Skip to main content

Potato Soup for The Soul


တိုက်ချင်တာကတော့ ကြက်စွပ်ပြုတ်ပေါ့လေ၊ ငပျင်းကလဲ အမြဲပိုက်ပိုက် ပြတ်နေတာဆိုတော့ အာလူးစွပ်ပြုတ်လေးပဲတတ်နိုင်တယ်။ ကြိုက်သလောက် သောက်ကြပါ။ အခမဲ့ပါ ။ သူများတွေကိုလဲတိုက်နိုင်ပါတယ်။

နှလုံးသားအဟာရ (၁)

ရွှေယုန် နဲ့ ရွှေကျား

ပုံပြင်လေးတပုဒ်ပါ၊အားလုံးလဲ ကြားဖူးကြမယ် ထင်ပါတယ်။ ဟိုးရှေးရှေးတုန်းက ရွှေယုန် နဲ့ ရွှေကျား တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အတူသွား အတူစားနေကြတာပေါ့ကွယ်။ ဒီလိုနေလာရင်းနဲ့တနေ့မှာ သူတို့နေတဲ့အိမ်ကလေးမှာ မိုးယိုတာကြောင့် အိမ်မိုးဖို့ သက်ကယ်လိုလာပေါ့ကွယ်၊ ဒါနဲ့ ရွှေယုန် နဲ့ ရွှေကျား တို့ဟာ သက်ကယ်ရိတ်ဖို့ တောထဲကိုသွားရတာပေါ့။ စားစရာတွေလဲ တပါတည်း ယူလာသတဲ့၊

 ဒီလိုနဲ့ တောထဲရောက်လို့ သက်ကယ်ရိတ်ကြတော့ ရွှေယုန်က အရိပ်ထဲမှာထိုင်ပြီး ရွှေကျား သက်ကယ်ရိတ်နေတာ ကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဆရာ လုပ်နေတာပေါ့၊ နေလဲ မြင့်လာ၊ ရိတ်ထားတဲ့ သက်ကယ်တွေလဲ တော်တော်ရလာတော့ ပါလာတဲ့ စားစရာတွေ စားကြရအောင်လို့ သက်ကယ်ရိတ်ရလို့ ပင်ပန်းနေတဲ့ ရွှေကျားက ပြောတော့ ရွှေယုန်က အင်း စားတာပေါ့ ၊ဒါပေမယ့် စားပြီးရင် သောက်ဖို့ ရေသွားခပ်ချေ လို့ပြောတော့ ရွှေကျားကလဲ စဉ်းစားတယ်  အင်း.. အရင်ပုံပြင်တွေမှာလဲ ငါပဲ ခံရတာ၊ ဒီတခါတော့ ငါ့အလှည့်ပဲလို့ တွေးသတဲ့။

 ဒီလိုနဲ့ ရွှေကျား ရေသွားခပ်တာပေါ့၊ ရွှေကျားသွားတာနဲ့ ယူလာတဲ့ စားစရာတွေအကုန်လုံးကို ရွှေယုန်က စားလိုက်ပါရောတဲ့ကွယ်။ ဆာဆာနဲ့ရေသွားခပ်ပြီးပြန်လာတဲ့ ရွှေကျားက စားစရာတွေ မတွေ့လို့မေးတော့ ရွှေယုန်က ငါဗိုက်ဆာလို့ အားလုံးစားလိုက်ပြီ၊မင်းက တုံးတာကိုးကွ၊ နောက်ကျတဲ့သူ ခံပေါ့ကွာ လို့ပြန်ဖြေသတဲ့။ အဲဒီတော့ ရွှေကျားက အေး.. ငါကတုံးတယ်၊ မင်းလုပ်သမျှ အမြဲငါခံရတယ် ဒါပေမယ့် ဒီတခါတော့ ငါ့အလှည့်ပဲ လို့ ပြောပြီး ရွှေယုန်ကို တချက်တည်း ကိုက်စားလိုက်ပါရောတဲ့ကွယ်...။
ပြီးပါပြီ ပုံပြင်လေးက။

သင်ခန်းစာ။   ။     ယုန်ကိုမစားခင် အစာဝအောင်ကျွေးပါ။
P.s။ ။ ခပ်လာတဲ့ရေကို ရွှေကျားက အကုန်သောက်လိုက်ပါသတဲ့။

                                                ++++++++++++++                

နှလုံးသားအဟာရ (၂)

ငါ့ထန်းလျက်ခဲကို ဘယ်သူခိုးသလဲ ?

ဒါလဲ ပုံပြင်လေးပါပဲ။တခါတုန်းကပေါ့ကွယ်.. ဘာဆို ဘာမှ မရှိတဲ့တွင်းလေး တစ်တွင်းထဲမှာ ဒိန်ဒိန် နဲ့ ဗြုတ်ဗြုတ် ဆိုတဲ့ လူပိစိကွေးလေး နှစ်ယောက်ရယ် နှာနီ နဲ့ ဖွန်ဖွန် ဆိုတဲ့ ကြွက်ကလေး နှစ်ကောင်ရယ်နေကြသတဲ့။ သူတို့နေတဲ့ တွင်းလေးမှာ အဲဒီ နှစ်ယောက် နဲ့ နှစ်ကောင် ဟာ အငတ်ငတ် အပြတ်ပြတ် နေကြရတာပေါ့။သူတို့ထဲမှာ ဗြုတ်ဗြုတ် က နည်းနည်း အမြော်အမြင် ရှိသတဲ့။ ဒိန်ဒိန်ကတော့ ဗြုတ်ဗြုတ် ပြောသမျှ အကုန်လိုက်လုပ်သတဲ့။ ကြွက်ကလေးနှစ်ကောင်ကတော့ နှာခေါင်းလေး မြှောက်မြှောက်ပြီး အနံ့ခံလိုက်၊ တွေ့သမျှကို စားဖို့လောက်ပဲ သိတဲ့ကောင်တွေပေါ့။

တနေ့မှာ  ဗြုတ်ဗြုတ်က ' ငါတို့ ဒီလိုနေလို့တော့မဖြစ်ဘူး၊ တနေ့တနေ့ စားဖို့ ပင်ပင်ပန်းပန်း နဲ့ရှာနေရတာ။ ဒီတခါ တကြိမ်ရှာထားပြီး ကြာကြာစားလို့ရအောင် ရှာရမယ်၊ သိမ်းထားသင့်တာကို သိမ်းထားရမယ်၊ တခါတည်း အကုန်စားလို့ မဖြစ်ဘူးလို့ တွေးတွေးဆဆ ပြောသတဲ့။ ဒိန်ဒိန် ကတော့ ပြောသမျှ ခေါင်းညိတ်ပြီး ဟုတ်တယ်ဟုတ်တယ် လို့ထောက်ခံနေတာပေါ့။ ကြွက်ကလေးနှစ်ကောင်ကတော့  ဗြုတ်ဗြုတ် ပြောတာတွေနားမလည်ပဲ မနေ့က ကျန်တဲ့ ငါးအမြီးရိုးလေးကို သူကိုက်မယ် ငါကိုက်မယ်နဲ့လုနေကြသတဲ့။

ဒီလိုနဲ့  ဗြုတ်ဗြုတ်အစီအစဉ်နဲ့ သူတို့လေးယောက်ဟာအစာရှာထွက်ကြတာပေါ့။ ရရှိလာမယ့် အစာတွေကိုတွေးပြီး ဒိန်ဒိန် နဲ့   ဗြုတ်ဗြုတ်ကတော့ ခြေလှမ်းတွေ သွက်နေကြတာပေါ့။ ကြွက်ကလေး နှစ်ကောင်ကတော့ နှာခေါင်းလေး မော့ပြီး အနံ့ခံလိုက် တွင်းနံရံတွေကို ကိုက်ဖဲ့လိုက်နဲ့ အနောက်မှာ ကျန်နေခဲ့တာပေါ့ကွယ်။ လျှောက်သွားနေရင်းနဲ့ တနေရာအရောက်မှာ ဒိန်ဒိန် နဲ့  ဗြုတ်ဗြုတ် ဟာ ထန်းလျက်ခဲ တလုံးကို တွေ့ပါလေရောတဲ့ကွယ်၊ ဒိန်ဒိန် နဲ့  ဗြုတ်ဗြုတ်ဟာ သူတို့ရဲ့ မဟာစီမံကိန်းကြီးဟာ အစမှာတင် အောင်မြင်မှုရတာ ပျော်လွန်းလို့ တယောက်ကို တယောက် ဖက်ပြီးကကြသတဲ့၊ နောက်တော့   ဗြုတ်ဗြုတ်က သူဘယ်လို စိတ်ကူးကောင်းလို့ ဒီထန်းလျက်ခဲကို ရှာတွေ့တာဖြစ်ကြောင်း၊ ဒီလိုစိတ်ကူးရဖို့ ဘယ်လိုစဉ်းစားခဲ့ရကြောင်း၊ အခုရလာတဲ့ ထန်းလျက်ခဲကို မည်သို့မည်ပုံ ခွဲခြမ်းစိတ်ဖြာသိမ်းစည်း စားသောက်ကြမည်ဖြစ်ကြောင်း ဒိန်ဒိန်ကို တတွတ်တွတ်နဲ့ ရှင်းပြနေတာပေါ့ကွယ်။

သူက အဲဒီလိုရှင်းပြနေချိန်မှာ နှာနီ နဲ့ ဖွန်ဖွန် တို့ကြွက်ကလေး နှစ်ကောင် ရောက်လာပြီး ထန်းလျက်ခဲကို လုစားနေကြတာပေါ့ကွယ်။   ဗြုတ်ဗြုတ်ကတော့ အနာဂတ် စီမံကိန်းတွေကို ရှင်းပြလို့ကောင်းနေတုန်း၊ ဒိန်ဒိန် ကလဲ ခေါင်းလေးညိတ့်ညိတ်ပြီး သဘောတွေကျနေတာပေါ့ကွယ်။  ဗြုတ်ဗြုတ်က ရှင်းပြလို့ မောတော့မှ သူတို့ရဲ့ အောင်မြင်မှု ထန်းလျက်ခဲကြီးကို သူတို့နေထိုင်ရာ တွင်းကို သယ်သွားမလို့ ကြည့်လိုက်တော့ ကြွက်နှစ်ကောင် စားလိုက်လို့ ထန်းလျက်ခဲကြီးဟာ အမှုန်တောင် မကျန်တော့ဘူးတဲ့။ နှာနီဆို သူ့လက်မှာ ကပ်နေတဲ့ ထန်းလျက်အမှုန်တွေကိုတောင် ပြန်လျက်နေပြီတဲ့ကွယ်။ ဒါပါပဲ ပုံပြင်လေးက။ ။

သင်ခန်းစာ။   ။  ထန်းလျက်ခဲကို ကြွက်မစားခင် ကုန်အောင်စားပါ။

မှတ်ချက်။  ။ ကမ္ဘာကျော် စာရေးဆရာကြီး   Sir J.N Ngapyin  ၏  Soup for you စာအုပ်မှ ကောက်နှုတ်၍ ငပျင်းလေးက ဝေမျှပါသည်။

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ

ပဉ္စမကမ္ဘာရဲ့ ပထမနတ်ဆိုး

ရင်သို့တိုးဝင်လောင်မြိုက်သောအရာများကို  မြတ်နိုးစွာ ရင်၌ဋ္ဌာပနာမိသောအခါ ဘဝပြဋ္ဌာန်းချက်မှ ပညတ်တော်များ တာကျိုးသွားခဲ့ရတယ်။  ကြိုးတွေထဲကလွင့်ကျလာတဲ့ အက္ခရာများစွာရဲ့ ပြုစားခြင်းကိုခံခဲ့ရတယ်။  ငါပြောဖူးသလို မင်းကြားဖူးမယ့် ကျောက်စာများကို ထွင်းကြည့်ခွင့်မရှိတော့ရင် ငါသောက်မယ့်ခွက်ထဲ မိုးခါးတွေရွာချမယ်.....  လေတိုက်စားထားတဲ့ကတိတွေ  ရိုင်းစိုင်းတဲ့ မောဟတွေ  သွေးထဲကို ပြတ်ရွေ့ကြောလိုစီးမယ်။  အလင်းတွေဆိတ်သုန်း  ဘဝတွေ တလုံးပြီးတလုံး နွံနှစ်ချိန်  ဒယီးဒယိုင်နဲ့တမ်းတမိတယ်။  ကန္တာရထဲက လတစ်စင်းကိုမှ ဒီရေဖုံးသွားတော့....  အစဉ်အလာအတိုင်း ပထမမြစ်ကျဉ်းမှာတင် သောင်တင်သွားခဲ့ရတယ်။ ငါလာရာလမ်းတလျောက် လင်းခဲ့ဖူးတဲ့ တံလျှပ်တွေကို မိုင်ပေါင်းများစွာက ခိုးယူလိမ့်မယ်။  လေပြေတွေသယ်ဆောင်လာမယ့် မင်းရဲ့ ညနေခင်းပေါင်းများစွာကို  တွယ်ညှိရင်း ဘဝရဲ့ လက်ကျန်မနက်ဖြန်များအတွက် ဒီနေ့ကိုမီးတင် ရှို့လိုက်မယ်။  ဘဝရဲ့သောင်ပြင်မှာ  အလွမ်းတွေ အပုတ်အခတ် များလာပေမယ့်  ငါ့ပင်လယ်ဟာ.... အကြံကုန်နေတဲ့ ဂဌုန်တောင် ဆားမချက်ခဲ့ ပါဘူး။  A KA

မော်ဒန်လမ်းကို စလျှောက်ခြင်း.....

အခုတစ်လော ဘတ်သီး[ခေါ်] ညီညီထက် တစ်ယောက်တော်တော်ကို ဂယောက်ဂယက် ဖြစ်နေတာ။ အလုပ်မရှိ အကိုင်မရှိ.. အဲလေ အဲဒါတော့ ရှိတယ်.စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ ငြိမ်နေလို့ကို မရတာ။ အဲဒီ ဘတ်သီးဆိုတဲ့ကောင်က သိပ်ညွတ်လွယ် တိမ်းလွယ်တဲ့ကောင်။ ဘယ်လိုပြောမလဲ စစ်ကားတွေ ကြည့်ပီးပီဆို စစ်သားသိပ် ဖြစ်ချင်တာ။ အရင်ခေတ်က အခုလို တရုတ်ဖြစ်ကော်သေနပ်တွေ မရှိတော့ ဝါးခြမ်း ပြားလေးထဲ ဓာတ်ခဲအဟောင်းလေးတွေ စီထည့် သေနပ်ပေါ့နော်..။ အဲဒါလေးလွယ်ပီး ခြံထဲလျှောက်သွားနေ တာ။ ပီးရုတ်တရက် သေနပ်ကိုဖြုတ် ဘေးကအပင်ကို ပြေးကပ်လိုက်တယ်။ ခေါင်းကို တစ်ဖြည်းဖြည်းရှေ့ကို ထုတ်လို့ ချောင်းသေးတာ..။ နောက် ပါးစပ်ကနေ မောင်းတင်သလို ချက်ကလောက် ဆိုပီးအော်တယ်။ ကြည့် သိပ်တိကျတာ။ ချက်ဆိုတာက မောင်းကိုဆွဲတာ.. ကလောက်က ကျည်ဝင်သွားတဲ့ အသံနော်..။ ပီးတာနဲ့... ပစ်တယ်.... ဒ ရှို့.... အေးမရေးတက်ဘူး။ သူက ကုလားလို ပစ်တာကိုး...။ တစ်ခါတစ်လေ အသံနက်ကြီးနဲ့ ဗိုလ်ဗြုတ်ကြီး တဲ့ဟေ့.... မဆိုင်သူ မကပ်နဲ့ကွ.... ညည်းတို့ ယောင်္ကျားတွေ မုဆိုးဖို ဖြစ်သွားမယ်...ဟေး။ ဒရှို့...ဒရှို့....ကြည့်... လုပ်ပီ အော်ပုံကိုက မုဆိုးဖိုတွေစု ရွာတည်ပီး သူကြီးလုပ်မလို့လားဟင်.....။ ကန်ကလေး မူရမ်းတီး န