Skip to main content

အပင်းသွင်းခံရတဲ့ ည


ကောင်မလေးရေ သေနိုင်တဲ့လက်နက်စာရင်းမှာ မင်းအပြုံးကို တင်သွင်းမယ်။
မရူးချင်ပါနဲ့ မင်းပြောရင် ဘယ်တော့မှ.... လိုက်နာမယ်။ 
မြင်နေတဲ့ မျက်လုံးတွေကို မဖောက်ရဲ... ထင်နေတဲ့ ရင်ပေါ်က ခပ်ဖွဖွခြေရာတွေကို မဖျက်ရက်လို့ .............. အိပ်တန်းဝင်ငှက်တွေနဲ့ ပျံသန်းလာမယ့် အိမ်မက်ရိုင်းတွေကို ရင်မှာနားခွင့်ပြုခဲ့ရတယ်။ 
မင်းအတွက်ငါဟာ ပြက္ခဒိန်လှန်ဖို့နောက်ကျခဲ့ပြီဆို........ 
နာရီတွေကို သံပတ်ပေးခွင့်မရှိတော့ဘူးဆိုရင်... 
နောက်ဘဝသစ် တမျက်နှာမှာ ဆားမပါတဲ့ ပင်လယ်တစ်စင်း...... ရွက်ကြမ်းရေကျိုမျော်လင့်ချက်တစ်ချို့ရယ် ပယောဂကင်းတဲ့ မင်းနှုတ်ခမ်းလေးရယ် ကြိုဆိုမှပဲ လောကထဲ ကိုဝင်တော့မယ်။ 
ဒါဟာသံသရာတလျောက် ပထမဆုံး ရွတ်တဲ့ ကဗျာလေးတစ်ပုဒ် ပါ............. 
ဘယ်သူမှနောက်မကျဘူး နေဝင်ချိန်ကစောတာဆိုပေမယ့် နေမထွက်ခဲ့တဲ့ဘဝမှာ ညောင်ဦးကမ်းပါးပြိုတိုင်း ငါပါသွားရတယ်။ 
အခုထိတော့ ငါ့အတွက်မဟုတ်တဲ့ အပြုံးကလွဲလို့ ဗလာဆန်ဆန် ရင်ခုန်နေတုန်းပါပဲ.......................................

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။