တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။
ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ စိုလိုတဲ့အဓိပ္ပာယ်မှန်တော့မပေါ့၊ အခုက စာလုံးမပေါင်တက်တာကိုဘဲ ဂုန်ယူစရာလိုလုပ်နေကျတာ ယိုသူမရှက် မြင်သူရှက် စိုသလိုပါဘဲ၊ ကိုတိုင်ကမြန်မာဖြစ်နေ ပီးကို့မိခင်ဘာသာကိုတောင် မှန်အောင်မရေးနှိုင်တာ ရှတ်တက်ယင်လည်းသေဖို့ တောင်ကောင်းတ၇်၊ ထားပါတော့ ကိုယ်ကစာကိုကောင်းကောင်း မသင်ခဲ့၇လို့ မတက်ခဲ့လို့စာလုံးပေါင်း မသိတာ စာကိုသူ့နေယာနဲ့သူ နေရာကြအောင်ခွဲမရေးတက်တာမျိုး အုန်းနှေုာက်က သိပ်မကောင်းလို့ မမှတ်နှိုင်တာမျိုးစို ရင်တော့လဲ ခွှင့်လွှက်၇မှာပေါ့လေ။
ငပျင်း : ဆရာ.. တခါတလေ လက်ကရိုက်တာမြန်သွားလို့ မှားတာမျိုးလဲရှိတယ်လေ။
ဆရာJ.N : အင်း တခါတလေမှာ ကိုကရိုတ်တာမြန်လို့ လတ်ကွတ်မှားသွားတာမျိုး ကလတ်ခံလို့၇ပေမဲ့ ကိုရေးတဲ့စာကို တခေါက်လောက်တော့ ပြန်ကြည့်သင့်တ၇်။ ကိုက အမြားမြင်အောင် အင်တာနတ်ပေါ်တင် ပီစိုမှတော့ တချက်လောက်တော့ ဆစ်သင့်တ၇်။ ပြောနေကြတယ့် စကားတခုကြားဘူးတ၇် ဘာတဲ့ မိမိရေးသော စာကိုမိမိတာဝန် ယူနှိုင်၇မရ်စိုလားပဲ။ ဥပမာကွာ လိုရင်းပြောသည် စိုတဲ့စကားမှာ ဝစ္စပေါက်ကို အပိုထည့်မိသွားရင် ဒါမှမဟုတ် နေရာလွှဲသွားရင် ဘယ်လိုဖြစ်သွားမလဲ အဓိပ္ပာယ်က တခြားဆီ ဖြစ်သွားမယ်။မင်းသာ အဲစကားကို တာဝန်ယူ၇မ၇်စိုရင်တော့ မတွေးဝန့်စရာပဲဟေ့။
ငပျင်း : ဟုတ်တာပေါ့ဆရာရယ်၊ ဒါပေမယ့် အင်တာနက်ပေါ်မှာလဲ အဲဒီလို အမှားတွေကို ထောက်ပြ ပြင်ပေးနေတဲ့သူတွေလဲ တွေ့နေရပါတယ်။မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းဆိုတာလဲ ရှိနေသားပဲ။
ဆရာJ.N : အမှုားက ကြာလာတော့ အမှန်ဖြစ်သွားယင်တော့ မြန်မာစာတော့ ပြက်ဆီး၇ချေရဲ့ ။မနေနှိုင်လို့ ပြင်ပေးပြန်တော့လဲ ကို့ထမင်းကိုစား ပီးလူမှုန်းခံ၇အုန်းမ၇်။ အဲလို ပြင်ပေးနေတဲ့သူတွေကို တော့တက၇်လေး စားတ၇်၊ ကြေးဇူးလဲတင်တ၇်။ တခါတလေကြတော့လဲ တွေးမိတ၇် အားအားရားရား ဖက်မိတယ့်မျက်စေ့ကအသုံးမကြတာဖြစ်မရ်လို့။
ငပျင်း : တစ်ချို့တွေကတော့ ကိုယ်ရေးတာ မှားလို့မှားနေမှန်းတောင် မသိကြတာလား ဆရာရဲ့။ သူတို့စိတ်ထဲမှာ အဲဒါကိုပဲ အမှန်လို့ စိတ်ချလက်ချထင်နေတာလေ။
ဆရာJ.N : အေး၊ အဲဒါဘဲကွ ရှေ့ကရေးတဲ့သူကလဲအမှား မှန်းမသိရေး သွားရော၊ နောက်ကလိုက်ရေးတဲ့သူတွေကလဲစက်မှားပီပေါ့ကွာ။ အင်း နောက်ရှိသေးတ၇်။ တရောက်ရောက်က မြင်လို့ သိလို့ မှားနေလို့ပြင်ပေးရင်လဲ တသက်လုံးဒီလိုရေးလာတာ မပြင်နှိုင်ဖူးစိုတယ့်သူမျိုးတွေလဲ ရှိသေးတ၇်ကွ။ အဲလိုလူတွေ ကိုတော့အချိန်ကုန် ခံပီးမပြောတော့ဘူးလေ။ ပြောနေလဲထူးလာမှာမှမဟုတ်တော့တာကိုး။
ငပျင်း : ဟုတ်တယ်ဆရာကြီး။ တစ်ယူသန်လို့ပြောရမှာပေါ့။
ဆရာJ.N : အေးကွ၊ အော်မင်းနဲ့စကားကောင်းနေလိုက်တာ။ ငါ့မှာအလုတ်ရှိသေးတ၇်။ငါကျူနေတယ့်ကောင်မလေးတရောက်ကိုလာစောင့်နေတာ။ မလာသေးတာနဲ့မင်းကိုအပျင်းပျေပြောနေတာ။ ဒီနေ့ ဝက်ကင်နဲ့ချက်မလို့။ နောင်မြားမှ မင်းကို စာလုံးပေါင်နဲ့ပက်သတ်ပီး ဒီထက်ပိုသေသေခြာခြာ ငါပြောပါအုန်းမယ်လေ။ ဒီနေ့တော့ဒီလောက်ဘဲ မင်းလဲခေါင်းမှုးနေလောက်ရောပေါ့။
ငပျင်း : ဟုတ်ကဲ့ဆရာ။ ဆရာအရေးကြီးတဲ့ကိစ္စကို အရင်လုပ်ပါ။ ဆရာရဲ့ ဆုံးမဩဝါဒတွေကို မှတ်သားထားပါ့မယ်။
ထိုသို့ ဆုံးမဩဝါဒများကို အားပါးတရပေးသွားပြီးသည့်နောက် ဆရာJNကား အရေးကြီးသော ကိစ္စများကိုလုပ်ရန် အာရုံလှည့်သွားလေတော့၏။ ငပျင်းမှာတော့ ဆရာပေးသွားသော အတွေးစများနှင့်သာ။
မှတ်ချက်။ ။ ဆရာကြီး၏ခွင့်ပြုချက်ရယူပြီးကြောင်း။
စာလုံးပေါင်းသတ်ပုံနှင့်ပတ်သက်၍လေ့လာလိုပါလျှင် အောက်ပါ link များတွင်ဝင်ကြည့်နိုင်ပါသည်။
http://www.mmspelling.info/
http://www.facebook.com/mmspelling
Comments
Post a Comment