မြတ်နိုးစွာ ရင်၌ဋ္ဌာပနာမိသောအခါ
ဘဝပြဋ္ဌာန်းချက်မှ ပညတ်တော်များ တာကျိုးသွားခဲ့ရတယ်။
ကြိုးတွေထဲကလွင့်ကျလာတဲ့ အက္ခရာများစွာရဲ့ ပြုစားခြင်းကိုခံခဲ့ရတယ်။
ငါပြောဖူးသလို မင်းကြားဖူးမယ့် ကျောက်စာများကို ထွင်းကြည့်ခွင့်မရှိတော့ရင်
ငါသောက်မယ့်ခွက်ထဲ မိုးခါးတွေရွာချမယ်.....
လေတိုက်စားထားတဲ့ကတိတွေ
ရိုင်းစိုင်းတဲ့ မောဟတွေ
သွေးထဲကို ပြတ်ရွေ့ကြောလိုစီးမယ်။
အလင်းတွေဆိတ်သုန်း
ဘဝတွေ တလုံးပြီးတလုံး နွံနှစ်ချိန်
ဒယီးဒယိုင်နဲ့တမ်းတမိတယ်။
ကန္တာရထဲက လတစ်စင်းကိုမှ ဒီရေဖုံးသွားတော့....
အစဉ်အလာအတိုင်း ပထမမြစ်ကျဉ်းမှာတင် သောင်တင်သွားခဲ့ရတယ်။
ငါလာရာလမ်းတလျောက် လင်းခဲ့ဖူးတဲ့ တံလျှပ်တွေကို မိုင်ပေါင်းများစွာက ခိုးယူလိမ့်မယ်။
လေပြေတွေသယ်ဆောင်လာမယ့် မင်းရဲ့ ညနေခင်းပေါင်းများစွာကို
တွယ်ညှိရင်း ဘဝရဲ့ လက်ကျန်မနက်ဖြန်များအတွက် ဒီနေ့ကိုမီးတင် ရှို့လိုက်မယ်။
ဘဝရဲ့သောင်ပြင်မှာ
အလွမ်းတွေ အပုတ်အခတ် များလာပေမယ့်
ငါ့ပင်လယ်ဟာ.... အကြံကုန်နေတဲ့ ဂဌုန်တောင် ဆားမချက်ခဲ့ ပါဘူး။
A KA
Comments
Post a Comment