Skip to main content

ပိန်ချင်သူများအတွက် လမ်းပြ

ငပျင်းတယောက် ပိန်ချင်နေသည်။တနေ့တခြား တိုးတက်လာသော ကိုယ်လုံးကို ကြည့်ရင်း ၀ိတ်ချဖို့တွေးမိသည်။ ၀ိတ်မချလို့လဲ မဖြစ်၊ တနေ့ ရွှေပြည်တော် ကိုပြန်သည့်အခါ စည်ပိုင်းနှစ်လုံးစာမျှရှိသော သူ့ကိုမြင်လျှင် တစ်ဦးတည်းသော ချစ်သူလေး လန့်ပြေးသွားနိုင်သည်မဟုတ်လား။ ခုတောင် အရင် သုံးနှစ်လောက်က ရိုက်ထားတဲ့ပုံတွေပြပြီး နှစ်သိမ့်ထားရသည်။ ဒီတော့ ၀ိတ်ချဖို့ အစီအစဉ်တွေ ဆွဲရသည်၊ ပထမဆုံး အစားလျော့စားဖို့တွေးမိသည်။ တနေ့ထမင်း သုံးနပ်စားနေရာမှ နေလည်စာတနပ်ပဲစားကြည့်သည်၊ မဆိုး၊ ချွေတာရာလဲရောက်သည်ဟု ငပျင်းတွေးမိသည်။ သို့သော်.............. သို့သော်.......... ညနေရောက်တော့ ဗိုက်ကမနေ သံချောင်းခေါက်လာပြီ၊ " စားပါ.. စားပါ " ဆိုပြီး အချက်ပြချေပြီ၊ ထမင်းမစားဘူးလို့ပဲ ဆုံးဖြတ်ထားတာ တခြားတခုခုတော့ စားလို့ရပါတယ်ဟု ဦးနှောက်က အကြံပေးသည်။ ဒီလိုနဲ့ ဦးနှောက်ကို  ဗိုက်က ထိန်းချုပ်ပြီး သကာလ ငပျင်းတယောက် စားစရာ ကို အသည်းအသန် ရှာရတော့သည်။ အနားရှိ ဆိုင်တဆိုင် သို့ပြေးကာ ဟမ်ဘာဂါ တလုံးအမြန် မှာလိုက်၏။ စောင့်နေရင်းက ဟမ်ဘာဂါကို သေးသလိုထင်တာကြောင့် နောက်တလုံးထပ်မှာလိုက်သည်။ ဟမ်ဘာဂါ နှစ်လုံးကို coke တဘူးနဲ့ အမြန်မျောချလိုက်မှ  ဗိုက်က သံချောင်းခေါက်သံ ပျောက်ကာငြိမ်တော့သည်။  ဤကဲ့သို့ တပတ်ခန့် ၀ိတ်ချပြီးချိန်တွင် ယုံကြည်ချက် အပြည့်နှင့် ငပျင်းပေါင်ချိန်ကြည့် တော့ ပေါင်ချိန်စက် က အပေါင်း နဲ့ အနှုတ် ပြောင်းပြန်ပြနေသည်ဟု ငပျင်း ဇဝေဇ၀ါ တွေးမိသည်။့ ပိန်တော့ပိန်လာသည် ငပျင်းတော့ မဟုတ်၊ ငပျင်း၏ပိုက်ဆံအိတ်သာ ပိန်လာသည်။ မဟုတ်သေးဘူး၊ ဒီလို အစားလျော့စားလို့ ၀ိတ်မကျရင် အိပ်တာကို လျော့မယ်ဟု ငပျင်း တွေးပြန်သည်။ အိပ်တာကိုလျော့ လေ့ကျင့်ခန်း လုပ်ရင်တော့ မဆိုးလောက်ဘူးဟု သူငယ်ချင်းများကလဲ ပြောကြသည်။ ကဲ....  နောက်ကျမှ အိပ်၊ မနက်စောစောထ လေ့ကျင့်ခန်းလုပ်မယ်ဟု အတွေးထဲမှာ ငပျင်းတယောက် တက်ကြွနေသည်၊ ညနက်အောင်နေသည၊် တီဗွီကြည့် ဂိမ်းဆော့ နဲ့ ညနက်အေင်နေတော့ ဗိုက်က နဲနဲတော့ ဆာသလိုလို... ကြက်ဥ သုံးလုံးလောက် margarine နဲ့ကြော်ပြီးစားလိုက်တော့မှ ဗိုက်လေးပြီး အိပ်ပျော်သွားသည်။ မနက် အိပ်ယာနိုးလို့ နာရီကြည့်တော့ ဆယ့်တစ်နာရီခွဲတဲ့၊ ခဏလေးပဲ အိပ်ရသေးတယ်၊ နာရီ မှားကြည့်တာနေမှာပါလို့တွေးရင်း စောင်လေးခြုံကာ ငပျင်းပြန်ကွေးနေလိုက်သည်။လေ့ကျင့်ခန်း အနေဖြင့် အိပ်ယာထဲမှာ ဘယ်ညာနှစ်ခေါက် လူးလှိမ့်ပြီးပြန်အိပ်လိုက်သည်။ ဤသို့ ဤသို့ငပျင်းတယာက် လေ့ကျင့်ခန်းလုပ်ရင်း ၀ိတ်ချနေလေသည်။
ဆက်ပါဦးမည်..........

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။