Skip to main content

ဗျာဒိတ်တော်ရအလွမ်း


အိမ်မက်တွေမှာအရောင်မရှိဘူး ဆိုပေမယ့် အလင်းတွေ ဗြောင်းဆန်နေတဲ့ ဆောင်းအိမ်မက်လေး မက်ဖူးခဲ့တယ်။ အိမ်မက်ဆိုတာ မျော်လင့်ရင်ခုန်ခြင်းတွေ နားခိုရာ နေရာလေးပါ။ မျက်မမြင်တွေမှာ အိမ်မက်မရှိတော့ သူတို့ရဲ့ရင်ခုန်သံဆိုတာ ငါ့လိုကစဉ့်ကလျားနဲ့ နက္ခက်ကြမ်းတွေသိမ်းပိုက်ထားတဲ့ အိမ်မက်လွင်ပြင်က ငါ့ဇာတာဟာ တိုင်ခြေမှာ ပြားပြားဝပ်လို့။ ဒီလိုပဲခပ်မှိန်မှိန် စီးခဲ့တဲ့တောင်တန်းတွေကြားမှာ ကာလပေါ ်အလွမ်းတွေက ဖျားလိုက်ပျောက်လိုက်နဲ့။ မင်းအပြံ ုးလေး ပွင့်တဲ့ညက အိမ်မက်ထဲမှာ အလင်းသဲ့သဲ့ အက်ကြောင်းထပ် လောင်မြိုက်ခဲ့ရတယ်။ စိတ်အလိုလိုက် ခပ်ကြမ်းကြမ်းတီးခတ်ပြီး အရုဏ်တက်ခါနီးမှ အိမ်မက်တွေအမှောင်ထဲ ပြိုဆင်းသွားတယ်။ အသဲကွဲ ရှုံးနိမ့်ခြင်းဗျာဒိတ်ရတာတောင် အချစ်ကိုယုံသတဲ့။ ဒါကြောင့် မလုံမလဲနဲ့ ကိုယ့်လိပ်ပြာမသိအောင် ညဦးကပေခဲ့တဲ့စိတ်ကို အမှောင်ထဲ အရေနွှာ အရောင်တင် အသက်သွင်းကြည့်တယ်။ ရှင်သန်လာခဲ့ရင် ကောင်းကင်၊တောအုပ်၊စမ်ချောင်းဘာမှမပါတဲ့ အချစ်လေးတစ်ခုတည်ဆောက်ပြီး မင်းကိုပေးချင်တယ်။ ငါဟာ ကမ္ဘာအကြိမ်ကြိမ်ပျက်ပြီး ရှင်သန်ထမြောက်ခွင့်မရတဲ့ အပြစ်သားတစ်ယောက်လား။ ချစ်ခြင်းတွေအသက်ဝင်အောင် ငါစားမယ့်ပန်းသီးကို ကျိန်စာတိုက်လိုက်ပါ။ အပြစ်တွေပိုက် ဥယျာဉ်ထဲကထွက်ပြီး ဒုတိယအပင်စီကိုသွားမယ်။ ငါနဲ့မင်းကြားကတံတားမှာ မြူတွေရှင်း၊ကြိုးတွေခိုင်ရင် ငါလာချင်တယ်။ ကမ္ဘာဦးရဲ့ပထမဆုံး အပြောင်းအလဲဟာ မီးကို စတွေ့ချိန်မှာပါ။

အမည်မသိရှေးစာဆိုကိုပြည့်

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။