မရူးချင်ပါနဲ့ မင်းပြောရင် ဘယ်တော့မှ.... လိုက်နာမယ်။
မြင်နေတဲ့ မျက်လုံးတွေကို မဖောက်ရဲ... ထင်နေတဲ့ ရင်ပေါ်က ခပ်ဖွဖွခြေရာတွေကို မဖျက်ရက်လို့ .............. အိပ်တန်းဝင်ငှက်တွေနဲ့ ပျံသန်းလာမယ့် အိမ်မက်ရိုင်းတွေကို ရင်မှာနားခွင့်ပြုခဲ့ရတယ်။
မင်းအတွက်ငါဟာ ပြက္ခဒိန်လှန်ဖို့နောက်ကျခဲ့ပြီဆို........
နာရီတွေကို သံပတ်ပေးခွင့်မရှိတော့ဘူးဆိုရင်...
နောက်ဘဝသစ် တမျက်နှာမှာ ဆားမပါတဲ့ ပင်လယ်တစ်စင်း...... ရွက်ကြမ်းရေကျိုမျော်လင့်ချက်တစ်ချို့ရယ် ပယောဂကင်းတဲ့ မင်းနှုတ်ခမ်းလေးရယ် ကြိုဆိုမှပဲ လောကထဲ ကိုဝင်တော့မယ်။
ဒါဟာသံသရာတလျောက် ပထမဆုံး ရွတ်တဲ့ ကဗျာလေးတစ်ပုဒ် ပါ.............
ဘယ်သူမှနောက်မကျဘူး နေဝင်ချိန်ကစောတာဆိုပေမယ့် နေမထွက်ခဲ့တဲ့ဘဝမှာ ညောင်ဦးကမ်းပါးပြိုတိုင်း ငါပါသွားရတယ်။
အခုထိတော့ ငါ့အတွက်မဟုတ်တဲ့ အပြုံးကလွဲလို့ ဗလာဆန်ဆန် ရင်ခုန်နေတုန်းပါပဲ.......................................
Comments
Post a Comment