Skip to main content

မော်ဒန်လမ်းကို စလျှောက်ခြင်း.....


အခုတစ်လော ဘတ်သီး[ခေါ်] ညီညီထက် တစ်ယောက်တော်တော်ကို ဂယောက်ဂယက် ဖြစ်နေတာ။ အလုပ်မရှိ အကိုင်မရှိ.. အဲလေ အဲဒါတော့ ရှိတယ်.စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ ငြိမ်နေလို့ကို မရတာ။ အဲဒီ ဘတ်သီးဆိုတဲ့ကောင်က သိပ်ညွတ်လွယ် တိမ်းလွယ်တဲ့ကောင်။ ဘယ်လိုပြောမလဲ စစ်ကားတွေ ကြည့်ပီးပီဆို စစ်သားသိပ် ဖြစ်ချင်တာ။ အရင်ခေတ်က အခုလို တရုတ်ဖြစ်ကော်သေနပ်တွေ မရှိတော့ ဝါးခြမ်း ပြားလေးထဲ ဓာတ်ခဲအဟောင်းလေးတွေ စီထည့် သေနပ်ပေါ့နော်..။ အဲဒါလေးလွယ်ပီး ခြံထဲလျှောက်သွားနေ တာ။ ပီးရုတ်တရက် သေနပ်ကိုဖြုတ် ဘေးကအပင်ကို ပြေးကပ်လိုက်တယ်။ ခေါင်းကို တစ်ဖြည်းဖြည်းရှေ့ကို ထုတ်လို့ ချောင်းသေးတာ..။ နောက် ပါးစပ်ကနေ မောင်းတင်သလို ချက်ကလောက် ဆိုပီးအော်တယ်။ ကြည့် သိပ်တိကျတာ။ ချက်ဆိုတာက မောင်းကိုဆွဲတာ.. ကလောက်က ကျည်ဝင်သွားတဲ့ အသံနော်..။ ပီးတာနဲ့... ပစ်တယ်.... ဒ ရှို့.... အေးမရေးတက်ဘူး။ သူက ကုလားလို ပစ်တာကိုး...။ တစ်ခါတစ်လေ အသံနက်ကြီးနဲ့ ဗိုလ်ဗြုတ်ကြီး တဲ့ဟေ့.... မဆိုင်သူ မကပ်နဲ့ကွ.... ညည်းတို့ ယောင်္ကျားတွေ မုဆိုးဖို ဖြစ်သွားမယ်...ဟေး။ ဒရှို့...ဒရှို့....ကြည့်... လုပ်ပီ အော်ပုံကိုက မုဆိုးဖိုတွေစု ရွာတည်ပီး သူကြီးလုပ်မလို့လားဟင်.....။ ကန်ကလေး မူရမ်းတီး နင်နော် နာ့ရဲ့ ပိုက်ချန်ပြန်မပေးဘူး... နင့်ရဲ့ မြင်းတွေကိုနော် နာယူမယ်..။အဲဒါ မျိုးတော့ သူ့အပါး နရင်းတီးမှပဲ ချစ်တီးလုပ်တာ ရပ်တယ်။ နင်ဂျာကား ကြည့်ပီးပီဆိုရင် သူ့အပါးပုဆိုးကို ခြုံပီး တစ်နေကုန် နင်ဂျာ လုပ်နေတာ။ အံမယ် လမ်းတောင်မလျှောက်ဘူး။ လက်တစ်ဖက်ကို ရှေ့မှာကပ်လို့ နောက်တစ်ဖက်ကို ကျောမှာ ကပ်လို့ ခါးလေးကုန်းပီးကို ပြေးတာ.။ ပါးစပ်ကလဲ ဝှစ် ဝှစ်ဝှစ်ဝှစ် နဲ့အော်ပီးကို ပြေးတာ။ သိပ်မြန်တယ်ပေါ့လေ။ အဲလိုကောင် ကဘာလို့ ယောက်ယက်ခတ်နေလဲပေါ့။ သူကမြဝတီက လာတဲ့ melody world သီချင်းဆိုပြိုင်ပွဲ ကိုဝင်ပြိုင်ချင်လို့တဲ့လေ။ ရုပ်နဲ့တင် ငါးမှတ် လျော့မှာ ဟိုအဝင်းတို့အမေကလေ။ ဘတ်သီးက ရပ်(တ်)ပါ snoop dog နဲ့ခပ်ဆင်ဆင်..။ အဝင်းတို့အမေက သိပ် ကြိုက်တာ။ ဒါပေမယ့် မူရင်းနဲ့မတူစေနဲ့ အရမ်းမုန်းတာ ခဏခဏ ပြောနေတာ။ ဒါနဲ့ ဘတ်သီးကသူ့အပါးကို ပြောတယ်.... အပါး သားသီချင်းဆိုပြိုင်ချင်တယ်။ သွားခွင့် ပြုပါအပါး အဲတော့လေ သူ့အပါးက ရုတ်တရက် အံ့အောသွားတယ်။ ပီးတရုတ်ကားတွေထဲက ဆရာကြီးတွေ ရယ်သလို ရယ်တော့တာပဲ ။ အံမယ် ဘတ်သီးကလဲ တရုတ်ကားတွေ ကြည့်ထားတဲ့ကောင်၊ ခေသူမဟုတ်ဘူးလေ။ လက် သီးဆုပ်လေးကို လက်ဝါးထဲ ကပ်ထည့်ပီး “သီးသခင်ကြီး ခွင့်ပြုပါ ပြိုင်ခွင့်ပြုပါ”။ “ဟာမင်းဘာတွေ ပြောနေတာလဲ”။ ေဩာ် မင်းကသီချင်းဆို ပြိုင်ချင်တယ်။ အေးလေ ဘမျိုးဘိုးတူ ဘယ်သန်ဘတ်သီး ဆိုတာ ဒါပေါ့ကွာ။ ကောင်းကွ ငါ့သားရေ...။ အပါးတို့ ခေတ်ကဆို ဒီလို ဒိုင်ပွဲတွေ ပြိုင်ပွဲတွေ မရှိသေးတော့ ဇရှိမှသာ တန်ဆောင်တိုင် စတိတ်ရှိုးတွေမှာ ကိုယ့်ပါရမီကို ပြခွင့်ရှိတာ သားရ။ အဲဒီ အချိန်ရောက်လို့ကတော့ အပါးကိုဆို ရပ်ကွက်တိုင်းက ဖိတ်ကြတာ..။ မအားရဘူး ကွာ....။အပါးရဲ့ နောက်ဆုံးပွဲ.. အဲဒီပွဲမှာ အပြတ်ဟဲဖို့လေ..၊ သီချင်း ကမင့် ဘကြီး ရပ်ကူးမားရေးပေး တာကွ။ ခေါင်းစဉ်လေးက သိပ်ဟော့တာမောင်.. ဒန်ပူ.. တဲ့။ အဲလိုလဲ ဆိုရော ဘတ်သီးက ခေါင်းလေးတရမ်းရမ်း နဲ့“ ဟာမိုက်တယ်.. အပါးရေ ၊ အခု နောက်ဆုံး ဆိုသွားတဲ့ ဆေးကျောင်းသူ ညီမလေးက ရန်သူ ဆိုတဲ့သီချင်းနဲ့ ဆုရသွားတယ်။ အခု မြင်းကျောင်းသား ညီလေးက ဒန်ပူ.။ လွှတ်လှဗျာ။ အပါးရေ ရန်ကုန်တက်ပြိုင်တော့မယ်”။ အဲတော့လေ မူရမ်းတီးက ခေါင်းကိုခါလိုက်ပီး “နေဦး သားရ အခုမင်းတို့ခေတ်က သိပ်ရှုပ်တာကွ။ သီချင်းအမျိုးအစားတောင် မနည်းဘူးဟ။ အဲဒါကို မင်းကဘာမှ မသိပဲ သွားပြိုင်တော့ စင်ပေါ်တောင်တက်ရမှာ မဟုတ်ဘူး။ ဒီတော့ မင်းကိုဝေဖန် လမ်းညွှန်ပေးနိုင်မယ့် အပါး မိတ်ဆွေ ကဗျာဆရာမလေး မြပန်းချစ် စီကိုသွားကွာ၊ သူကသိပ် ခေတ်မီတာ... တိုင်းတစ်ပါးမှာတောင် ဒန်ခဲ့ တာကွ။ မော်ဒန်ဝိုင်းတော်သားလေးဟ...။” “ဟာ.... အပါးကလဲ သူက ဒန်ဆရာမလေ သားကသီချင်းဆိုမှာ လေ....။” “ဒီမှာ ငါ့သား ဘတ်သီး သူလေးကမဒန်ခင်ကဆို အဆိုလိုင်းကွ။ နောက်မှ ဘာကိုစိတ်နာသွား သလဲ မသိဘူး။ ဒန်ပဲ ဇောက်ချလုပ်နေတာဟ..။ တစ်အားကို ခေတ်မှီ တဲ့သူလေး။ မနက်ဖြန်သွား အပါးလွှတ် လိုက်တယ်ပြော။ ခြံထွက် ဘဲဥတွေလည်းယူသွား...။ပီးသားဖြစ်ချင်တာတွေ ပြောပြ.. သူကသားကို guide line ပေးလိမ့်မယ်ကွဲ့...။”




နောက်တစ်ရက် မနက်မှာတော့ ဘဲဥခြင်းလေးထမ်းလို့ ဘတ်သီးတစ်ယောက် တုန်တုန်တုန်တုန် နဲ့ထွက်လာခဲ့တာ ဆရာမတို့ အိမ်ရှေ့အရောက် အော်ခေါ်မယ်ကြံတုန်း အထဲကအသံတွေ ကြားတာနဲ့ နားစွင့် မိတယ်။ “မီးမီးရေ... မီးမီးရေ... ငါတစ်ကယ် မပြောချင်တော့ဘူးဟယ်..။ ငါဘယ်နှစ်ခါ ပြောရမှာလဲ...ဟင်း... တော်ပီ တော်ပီ နင်ဒိုက်ဦးသာ ပြန်ပါတော့ဟယ်..။ မော်ဒန်ကဗျာဆိုတာ ကာရန်သာမရှိတာ ဘက်ညီပီးသား.. အဖွင့် အပိတ်၊ အယက် အဖောက်၊ အခံ အအုပ် ဆိုတာ ရှိပီးသားဟဲ့။ အခုနင်ရေးလာတယ် ဆိုတဲ့ ကဗျာကို ကြည့်စမ်း.. နင်ကလေ သိပ်လောတယ်။ နင့်ကဗျာက အခံတွေချည်းပဲ၊ ဘယ်မှာလဲ အအုပ်..။ ပြောလေ.. အခံပဲ ရှိအအုပ် မရှိတော့ ညည်းဟာတာတာ ကြီးဖြစ်မနေဘူးလား။ ဆူရင်တော့ ငြိမ်နေတာပဲ..၊ပီး လုပ်ရင်တစ်လွဲလုပ် ကြားလား...။” အသံတွေတိတ်သွားမှပဲ ဘတ်သီးလှမ်းခေါ် မိတယ်။ “ဆရာမ. ဆရာမ..” “ရှန်...လာပီ လာပီ ဘယ်သူပါလဲ” “ကျွန်တော်က ဘတ်သီးပါ။ ဦးမူရမ်းတီး သားပါ ဆရာမ အပါးကလွတ်လိုက်တာပါ”။ “ေဩာ်.. အေး လာလာ ဒီမှာခဏထိုင်နော် တီချယ်အတန်းဖြုတ်လိုက်ဦးမယ်.။” “ကဲ.. မီးလေးရေ ဒီနေ့.. ဒီလောက်ပဲကွယ်.. အဲဒီ အအုပ်လေးရဖို့ အိမ်မှာပြန် try ပေါ့ဟုတ်လား။ အိမ်တန်းပြန်နော်... game ဝင်ဆော့ မနေနဲ့ ကြားလား”။ “ဟာ... ချယ်ကလဲ မစနဲ့နော် မီး..ငိုမှာ ဟွန်း...ပြန်ပီနော်၊..အဲ ဟို..အစ်ကို နှပ်ချေး ဆိုတာလား...မီး..ရွေ့ပီနော် တာ့တာ..”။ “ဟာ ဘတ်သီးပါဟ..”။ “အာ ဟင်းဟင်း...ဆောရီး ဆောရီး ရွေ့ပီနော်”။ အဲခဏနေမှ ဆရာမကထွက်လာပီး “ကဲပြောသားရေ.. မင်းက ကဗျာရေးနည်း သင်တန်းတက် မလို့လား”။ “မဟုတ်ပါဘူးချယ် သားကအဆိုဝင်ပြိုင်မလို့ အဲဒါအပါးက ချယ့်ဆီမှာ အကြံဉာဏ်သွားယူပါဆိုလို့ သားလာခဲ့တာပါ။” အဲဒီလိုလဲပြောရော ဆရာမက အိမ်အပြင် ရှု့ခင်းတွေကိုငေးရင်း “ေဩာ် မူရမ်းတီး ငါဒါ တွေကိုမေ့ထားပါတယ်ဆိုမှ နင်အစဆွဲထုတ်ပြန်ပီ..။” ဒီတော့ဘတ်သီးက မျက်နှာငယ်လေးနဲ့ “အဲဒီလို မဟုတ်ပါဘူး ချယ်.. သားကပြိုင်ချင်တယ် ဆိုတော့ အပါးက ရွာမှာခေတ်အမှီဆုံး ပီးအရင်ကအဆိုလိုင်းမှာ ပိုင်ခဲ့ တာဆိုလို့ ချယ်ပဲရှိတယ်ဆိုပီး လွတ်လိုက်တာပါ။ ကူညီပါနော် ချယ်..။” ဆရာမက သက်ပြင်းလေး တစ်ချက်ချ လို့ “အေးလေ ရောက်လာမှတော့ ကူညီရမှာပေါ့ကွယ်။ ဒီတော့ မင်းဖြစ်ချင်တာတွေကို အရင်ပြောကွယ်။ ဖြစ် မဖြစ်ကို ချယ်သံးသပ်ကြည့်မယ်၊ ပီးရင် ဂီတရဲ့ရှုပ်ထွေးပုံတွေကို ပြောပြမယ်။ မင်းလုပ်မယ် မလုပ်ဘူး စဉ်းစား ပေါ့နော်... ကဲပြော..။” ဘတ်သီးဆိုတဲ့ကောင်က သူဖြစ်ချင်တာတွေကို သိပ်ပြောချင်တဲ့ကောင်၊ အခုလိုလဲ ပြောခွင့်ရရော စပ်ဖြီးဖြီးနဲ့ “ဟုတ်ကဲ့ချယ် သားကရည်ရွယ်ချက် သိပ်ကြီးတာ၊ သားဝင်ပြိုင်ရင်လေ ဟိုမေလေး တို့ရေမလာဝင်း တို့လို မာဖလာလေးပတ်မယ်၊ ပီးတော့လေ ပဆုရှင်လေး ပြောတာကိုသား သိပ်ကြိုက်တာ။ သူတို့မေးချင်ရာမေး ဖြေရင်တော့လေ သူလေးလိုပဲဖြေမှာ.. နားထောင်ပေးနော် ချယ်..၊ ညီလေးကလေ အရင် ကဗမာသီချင်း ဆိုတက်မှန်းကို မသိတာ၊ ပြိုင်ပွဲဝင်ပီးမှလေ level တွေဆင့်ပီး တဆင့်မြင့်လာတယ်၊ ဆုတွေရ လာတယ်ပေါ့နော်၊ အဲဒီမှာလေ ဆုတွေပိုပိုပီး လိုချင်လာခဲ့တာပါ၊ အခုဆိုမယ့် သီချင်းလေးကတော့ တေးရေး R ကူးမားရဲ့ ဒန်ပူ ဆိုတဲ့သီချင်းလေးပါ၊ ဆရာရဲ့ အိုင်ဒီယာအဆန်းလေးပေါ့၊ အခု ညီလေးရဲ့ သီချင်းကိုပါဝင်ပီး ပါဖောင့်မင့် ပေးမယ့် အင်းစိန်ဈေးက ဘီဘီနာ DANCER အဖွဲ့ကို ဖိတ်ခေါ်ပါတယ်၊ အားလုံး ခဲနှင့်ပေါက်ပီးကြို ဆိုပေးပါဦး..အဲလေ.. လက်ခုပ်တီးပီး ကြိုဆိုပေးပါဦး..။ ကဲ.. မကောင်းလား ချယ်ရယ် ပြောပါဦး....။” ဆရာမ လေးကတော့ စိတ်ထဲကနေ “ေဩာ် .. ကျီးကန်းက ကျီးပဲမွေးတယ် ဆိုတာဟုတ်တယ်၊ နင့်လိုပဲဟ။” ဆိုပြီး တွေးနေမိတယ်။ ပီးမှလေ “ဟုတ်ပါပီသားရေ မင်းကဗမာ သီချင်းမဆိုတက်ဘူး ဆိုတော့ အရင်ကဘာသီချင်း တွေဆိုတာလဲကွယ်။” “ဟာ.. ချယ်ကလဲ ဆိုတက်ပါတယ် သူလေးလိုလိုက်ပြောတာပါဆို။” “ေဩာ် အေး ကောင်းပါပီလေ ထားပါ. ဒါထက်မင်းအပါးက သူ့အကြောင်းကို ပြောမပြဘူးလား. အဆိုနဲ့ ပတ်သတ်လို့လေ..” “ပြောတာပေါ့ ချယ်ရယ် အရင်ကတန်ဆောင်တိုင်ဆိုရင် အပါးနဲ့ ချယ်တို့ အပြတ်ဟဲနေကြ၊ သူအပြတ်ဟဲမယ် ကြံထားတဲ့ နှစ်ကြမှ ပွဲမဖြစ်ဘူးပြောတယ်၊ ဒီသီချင်းပဲလေ ဘကြီးရပ်ကူးမား ရေးပေးထားတာ၊ အပါးကိုဆို.... ရပ်ကွက်တိုင်းက ဖိတ်ကြတာတဲ့.. ဟုတ်လားချယ်...။” ဒီလိုပြောတော့ ဆရာမကလေ မျက်လုံးလေးပြူးလို့ လက်ဝါးနှစ်ဘက်ကို ဖြန်းခနဲ ရိုက်လိုက်ပီး “YES YES.., RIGHT သိပ်မှန်တာပေါ့ သားရယ်၊ မင့်အပါးကိုဆို ရပ်ကွက်တိုင်းက ဖိတ်တာ၊ နာမည်ကြီးပဲကွယ် လုနေကြတာ၊ လမ်းမကောင်းတဲ့ ရပ်ကွက်ဆို မရမက ကိုဖိတ် ကြတာ၊ မင်းအပါးဆိုတာနဲ့ အဲ.. မဟုတ်ဘူး စင်ပေါ်တက်တာနဲ့ ရွာလိုက်တဲ့မိုး.. ခဲမိုးလေ.. ပီးရင်အဲဒီ ပျက်နေတဲ့ လမ်းကြီးခင်းရုံပဲ...၊ လမ်းအတွက် အလှုငွေကောက်ရင် မထည့်ချင်ကြဘူး၊ မင်းအပါးအတွက်ဆို ဘယ်ကနေ ထွက်လာမှန်းကို မသိတာ၊ သိပ်ရက်ရောတာ အုတ်ခဲအကောင်းတွေတောင် ပါတယ်၊ အခုထိ မအူပင်မှာရှိတယ် မူရမ်းတီးလမ်း ဆိုပီးကို..၊ အဲဒီ နောက်ဆုံးပွဲကြတော့ လမ်းကကျယ်တယ်ဆိုတော့ မင့်အပါးတစ်ယောက်ထဲ မဖြစ်ချေဘူးဆိုပီး မင့်ဘကြီးက ဝင်အားဖြည့်ထားတာ၊ သို့ပေမယ့် မဆိုခင်ရက်ပိုင်းမှာမှ ရွေးကောက်ပွဲဝင်မယ့် တို့ပြည်ခိုင်ဖြိုးက လမ်းဝင်ခင်းသွားတော့ မင်းအပါး မဆိုလိုက်ရရှာဘူးလေ၊ မင့်အပါးက မင့်ကိုသေချာမှ မရှင်းပြ တာကိုး၊ အေး... သူလဲ ချယ့်လိုဂီတကို စိတ်ကုန်နေမှာပေါ့လေ...။



“ဒီတော့ သားစဉ်းစားနော်၊ အခုခေတ်ကြီးရဲ့ ဂီတမှာက formula ရှိတယ်သား၊ နံပါတ်တစ်အနေ နဲ့အဖေ သို့မဟုတ် အမေက အဆိုတော်ဖြစ်ရမယ်၊ မင်းအဖေကို အဆိုတော်လို့ မသတ်မှတ်နဲ့နော်.၊ သူကလမ်း ဖြစ်မြောက်ရေး ဥက္ကဋ္ဌ။ ကဲမင်းနဲ့ မကိုက်ဘူးလေ၊ နံပါတ်နှစ် အနေနဲ့ မင်းကပညာရေးမှာ ဆရာဝန်၊ ဒါမှမဟုတ် အင်ဂျီနီယာ လောက်ဖြစ်ရမယ်၊ ဒါလည်း မကိုက်ပြန်ဘူး၊ နောက်တိုင်းရင်းသားဖြစ်ရမယ်၊ တောင်ပေါ်ကို ပြောတာနော်...၊ သွားပြန်ပီနော်...။ နောက် စကားပီလို့ မရဘူး၊ မပီမတ... အဲလေ.. မပီမသ လေးဆိုမှ အခုက လက်ခံတာ။ ဖြစ်နိုင်ရင် မျက်လုံးလေး တစ်လုံးလောက်တော့ မသိမသာလေး ပယ်နေရမယ်၊ စွေနေရမယ်ကွယ်။ မင်းနဲ့မဖြစ်ပြန်ဘူး။ နောက် နာမည်ရှေ့မှာ မင်းဘကြီး R ကူးမားလို အင်္ဂလိပ်စာလုံး L,R,J,S တစ်ခုခု ပါရမယ်။ ဟူး.... မောလိုက်တာကွယ်...။ အဲဒါ ဂီတ FORMULA ပဲသားရေ။ မင်းနဲ့ဘာမှကို မကိုက်ဘူးဟ...။ ” ဘတ်သီး တော်တော်စိတ်ဓာတ် ကျသွားပီး လေသံပျော့ပျော့ လေးနဲ့ “ချယ်ရယ် .. ချယ်ပြောသလို လူကိုသာ ပုံဖော်ရင် ဘာပုံကြီး ထွက်လာမှန်းကို မသိတော့ဘူး။ ရေမလာဝင်းတို့ မေလေးတို့ နောက်နိုင်ငံကျော်ဒိုင်တွေနဲ့ တွေ့ရမယ့် အခွင့်အရေး ဆိုတော့သားက လက်မလွတ်ချင်ဘူးလေ..။ ချယ်ကသားကို ပြောတာ ဟိုလေ ရစရာကို မရှိတော့ ဘူး..။” “ကဲ... ကြည့်ကြည့်.. အခုချယ်ပြောတာကိုတောင် သားကမခံနိုင်ဘူး။ တစ်ကယ်ဝင်ပြိုင်ရင်လေ ဟိုက မင်းကို သီချင်းရွေးတာကို ဝေဖန်မယ်။ ကိုယ်နဲ့လိုက်မယ့် သီချင်းရွေးဖို့ ပြောမှာ..။ ဒါဆိုသားရေ ဟို DOOM DOOM ဆိုတဲ့ ကားထဲကသီချင်းကိုရွေးကွယ်။ အဲဒီထဲက မင်းသားလေး သီချင်းဆိုရင်း လက်မောင်းတွေ ကြွက်သားတွေ လှုပ်ပြသွားတာကို ချယ်ဖြင့် သိပ်အသဲယားတာပဲ။ အဲ... ဆက်ပြောမယ်နော် ပြီးရင် မင်းကို EXPRESSION ယိုင်တယ်ပြိုင်တယ် ဆိုပြီး ဟိုဆွယ်တာဝတ် ကဗျာဆရာဆရာလေး မောင်လွမ်းဝေ ကပြောမှာ။ အဝင်းတို့အမေကလည်း PITCH ကယိုင်တယ်၊ VOCAL RANGE ကအကျယ်ကြီး ဖြစ်နေတယ်တို့ ဆိုပီး E လိုပဲ မှုတ်မှာကွ။ အဲလို မင်းမကောင်းကြောင်း ပြောတာကို မင်းကပြုံးပီး နားထောင်နေတာကို TV ကလွင့်ပေးဦးမှာ။ ဒီခေတ်က လမ်းတွေကို အဘတို့ပဲ ခင်းပေးနေတော့ မင်းကိုခဲနှင့်ပစ်မှာ မဟုတ်ဘူး.၊ ဗုံးနဲ့ကို ပစ်မှာ..။ မင်းတောင်မသိတဲ့ မင်းရဲ့အသုံးမကျမှု့တွေကို ပြောမှ စိတ်ဓာတ်တွေကျပီး လူညွန့်တုံးမယ့် ကိစ္စကို မလုပ်ချင် စမ်းပါနဲ့သားရယ်။ မင်းနိုင်ငံကျော်ချင်တယ် အောင်မြင်ချင်တယ် ဆိုရင်တော့ ချယ့်လို ဒန်လိုင်းကို လိုက်ကြည့်ပါ လားသားရယ်....။ ချယ်လဲအရင်က အဆိုလိုင်းကို အရမ်းဝါသနာကြီးတာ။ ဒါပေမယ့် တစ်နေ့တော့လေ ........ [အို... ပန်းချစ် ငါဘာလို့ အတိတ်တွေကို ပြန်တွေးနေရတာလဲ......]။ ထားပါ သားရယ်.. ဒီလိုနဲ့ ချယ်တောင် ဒန်လာခဲ့တာ.. ဗမာပြည်မှာ အားမရလို့ တိုင်းတစ်ပါးထိသွား ဒန်ခဲ့တာလေ။ ဒီတော့ သားလဲ ဒန်ကိုလေ့လာ ကြည့်ပါ။ မသိရင် ချယ့်ကိုမေး ဒီလိုပဲ အာရ.. အဲလေ.. ရှင်းပြရတာပေါ့ကွယ်။...နော်...။” တွေ့လား ဆရာမလေးကလေ ဆံပင်လေးသတ်လိုက် မျက်စလေးချီလိုက်နဲ့ ရှင်းပြတာ၊ တစ်ဖတ်သားကို စေတနာထား လမ်းညွှန်တာ။ ဒါကြောင့် သိပ်ခေတ်မှီ၊ သိပ်တော်တာလို့ ဦးမူရမ်းတီးကပြောတာ။ တို့ကောင် ဘတ်သီးဆိုတာ တိမ်းလွယ်၊ ညွတ်လွယ်ပါတယ်ဆို....။ MELODY ကိုချက်ချင်းမေ့လို့ ဒန်တော့မယ်တဲ့။



ဒီလိုနဲ့ပဲ ဆရာမလေးပေးလိုက်တဲ့ သူ့ရဲ့ဒန်ကဗျာစာအုပ်လေးတွေ ပိုက်လို့ဘတ်သီးတစ်ယောက် တုန်တုန်တုန်တုန် နဲ့အိမ်ပြန်လာပီပေါ့ဗျာ။ အမှတ်သညာ သိပ်ကြီးတဲ့ကောင်ဆိုတော့ ဆရာမလေးပြောလိုက်တဲ့ မော်ဒန်သီအိုရီလေးတွေ တတွတ်တွတ် ရွတ်လို့ ချက်ချင်းကို ဒန်ကဗျာတစ်ပုတ် စပ်လာတာပေါ့ဗျာ.....။



ငါ့ရင်မှာ အငုတ်လေးတွေ များစွာကို ကိုယ်ဝန်ဆောင်ထားရပီး

ဘာရောဂါမှန်း မသိ မိုးလင်းမိုးချုပ် တစ်ကုပ်ကုပ်နဲ့

မိုးကုပ်စက်ဝိုင်းမှာ တိမ်ထူနေတုန်း

ဆရာမရဲ့ လက်အစုံနဲ့ ရင်ကိုဖြဲလို့

အငံံ့လေးတွေ မွေးဖွားခွင့် ပြုပါ.............။



A KA

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ

ပဉ္စမကမ္ဘာရဲ့ ပထမနတ်ဆိုး

ရင်သို့တိုးဝင်လောင်မြိုက်သောအရာများကို  မြတ်နိုးစွာ ရင်၌ဋ္ဌာပနာမိသောအခါ ဘဝပြဋ္ဌာန်းချက်မှ ပညတ်တော်များ တာကျိုးသွားခဲ့ရတယ်။  ကြိုးတွေထဲကလွင့်ကျလာတဲ့ အက္ခရာများစွာရဲ့ ပြုစားခြင်းကိုခံခဲ့ရတယ်။  ငါပြောဖူးသလို မင်းကြားဖူးမယ့် ကျောက်စာများကို ထွင်းကြည့်ခွင့်မရှိတော့ရင် ငါသောက်မယ့်ခွက်ထဲ မိုးခါးတွေရွာချမယ်.....  လေတိုက်စားထားတဲ့ကတိတွေ  ရိုင်းစိုင်းတဲ့ မောဟတွေ  သွေးထဲကို ပြတ်ရွေ့ကြောလိုစီးမယ်။  အလင်းတွေဆိတ်သုန်း  ဘဝတွေ တလုံးပြီးတလုံး နွံနှစ်ချိန်  ဒယီးဒယိုင်နဲ့တမ်းတမိတယ်။  ကန္တာရထဲက လတစ်စင်းကိုမှ ဒီရေဖုံးသွားတော့....  အစဉ်အလာအတိုင်း ပထမမြစ်ကျဉ်းမှာတင် သောင်တင်သွားခဲ့ရတယ်။ ငါလာရာလမ်းတလျောက် လင်းခဲ့ဖူးတဲ့ တံလျှပ်တွေကို မိုင်ပေါင်းများစွာက ခိုးယူလိမ့်မယ်။  လေပြေတွေသယ်ဆောင်လာမယ့် မင်းရဲ့ ညနေခင်းပေါင်းများစွာကို  တွယ်ညှိရင်း ဘဝရဲ့ လက်ကျန်မနက်ဖြန်များအတွက် ဒီနေ့ကိုမီးတင် ရှို့လိုက်မယ်။  ဘဝရဲ့သောင်ပြင်မှာ  အလွမ်းတွေ အပုတ်အခတ် များလာပေမယ့်  ငါ့ပင်လယ်ဟာ.... အကြံကုန်နေတဲ့ ဂဌုန်တောင် ဆားမချက်ခဲ့ ပါဘူး။  A KA