းဥ လို့ခေါ်ပါတယ်ဆရာ.... သမီးက အခုဆရာဖြိုး ဆုံးတယ်ကြားတာနဲ့ ချက်ချင်းကိုလာခဲ့တာပါ.... သူကသမီးရဲ့ ဆရာအရင်းကြီးလို့ ပြောလဲမမှားပါဘူးလေ... အခုတော့..... အခုတော့... ဟင့်ဟင့်.................. ဆရာရယ် အသေစောတယ် ဆရာရယ်............ ဟင့်ဟင့်...’’
ထိုမိန်းကလေးမှာ တွေ့သည်နှင့် ပြောလဲပြော ငိုလဲငို နေပေရာ မနေသာတော့ပဲ.....
‘‘ အော်... သမီးရယ်... အဲ...ဘာလဲ နာမည်က... ’’
‘‘ ဘဲဥလို့ ခေါ်ကြပါတယ် ဆရာရယ်..... ’’
‘‘ အေး.......... သမီးဘဲဥရေ.... ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့.... ဒီလိုပါပဲ လူတွေအားလုံးဟာ တစ်နေ့တော့ ခွဲခွာကြရမှာမလား.... ’’
‘‘ ဟုတ်ပါတယ် .... ဆရာရယ်... ဒါပေမယ့် သမီးကို အနုပညာ မျိုးစေ့ချပေးခဲ့တဲ့ ဆရာကို ကျေးဇူးဆပ်ခွင့် မကြုံလိုက်တာကို ဖြေမရနိုင်တာပါ ဆရာရယ်....’’။။။
ထိုအခါ ဘတ်သီးမှာ ပြေရာပြေကြောင်းပြောရတော့တာပေါ့လေ...
‘‘ ဒါပေါ့ သမီးရဲ့... သို့ပေမယ့် ကျေးဇူးဆပ်တယ်ဆိုတာက ဆရာရှိနေမှမဟုတ်ပါဘူး... သူမရှိလဲ စာပေတွေရေးနေမယ်... ဆရာပြောထားတဲ့ စကားတွေကို အမြဲဦးထိပ်ပန်နေမယ်ဆိုရင်ဖြင့် သူ့ကိုကျေးဇူးဆပ်ရာ ရောက်တာပေါ့လေ သမီးရယ်.... မဟုတ်ဘူးလား.....’’။။။
ထိုအခါ ဘဲဥက...
‘‘ ဟုတ်လိုက်တာ ဆရာရယ်... ပြောတက်လိုက်တာ... ဟုတ်ပြီ... ဒါဆို အခုသူ့အိမ်ကိုသွားကြမယ်.... သမီးတို့တွေ လွမ်းဆွတ်ခြင်းအနေနဲ့ အနုပညာတွေ တင်ဆက်ကြမယ်လေ... မကောင်းဘူးလား ဆရာ..’’
ဟိုက်... ကိုယ့်ရှုးကိုယ်ပြန်ပက်နေချေပြီ....... ချက်ချင်းပဲ ငဖြိုးတို့ အဘိုးမျက်နှာကြီးကို ပြေးမြင်မိတယ်...။။
ဒါပေမယ့် အခုဟာက သူစိမ်းဆိုတော့ ပြောတော့ပြောမှာမဟုတ်ဘူး.ီး.. ပြီးတော့ အခုဟာက သူ့မြေးကို ဂုဏ်ပြုမယ့်ဟာပဲလေ... ဘာမှတော့ မပြောလောက်ပါဘူး တွေးမိပြီး......
‘‘ အေးလေ... သွားကြတာပေါ့ သမီးရယ်... လုပ်သင့်ပါတယ်လေ.... ’’။။။
အိမ်ရောက်သွားတော့ လူတွေကတော်တော်စုံနေတာ...... အမျိုးတွေစုံချိန်ပေါ့လေ...။ ဘတ်သီးအထဲကိုဝင်လာတာ တွေ့တော့ ငဖြိုးတို့အဘိုးက မျက်မှောင်ကြီးကြုံ့လို့ ဒီကောင်ဘာတွေလာရှုပ် တာလဲဆိုတဲ့သဘောနဲ့ ကြည့်နေတာ...။ နောက်ကနေလိုက်ဝင်လာတဲ့ သူစိမ်းမိန်းကလေးတွေ့တော့မှ ...
‘‘ အော်........ ဧည့်သည်လဲပါတာကိုး.... လာပါလာပါ.... ထိုင်ကြပါ.... ’’
ဆိုပြီး ခေါ်ဖော်ရတယ်......။
ထိုင်လဲပြီးရော.... ဘဲဥကစလို့...
‘‘ အဘိုးရယ်.. သမီးက ဆရာဖြိုးရဲ့ တပည့်လေးပါ... အခုဆရာဆုံးတာကြားလို့ ကြားကြားချင်းကို လာခဲ့တာပါ ...။ ’’
ငဖြိုးအဘိုးတောင် အံ့အားသင့်သလိုဖြစ်သွားတယ်.... ဘယ်... ဒီလိုကောင်က အခုမှတပည့်တွေ ဘာတွေ လာဂါဝရပြုခံနေရတဲ့ကောင်ဆိုတော့ ထူးဆန်းနေသလိုဖြစ်နေတာပေါ့....။ ဒါနဲ့..........
‘‘ နေပါဦး ကလေးမရဲ့..... ဒီကောင်က ဘာမှလက်ကြောမတင်း တနေကုန်တနေခမ်း အလေလိုက်နေတဲ့ ကောင်ကို ကလေးမက ဆရာတင်ထားမှတော့ ငါးပါးတော့မှောက်တော့မှာပဲ.... အဘဖြင့် နားရှိလို့သာ ကြားရပါတယ်ကွယ်... သိပ်တော့မယုံချင်ဘူးကွယ့်.......... ’’။
ဘဲဥကတော့ လက်ကလေးပျာပျာသလဲကာလို့...........
‘‘ အို.. မဟုတ်တာ ဘဘရယ်... ဆရာကလေ သမီးကို စာပေပညာတွေပေးသွားခဲ့တဲ့ ဆရာပါလေ... ပြောရင်း သမီးဖြင့် ဆရာကိုကျေးဇူးဆပ်ခွင့် မကြုံတာကို ဝမ်းနည်းမိတယ်...... ’’
‘‘ အော်.... ကလေးမရယ် ဘာတက်နိုင်မှာလဲလေ... ပြီးတာတွေပြီးပြီပဲလေ.... ကျန်တဲ့လူတွေက အကောင်းဆုံးလုပ်ပေးလိုက်ကြတာပေါ့...... မဟုတ်ဘူးလား.....’’
အဲဒီစကားကိုကြားလိုက်ရတော့ ဘဲဥမျက်နှာက ချက်ချင်းကို ဝမ်းသာအဲလဲ ဖြစ်သွားပြီးတော့...
‘‘ ဟုတ်ပ ဘဘ ရယ်... အခုလိုနောက်ဆုံးခရီးမှာ သမီးဖြင့် ဆရာကို တက်နိုင်သလောက် ကျေးဇူးဆပ်ချင်တာပဲ... ခွင့်ပြုပါနော် ဘဘ....’’
‘‘ နို့.... ကလေးမက ဘယ်လိုကျေးဇူးဆပ်ချင်တာလဲကွယ့် ... ကျေးဇူးဆပ်တယ်ဆိုတာ သူတော်ကောင်းတွေအလုပ်ပဲလေ... ဘာခွင့်မပြုစရာ ရှိမှာလဲ.... ကဲ... ပြော ကလေးမ... ဘယ်လိုကျေးဇူးဆပ်မှာလဲ သိပါရစေ.....’’
‘‘ ဒီလိုပါ.. ဆရာက သမီးကို စာပေပညာပေးခဲ့တော့ သမီးက ဆရာရဲ့နောက်ဆုံးခရီးမှာ စာပေကျေးဇူး ဆပ်တဲ့အနေနဲ့ ကဗျာရွတ်ချင်လို့ပါ ဘဘရယ်......’’
ပရိတ်သတ်တွေအားလုံး စားလက်စ မုန့်တွေတောင်နင်သွားတယ်... ဘဘ ကိုယ်တိုင်တောင် ဘာပြောရမယ် မသိဖြစ်သွားတာ.... ကဗျာရွတ်မယ်တဲ့.... ကဗျာဆိုတာ ငယ်ငယ်က မူကြိုတုန်းက ရွတ်လာရတာပဲသိတယ်.. အခုတော့ စာပေကျေးဇူးဆပ်တာ ကဗျာလေးနဲ့ဆပ်မယ်တဲ့လေ.....
ကဗျာဆိုတော့ ဘဘက ဘတ်သီးကိုတောင်မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်သေးတာ... ဘတ်သီးစနက်လေလားဆိုပြီး....
ဘတ်သီးကတော့ မသိချင်ယောင်ဆောင်လို့ လဘက်တွေလှိမ့်ဝါးနေတာ...
ပရိတ်သတ်တွေကို ဘဘကကြည့်လိုက်ပြန်တော့လဲ အားလုံးက ဘဘသဘောပါဆိုတဲ့ အမူအရာတွေနဲ့...
ဒီတော့ ခွင့်ပြုမယ်လဲပြောပြီးနေပြန်တော့ ......
‘‘ အေးလေ... ကလေးမ ရွတ်မယ်ဆိုလဲ ရွတ်ပေါ့ကွယ်... ဒါပေမယ့် အခုရှိနေတဲ့ လူတွေ.. အဲ... ဘဘအပါအဝင်ပေါ့လေ .. ဘယ်သူကမှ ကဗျာဆိုတာ စိတ်ဝင်စားတာမဟုတ်တော့ ကလေးမကိုတောင် အားနာမိတယ်.....’’
‘‘ အို... ၇ပါတယ်လေ... သမီးကရွတ်ရရင်ကိုကျေနပ်မိပါတယ်..... ကဲ....’’
တဆက်ထဲ ဘဲဥက အခန်းကိုဝေ့ကြည့်လို့ မတ်တက်ရပ်လိုက်တယ်... ဒါပေမယ့် အရပ်ကပုနေတော့ သိပ်အားမရဘူးထင်ပါတယ်... အခန်းထောင့် ပြူတင်းပေါက်ဘေးက ခုတင်ပေါ်ကို လုံးလုံး လုံးလုံးနဲ့ ပြေးတက်သွားတာ.... ပြီး... ခုတင်ပေါ်မှာ မတ်မတ်ရပ်လို့......
‘‘ ဟုတ်ကဲ့ပါရှင့်.... သမီးကိုဆရာက စာပေပညာတွေပေးသွားတာ မနည်းပါဘူးရှင်... အစက သမီးက ဝါသနာသာပါတာ... ကဗျာလျို့ဝှက်ချက်ကို မသိခဲ့ပါဘူး... ဆရာနဲ့တွေ့မှ ဆရာက ကဗျာဆိုတာ မတူတာတွေကို တွဲလုပ်ပြ၇တယ်... အဲဒီကရလာတဲ့ ခံစားမူ့ကို ဖော်ထုတ်၇တာတဲ့...
ဥပမာကတော့... ချစ်ခြင်းရဲ့အန်ဖက်တွေ..... ’’
ဘတ်သီးတောင် ရှေ့ကလဘက်ပန်းကန်ကိုနှိုက်မလို့ တွန့်သွားတယ်... ကျန်လူတွေကလဲ စားလက်စတွေ နင်သလိုဖြစ်သွားကြတာ... ဘဲဥကတော့ ဆက်ပြောနေတုန်းပဲ...
‘‘အဲသလို မတူတာနှစ်ခုပေါင်းစပ်လိုက်တော့ ဘယ်လောက်လှသွားသလဲ... တွေ့တယ်နော်.... ကဲပါ .....
အခုသမီးရွတ်မယ့် ကဗျာလေးက သမီးရဲ့ပထမဆုံး ကဗျာစာအုပ် နက္ခတ်ဆိုးတဲ့လပြည့်ည ထဲကဟာလေးပါ..
ဆရာဖြိုးရေ... သမီးအခု ဆရာအတွက်ကဗျာတစ်စင်းကို ဟောဒီက ပရိတ်သတ်ကြီးကို ချကျွေးခွင့်ပြုပါ... ဆရာလဲ ငရဲပြည်ကနေ.... အဲလေ.... တမလွန်ကနေ ဆရာ့တပည့်မအတွက် ဂုဏ်ယူပါတော့....
ကဲ စမယ်နော်.................
အပုတ်ကောင်ရုပ်ဆောင်ထားတဲ့ ဟောဒီ....ခန္ဓာကိုယ်ထဲကို........
ချစ်ခြင်းရဲ့ သွေးပုတ်တွေ စီးဝင်စေခဲ့ပြီး
ဘယ်ရင်အုံပေါ်က သံယောဇဉ် အနာဆွေးကြီးကို
တည်ငြိမ်မူ့ အနာဖေးတွေ တက်ခွင့်မရအောင်....
ခွင့်လွတ် အနာခံခြင်း ပြည်ပုတ်တွေ စီးဝင် ယိုကျ
အလွမ်းလောက်ကောင်တွေ တစ်ဖွားဖွားနဲ့ တဆစ်ဆစ်ကိုက်နေပြီး
ယင်မဲရိုင်းတွေထပြန် သွားမှ တွေ့ရမယ့် ကို့နှလုံးသားဟာ
သိမ်ငယ်ခြင်း မစင်တွေ လူးပေနေခဲ့တာပါ........။။။။။
ကဲ.......... ဘယ်လောက်ကောင်းလဲ သမီးချကျွေးတာလေး.....
‘‘ဝေါ့........ ဝေါ့
‘‘ အေ့.... အေ့ .... ကျောကိုနှိပ်ပါဟ.... ဝေါ့’’
ကောင်းမကောင်းတော့ မသိဘူး.... လူတွေအားလုံး စားလက်စတွေချလို့ အန်တဲ့လူကအန်... မူးတဲ့လူကမူးနဲ့ ..
အဲဒီအချိန်မှာပဲ...........
ကျယ်လောင်လှတဲ့ လက်ခုပ်သံကိုကြား လိုက်ရပြီး ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့ ကုလားလေး တစ်ယောက် အထုပ်ကြီး တစ်ထုပ်ထမ်းလို့ အိမ်ထဲကိုဝင်လာတယ်.... ပြီးတော့ သူကပဲ....
‘‘ ဟရေး.... အားကြီးကောင်းဒယ်.... ကလားနော်... နောက်ကျသွားတယ်... ဆရာဖြိုးအတွက် အနုပညာတွေတင်ဆက်နေတာ အားကြီးကောင်းဒယ်..... ကုလားအခုလာတာ ဆရာအတွက် အနုပညာတွေတင်ဆက်ဖို့ လာတယ်.... ’’
အလိုလေး.... ဘတ်သီးတောင်စိတ်ညစ်သွားတယ်.... လာပြန်ပြီနောက်တစ်ယောက်.... ကုလားက အနုပညာတွေတင်ဆက်ဦးမယ်တဲ့..........
ဘဘ ကတော့ သိပ်စိတ်မရှည်တော့ဘူးထင်ပါတယ်....
‘‘အေး... ကောင်းကွာ... နေပါဦး... မင်းကကော သူ့လို ကဗျာရွတ်မလို့လား... တော်ပါငါ့ကောင်ရ... ဒီမှာ အစားအသောက်တွေ ပျက်နေရတဲ့ကြားထဲမှ... ခွီး............. ’’
‘‘ ဟရေး.... မဟုတ်ပါဘူး အနဲ.. ကုလားလေးနော်.. ချကား မပီဘူး.. ကဗျာရွတ်မယ် ဘယ်လိုရမှာလဲ အနဲ. ကုလားလေးက အနုပညာကိုဝါတနာ အားကြီးပါတော့ ဆရာက ကုလားလေးကို အသံတိတ် အနုပညာ အကြောင်းကို တင်ပေးတွားတယ်နော်.... သိပ်ကျေးဇူးကြီးတယ်.....’’
လာပြန်ပြီ... မတူတာတွေတွဲလုပ်ပြတာပြီးတော့ အသံတိတ်အနုပညာတဲ့လေ....
ဘဘကတော့ ချက်ချင်းကိုငြင်းတော့တာ...
‘‘ မလုပ်ပါနဲ့ကွာ... တော်ပါတော့ ဘာမှမလုပ်ပါနဲ့တော့ ’’
ကုလားလေးကတော့ ကလေးတွေခြေဆောင့်သလို ဆောင့်လိုက်ပြီးမှ......
‘‘ ဟရို့.... မလုပ်ပါနဲ့.... အနဲ.... ကလားလေးနော်.. တင်ဆက်ခြင်းလွန်းလို့ အဝေးကြီးကနေ လာတယ်.....
လိကြီးစီးပြီး လာရတာနော်..... ’’
‘‘ ဟမ်.. ဘာပြောတယ် ကုလား... ရိုင်းလှချည်လား ဒီမှာလူကြီးတွေကွ ထိုင်နေတာတွေက.......’’
‘‘ဟာရေး... အနဲ ကုလားစကားမပီဘူးလေ.... တေချာနားထောင်လေ... အနဲ.... ကုလားပြောချင်တာက..
ကလား လိကြီး စီးလာတာ.. လမ်းမှာချားဖို့ စပ်ပ တွေတင်လာတယ်နော်.... မုန်တိုင်းလာတော့ လိကြီး ကျောက်ဆောင်နဲ့ တိုက်တယ်.... ကလားလေး လိကြီး နှစ်ခြမ်းကွဲတယ်... စပ်ပတွေ ရေထဲမျောကုန်တယ်.. ကလားလေး ကံမကောင်းဘူး.. ဆရာစီနော် ရောက်အောင်လာတယ်... တင်ဆက်ဖို့ရေ...’’
‘‘ဟာာာာာာာာာ.... ဒီကောင်ပြောလေကဲလေ ပါလား ရိုင်းလှချည်လား.... ’’
ဘဘရဲ့ ဒေါသတွေ အရှိန်မြင့်လာတာတွေ့တော့ ဘတ်သီးလဲဝင်ပြောရတော့တယ်....
‘‘ ဒီလိုပါ ဘဘရယ်... သူကစကားမပီလို့ပါ.... သူလာတာ လှေကြီးစီးလာတယ်ပြောတာပါ... လမ်းမှာစားဖို့ စပါးတွေလဲတင်လာတယ်တဲ့... မုန်တိုင်းမိတော့ ကျောက်ဆောင်နဲ့ လှေကြီးတိုက်မိပြီး နှစ်ခြမ်းကွဲတယ်... စပါးတွေ ရေထဲမျောကုန်တယ်... ဒါပေမယ့် တင်ဆက်ချင်လွန်းလို့ ရောက်အောင်လာတယ် ပြောတာပါ ဘဘ ရယ်..... ဟုတ်တယ်မလား ကုလားလေး....’’
‘‘ဟရေး ဟရေး... ဟုတ်ပဟုတ်ပ..........’’
ဘဘ ကတော့ စိတ်မရှည်တော့တာနဲ့
‘‘ အေး... ဒီလောက်တောင်ဖြစ်နေမှတော့ လုပ်ကွာ... တင်ဆက်ကွာ .. သူစိမ်းတွေမို့လို့ပေါ့ကွာ.. ကဲ...
လုပ်ဟေ့... မင်းရဲ့ အသံတိတ် အနုပညာတင်ဆက်တော့ကွာ.....’’
ဘဘက ခွင့်ပြုလိုက်တော့ ကုလားလေးက မတ်တက်ရပ်လိုက်ပြီး......
‘‘ အခုချိန်က စလို့ ကလားလေးစကား မပြောတော့ဘူး... စပြီးတင်ဆက်တော့မယ်...’’
ပြီးတော့ ခုနက ဘဲဥလိုပဲ ခုတင်ဘေးကိုသွားပြီးတော့ အဝတ်တွေလဲကော.....
အပေါ်ဖြူ အောက်ဖြူဝတ်စုံနဲ့ပေါ့.... အောက်ကဝတ်ထားတဲ့ အဖြူရောင်ပိတ်စက ပါးတော့ သူ့ဖင်မဲမဲကြောင့် အညိုရောင်တောင်သမ်းနေတာပေါ့လေ.... ပြီးတော့ ခုတင်ပေါ်ကိုတက်လို့ အထုပ်ထဲက ပစ္စည်းတွေ ထုတ်လိုက်တယ်....
ပန်းကန်ပြားလေး တစ်ချပ်ထုတ်ပြီးတော့ ရှေ့မှာ ခင်းလိုက်တယ်.... နောက်တော့ စက္ကူအခေါက်လေးတွေကို တစ်ခုထုတ်တိုင်း လူတွေဘက်ကိုပြတော့ လိုက်ရယ်ကြတာ ၁၁ ခု... ဘဲဥကတော့ လေသံတိုးတိုးနဲ့..
‘‘ အဲဒါ သူတင်ဆက်နေတာ... အင်္ဂလိပ်လိုပြောရင်တော့ ပါဖောင့်မင့်ပေါ့လေ....’’
အော်........ ဆရာတူ တပည့်တွေလိုက်တော့လိုက်တယ်... အချင်းချင်းတော့ နားလည်ကြသား......
စက္ကူခေါက်လေးတွေကို ပန်းကန်ထဲထည့်ပြီးတော့မှ ကုလားလေးက မီးရှို့လိုက်တယ်... ပြီးတော့ သူက ဒူးထောက်လျှက်နဲ့ ကိုယ်ကို ယိမ်းနွဲ့နေလိုက်တာ... ခေါင်းတွေကိုလဲ ဘယ်ညာယမ်းလို့ပေါ့လေ... ပြီးတော့ ဘေးကအိတ်ထဲက ကတ်ဆက်တိပ်ခွေထဲက တိပ်သားတွေ ကိုယ်မှာရစ်ပတ်လို့ ဘယ်ညာယိမ်းနေလိုက်တာများ................
ဘဘတောင် ဘာပြောချင်တာလဲ သိချင်လာတော့ ဘေးကဘဲဥ ကိုလှည့်ကြည့်တယ်... ဘဲဥကလဲ အလိုက်တသိပဲ...
‘‘ အဲဒါ သူ့ဘဝကို ပြောပြနေတာလေ.... ပန်းကန်ဆိုတာက စားဝတ်နေရေးကိုပြောတာ.. စက္ကူ ၁၁ ခု မီးလောင်နေတာက စားဝတ်နေရေးအတွက် ၁၁ မီးတွေ တောက်လောင်နေတယ်ပေါ့.... တိပ်သားတွေရစ်ပတ်နေတာက သူကကိုလောကဓံက အသံတွေ လူတွေက အပြောတွေနဲ့ ထိုးနှက်တယ်ပေါ့လေ... ဟောကြည့်....’’
ကုလားလေးကတော့ ရှေ့ကမီးလောင်တာ ကုန်ခါနီးမှာ ဝုန်းဆို မတ်တက်ရပ်လိုက်ပြီး လက်တွေက ရန်သူတွေနဲ့ တိုက်ခိုက်နေသလို ထိုးကြိတ်နေတာ..... တိပ်ခွေကြိုးတွေကိုလဲ ဖြတ်ပြစ်တာပေါ့....
‘‘ တွေ့လား...အဲဒါက သူကပြန်ပြီး လောကဓံကို ထိုက်ခိုက်နေတာ... ကြိုးတွေပြတ်ကုန်ပီ... သူနိုင်တော့မယ်...’’
နောက်ဆုံးမီးသေတော့မှ ကုလားလေးက ငြိမ်လိုက်ပြီး အသက်ကိုမှန်မှန် ရူနေတာ.... ပြီးတော့ မတ်မတ်ရပ်နေရာက ဖြေးဖြေးချင်း သိုင်းသမားတွေ ကီထိုင်သလိုထိုင်လိုက်တယ်.... ပြောချင်တာက အားလုံးကို တိုက်ခိုက်ပြီး တည်ငြိမ်ကြံ့ခိုင်နေတယ်ဆိုတဲ့ သဘောပေါ့.... ဒါပေမယ့် ဘဲဥစီကနေ.......
‘‘ အို ......... ရှက်စရာကြီး... ဆရာဖြိုးသင်တာ အဲဒါမပါပါဘူး’’ ဆိုတဲ့ အသံထွက်လာပြီးတော့ ရှက်စနိုးလေး ဟိုဘက်ကိုလှည့် ခေါင်းငုံ့သွားတာတွေ့တော့ ဘာများလဲကြည့်မိလိုက်တယ်ဆိုရင်ဖြင့်......
ကုလားလေးက ခုတင်ပေါ်မှာ ကီထိုင်နေတာတော့ဟုတ်ပါတယ်... သူက ပြူတင်းပေါက်ကို ကျောကပေးထားသေး ပြီးတော့ ပေါင်ကိုခွဲ ကီထိုင်နေတော့ နောက်ကဝင်လာတဲ့ နေရောင်က သူ့ကို ထိုးထားသလိုဖြစ်နေ.... ဝတ်ထားတာက အဖြူရောင်ပိတ်စပါးပါးလေး ဆိုတော့ .......
အခုမှသေချာကြည့်မိတဲ့ ဘဘကတော့ သေချာအောင်မျက်မှန်တောင်တပ်လိုက်သေးတာ..... ပြီးမှ.
‘‘ လခွီး... တစ်ယောက်က အစားအသောက်ပျက်အောင် လုပ်တယ်... နောက်တစ်ယောက်ကလဲ ထပ်လုပ်တယ်.... မင်းတို့ အရူးတွေ အိမ်ပေါ်ကိုလာပြီး စော်ကားချင်တိုင်းစော်ကားလို့ ရမလားကွ... ကဲကွာ.’’
စကားကမှ ပြောတာာကြာဦးမယ်... မြန်လိုက်တဲ့လက်.... ဘေးက ကွမ်းအစ်ကြီး ဝှီးခနဲပျံသွားပြီး ကုလားလေး နဖူးနဲ့ မိတ်ဆက်တော့မှ ကုလားလဲ အခြေအနေမှန်ကိုသိတော့တယ်... မြန်မာလို....
‘‘ အမယ်လေးဗျ....’’
အော်ပြီးနောက်က ပြူတင်းကနေ ခန်ဆင်းပြေးသွားတာများ မဲမဲနဲ့....
ဘတ်သီးဘေးက ဘဲဥကလဲလျှင်ပ..... သုတ်ခနဲ ထပြေးတာ လုံးလုံး လုံးလုံးနဲ့.....
ဘဘကတော့ ဒေါသတွေ ပုံချစရာမရှိတော့ ထောင့်မှာ ကပ်ထိုင်နေတဲ့ ဘတ်သီးကို မျက်ထောင့်နီကြီးနဲ့ကြည့်လို့...........
‘‘ ခွေးမသား...... မင်းကြောင့် ... အိမ်ပေါ်ကို အရူးတွေခေါ်တင်လာတယ်.... မင်းလဲသေပေတော့...’’
ဘဘ စကားတောင်မဆုံးလိုက်ပါဘူး.... ဘတ်သီးတို့ကလဲ မြန်ပ..... သူ့ အဖော် ဘဲဥနဲ့ ကုလားလေးနောက်ကို တုန်တုန် တုန်တုန် နဲ့ ပြေးလိုက်သွားတော့တာပါပဲ.............။။။။။။။။။။။။။
A KA

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

မနေနိုင်လို့ရေးတဲ့စာ

တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။   ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ...

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...