အိမ်မက်တွေမှာအရောင်မရှိဘူး ဆိုပေမယ့် အလင်းတွေ ဗြောင်းဆန်နေတဲ့ ဆောင်းအိမ်မက်လေး မက်ဖူးခဲ့တယ်။ အိမ်မက်ဆိုတာ မျော်လင့်ရင်ခုန်ခြင်းတွေ နားခိုရာ နေရာလေးပါ။ မျက်မမြင်တွေမှာ အိမ်မက်မရှိတော့ သူတို့ရဲ့ရင်ခုန်သံဆိုတာ ငါ့လိုကစဉ့်ကလျားနဲ့ နက္ခက်ကြမ်းတွေသိမ်းပိုက်ထားတဲ့ အိမ်မက်လွင်ပြင်က ငါ့ဇာတာဟာ တိုင်ခြေမှာ ပြားပြားဝပ်လို့။ ဒီလိုပဲခပ်မှိန်မှိန် စီးခဲ့တဲ့တောင်တန်းတွေကြားမှာ ကာလပေါ ်အလွမ်းတွေက ဖျားလိုက်ပျောက်လိုက်နဲ့။ မင်းအပြံ ုးလေး ပွင့်တဲ့ညက အိမ်မက်ထဲမှာ အလင်းသဲ့သဲ့ အက်ကြောင်းထပ် လောင်မြိုက်ခဲ့ရတယ်။ စိတ်အလိုလိုက် ခပ်ကြမ်းကြမ်းတီးခတ်ပြီး အရုဏ်တက်ခါနီးမှ အိမ်မက်တွေအမှောင်ထဲ ပြိုဆင်းသွားတယ်။ အသဲကွဲ ရှုံးနိမ့်ခြင်းဗျာဒိတ်ရတာတောင် အချစ်ကိုယုံသတဲ့။ ဒါကြောင့် မလုံမလဲနဲ့ ကိုယ့်လိပ်ပြာမသိအောင် ညဦးကပေခဲ့တဲ့စိတ်ကို အမှောင်ထဲ အရေနွှာ အရောင်တင် အသက်သွင်းကြည့်တယ်။ ရှင်သန်လာခဲ့ရင် ကောင်းကင်၊တောအုပ်၊စမ်ချောင်းဘာမှမပါတဲ့ အချစ်လေးတစ်ခုတည်ဆောက်ပြီး မင်းကိုပေးချင်တယ်။ ငါဟာ ကမ္ဘာအကြိမ်ကြိမ်ပျက်ပြီး ရှင်သန်ထမြောက်ခွင့်မရတဲ့ အပြစ်သားတစ်ယောက်လား။ ချစ်ခြင်းတွေအသက်ဝင်အောင် ငါစားမယ့်ပန်းသီးကို ကျိန်စာတိုက်လိုက်ပါ။ အပြစ်တွေပိုက် ဥယျာဉ်ထဲကထွက်ပြီး ဒုတိယအပင်စီကိုသွားမယ်။ ငါနဲ့မင်းကြားကတံတားမှာ မြူတွေရှင်း၊ကြိုးတွေခိုင်ရင် ငါလာချင်တယ်။ ကမ္ဘာဦးရဲ့ပထမဆုံး အပြောင်းအလဲဟာ မီးကို စတွေ့ချိန်မှာပါ။
အမည်မသိရှေးစာဆိုကိုပြည့်
Comments
Post a Comment